[Zawgyi]

ျမန္မာႏိုင္ငံကိုယ္အဂၤါမသန္စြမ္းသူမ်ားအသင္း တည္ေထာင္ျခင္း(၁၆)ႏွစ္ျပည့္ ဂီတရန္ပုံေငြပြဲျပဳလုပ္မယ္

တတိယအႀကိမ္ေျမာက္ျပဳလုပ္မယ့္ ျမန္မာႏိုင္ငံကိုယ္အဂၤါမသန္စြမ္းသူမ်ားအသင္းတည္ေထာင္ျခင္း (၁၆)ႏွစ္ျပည့္အထိမ္းအမွတ္အေနနဲ႔ ရန္ပံုေငြဂီတေဖ်ာ္ေျဖပြဲကို ေဖေဖာ္ဝါရီ ၁၇ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၊ ၿမိဳ႕မေက်ာင္းလမ္းရွိ အမ်ိဳးသားကဇာတ္ရံုမွာ က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။

ဒီရန္ပံုေငြေဖ်ာ္ေျဖပြဲမွာ အဆိုေတာ္မ်ားျဖစ္ၾကတဲ့ စိန္ဝင္းထြန္း၊ ဂ်က္ျမေသာင္း၊ ေဇာ္ဝင္းထြဋ္၊ ေစာဖိုးခြါး၊ ေဝဠဳေက်ာ္၊ ခ်ဳိျပံဳး၊ တကၠသိုလ္လဲ့လဲ့၊ ေမဆြိ၊ မီမီဝင္းေဖ၊ ေမခလာ၊ ခ်စ္သုေဝ၊ မိုင္၊ ရတနာမိုင္၊ ပြင့္၊ အိအိခြၽန္၊ စိုးစႏၵာထြန္း၊ ေရႊရည္သိန္းတန္၊ သီရိသိန္းတန္၊ သဲႏုဝါနဲ႔ အျခားအဆိုေတာ္မ်ားစြာက ပါဝင္ကူညီသီဆိုေပးသြားၾကမွာျဖစ္ၿပီး၊ ရန္္ပံုေငြေဖ်ာ္ေျဖပြဲမွရရွိလာမယ့္ အက်ိဳးအျမတ္မ်ားကို ျမန္မာႏိုင္ငံကိုယ္အဂၤါမသန္စြမ္းသူမ်ားအဖြဲ႔ပါင္း ၃၂ ဖြဲ႔ရဲ႕ လိုအပ္တဲ့ပညာေရးက႑၊ က်န္းမာေရး၊ အေထာက္အကူျပဳကိရိယာပစၥည္းမ်ားကို လွဴဒါန္းသြားမွာျဖစ္ပါတယ္။

တတိယအႀကိမ္ေျမာက္ ရန္ပံုေငြပြဲက်င္းပရတဲ့အေပၚကို ျမန္မာႏိုင္ငံကိုယ္အဂၤါမသန္စြမ္းသူမ်ားအသင္းအေထြေထြအတြင္းေရးမွဴး ဦးေအးကိုကိုက ”ကြၽန္ေတာ္တို႔ အခုပြဲေလးကိုလုပ္ျဖစ္ခဲ့တာ ဒီအႀကိမ္နဲ႔ဆို သံုးႀကိမ္ရွိပါၿပီ။ ကြၽန္ေတာ္တို႔ ဒီလိုပြဲေလးလုပ္ရတာ အသင္းမွာ ရန္ပုံေငြလိုအပ္ေနလို႔ပါ။ အားလံုးသိၾကတဲ့အတိုင္းပါပဲ အသင္းမွာလိုအပ္တဲ့အရာေတြကမ်ားတယ္။ ေထာက္ပံ့ကူညီေပးရမယ့္အရာေတြလည္း အမ်ားႀကီးရွိေနပါတယ္။ ဒါေၾကာင့္ ဒီရန္ပံုေငြပြဲေတြကို က်င္းပရတာျဖစ္ပါတယ္” လို႔ ဆိုပါတယ္။

ဒီရန္ပံုေငြေဖ်ာ္ေျဖပြဲရဲ႕လက္မွတ္ေစ်းႏႈန္းမ်ားမွာ ၂ဝဝဝဝ၊ ၁ဝဝဝဝ၊ ၅ဝဝဝ က်ပ္ျဖစ္ကာ ဝယ္ယူအားေပးလိုတဲ့သူေတြအေနနဲ႔ မန္းသီရိေတးသံသြင္း၊ ျမန္မာႏိုင္ငံကိုယ္အဂၤါမသန္စြမ္းသူမ်ားအသင္းမွာ ဝယ္ယူအားေပးႏိုင္ပါတယ္။

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း တည်ထောင်ခြင်း(၁၆)နှစ်ပြည့် ဂီတရန်ပုံငွေပွဲပြုလုပ်မယ်

တတိယအကြိမ်မြောက်ပြုလုပ်မယ့် မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းတည်ထောင်ခြင်း (၁၆)နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ရန်ပုံငွေဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီရန်ပုံငွေဖျော်ဖြေပွဲမှာ အဆိုတော်များဖြစ်ကြတဲ့ စိန်ဝင်းထွန်း၊ ဂျက်မြသောင်း၊ ဇော်ဝင်းထွဋ်၊ စောဖိုးခွါး၊ ဝေဠုကျော်၊ ချိုပြုံး၊ တက္ကသိုလ်လဲ့လဲ့၊ မေဆွိ၊ မီမီဝင်းဖေ၊ မေခလာ၊ ချစ်သုဝေ၊ မိုင်၊ ရတနာမိုင်၊ ပွင့်၊ အိအိချွန်၊ စိုးစန္ဒာထွန်း၊ ရွှေရည်သိန်းတန်၊ သီရိသိန်းတန်၊ သဲနုဝါနဲ့ အခြားအဆိုတော်များစွာက ပါဝင်ကူညီသီဆိုပေးသွားကြမှာဖြစ်ပြီး၊ ရန်ပုံငွေဖျော်ဖြေပွဲမှရရှိလာမယ့် အကျိုးအမြတ်များကို မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအဖွဲ့ပါင်း ၃၂ ဖွဲ့ရဲ့ လိုအပ်တဲ့ပညာရေးကဏ္ဍ၊ ကျန်းမာရေး၊ အထောက်အကူပြုကိရိယာပစ္စည်းများကို လှူဒါန်းသွားမှာဖြစ်ပါတယ်။

တတိယအကြိမ်မြောက် ရန်ပုံငွေပွဲကျင်းပရတဲ့အပေါ်ကို မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းအထွေထွေအတွင်းရေးမှူး ဦးအေးကိုကိုက ”ကျွန်တော်တို့ အခုပွဲလေးကိုလုပ်ဖြစ်ခဲ့တာ ဒီအကြိမ်နဲ့ဆို သုံးကြိမ်ရှိပါပြီ။ ကျွန်တော်တို့ ဒီလိုပွဲလေးလုပ်ရတာ အသင်းမှာ ရန်ပုံငွေလိုအပ်နေလို့ပါ။ အားလုံးသိကြတဲ့အတိုင်းပါပဲ အသင်းမှာလိုအပ်တဲ့အရာတွေကများတယ်။ ထောက်ပံ့ကူညီပေးရမယ့်အရာတွေလည်း အများကြီးရှိနေပါတယ်။ ဒါကြောင့် ဒီရန်ပုံငွေပွဲတွေကို ကျင်းပရတာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ဒီရန်ပုံငွေဖျော်ဖြေပွဲရဲ့လက်မှတ်ဈေးနှုန်းများမှာ ၂ဝဝဝဝ၊ ၁ဝဝဝဝ၊ ၅ဝဝဝ ကျပ်ဖြစ်ကာ ဝယ်ယူအားပေးလိုတဲ့သူတွေအနေနဲ့ မန်းသီရိတေးသံသွင်း၊ မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းမှာ ဝယ်ယူအားပေးနိုင်ပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။