[ZawGyi]

ႏွစ္သစ္မွာ အရာရာေအာင္ျမင္တိုးတက္ဖို႔ ဒီအစီအစဥ္ေလးေတြနဲ႔ စတင္ၾကရေအာင္

ဒီေန႔ဟာဆိုရင္ေတာ့ ျမန္မာ သကၠရာဇ္ ၁၃၇၉ ကေန ၁၃၈၀ ျပည့္ႏွစ္ကို မဂၤလာရွိရွိကူးေျပာင္းသြားတဲ့ ႏွစ္ဆန္းတစ္ရက္ေန႔ပဲ ျဖစ္ပါတယ္။ ဗုဒၶဘာသာျမန္မာလူမ်ိဳးေတြအတြက္ေတာ့ တစ္ႏွစ္ပတ္လံုး မဂၤလာရွိ ေအာင္ျမင္တိုးတက္ဖို႔ အရာရာစိတ္သစ္လူသစ္နဲ႔ ဆက္လက္ခ်ီတက္ရမယ့္ ႏွစ္ဦးအစ ရက္ထူးရက္ျမတ္ေလးပါပဲ။ ႏွစ္ေဟာင္းကုန္လို႔ ႏွစ္သစ္ကိုကူးေျပာင္းလာၿပီဆိုေတာ့ကာ ႏွစ္ေဟာင္းမွာ က်န္ခဲ့တဲ့ အဆင္မေျပမႈေတြ၊ လြဲေခ်ာ္မႈေတြ၊ စိတ္မခ်မ္းေျမ႕စရာေတြကို အတာေရနဲ႔ေဆးေၾကာၿပီး အသစ္အသစ္ေသာခြန္အားေတြနဲ႔ ေရွ႕ဆက္ခ်ီၾကရမွာဆိုေတာ့ ႏွစ္သစ္အတြက္ေရာ New Year Resolution ေလးေတြ ခ်ၿပီး အေကာင္းဆံုးေနထိုင္သြားၾကရေတာ့မယ္မဟုတ္လား။ ဒါဆိုရင္ေတာ့ ႏွစ္သစ္အတြက္ ဒီအစီစဥ္ေလးေတြခ်မွတ္ၿပီး အေကာင္းဆံုး တူတူ ႀကိဳးစားလိုက္ၾကရေအာင္လား။

(၁) ရေငြ၊ သံုးေငြ စိစစ္မယ္။

ႏွစ္သစ္မွာ အေရးႀကီးဆံုးက ႏွစ္ေဟာင္းက ကိုယ္ရွာခဲ့သေလာက္ ကိုယ့္အတြက္ တစ္ခုခု အက်ိဳးရွိတာ က်န္ခဲ့လား? အက်ိဳးရွိတဲ့ အရာေတြအတြက္ ကိုယ္သံုးခဲ့တာလား? ျဖဳန္းတီးခဲ့မိတာလားဆိုတာ ေသခ်ာျပန္ဆန္းစစ္ၾကည့္ဖို႔ပါ။ ကိုယ္ပင္ပင္ပန္းပန္းရွာခဲ့ရသေလာက္ ကိုယ့္ဘဏ္အေကာင့္ေလးထဲက သုညေလးေတြနည္းေနေသးရင္၊ ကိုယ့္အတြက္ ပညာ၊ဗဟုသုတ တစ္ခုခုမွ ရမလာေသးရင္ေတာ့ မျဖစ္ေသးဘူးေနာ္။ ဒါဆိုရင္ေတာ့ ကိုယ့္ရဲ႕ သံုးေငြကို အပိုကုန္ေပါက္ေတြေလွ်ာ့ၿပီး တစ္ကိုယ္စာစနစ္တက်သံုးတတ္ဖို႔ ျပန္စိစစ္လိုက္ၾကရေအာင္။ ေငြယိုေပါက္ေတြပိတ္ႏိုင္ေလ ဘဏ္ထဲက ဂဏန္းေလးေတြ တိုးလာေလပါပဲ။

(၂) ပိုက္ဆံစုၾကမယ္။

ကိုယ့္တစ္ကိုယ္စာအသံုးစရိတ္ကို ခ်ံဳ႕ၿပီးရင္ တျခားေသာ ကိုယ့္အနာဂတ္ေရွ႕ေရးအတြက္၊ အလႈအတန္းအတြက္၊ အပန္းေျဖခရီးအတြက္၊ ေလ့လာခ်င္တဲ့ သင္တန္း၊ ပညာရပ္ေတြအတြက္၊ မိသားစုအတြက္ သူ႔အခန္းကဏၭအလိုက္ ပိုက္ဆံေလးေတြ သီးသန္႔စနစ္တက် စုၾကရေအာင္လား။ စုက်င့္မရွိေသးသူေတြအတြက္ ႏိုင္ငံျခား႐ုပ္ရွင္ကားေတြထဲကလို သူ႔ရည္မွန္းခ်က္အလိုက္ ဘူးေလးေတြနဲ႔ အရင္စစုၾကည့္ရင္ ျပည့္ျပည့္လာတဲ့ပိုက္ဆံေလးေတြအလိုက္ အိပ္မက္ေတြျပည့္ခါနီးလာမွာဆိုေတာ့ ေပ်ာ္စရာလည္း ေကာင္းလာမွာအမွန္ပါ။

(၃) က်န္းမာေအာင္ေနမယ္။

အစားေတြအမ်ားႀကီး စားတာမ်ိဳးေတြ၊ ကိုယ့္ကိုကိုယ္ ၫွာၿပီး ဒီအလုပ္ နဲ႔ အိမ္၊ ေသာက္ေသာက္စားစား ေပ်ာ္စရာေတြၾကားမွာပဲ ပိတ္မိေနတယ္ဆို ၾကာလာရင္ေလးလံထိုင္းမိႈင္းတဲ့လူတစ္ေယာက္ပဲျဖစ္လာမွာပါ။ အဲ့ဒီ့အစား ကိုယ္႔ဝန္ကို တသက္လံုးထမ္းသြားရမယ့္ ဒီခႏၶာကိုယ္အတြက္ ဆုျပန္ခ်တဲ့အေနနဲ႔ က်န္းမာေရးေကာင္းေအာင္ ေနၾကရင္မေကာင္းဘူးလား? မနက္ခင္းေနေရာင္ျခည္ေလးပဲျဖစ္ျဖစ္၊ ခုန္ေပါက္ကစားရင္း၊ Gym ေဆာ့ရင္း ထြက္လာတဲ့ေခြ်းစက္ေတြကပဲျဖစ္ျဖစ္ စိတ္ေရာကိုယ္ပါလန္းဆန္းတက္ႂကြလာမယ့္ ခႏၶာကိုယ္အတြက္ေတာ့ ၾကည္ႏူးစရာေကာင္းေနမွာပါ။

(၄) ကိုယ့္ မိတ္ေဆြအေပါင္းအသင္း ကြန္ယက္ကိုခ်ဲ႕မယ္။

လူဆိုတာမ်ိဳးက ဘယ္ေလာက္ပဲ Introvert ဆန္ဆန္၊ ဘယ္ေလာက္ပဲ တသီးတျခားေနတတ္သူျဖစ္ျဖစ္ အေဖာ္မြန္ေကာင္း၊ မိတ္ေဆြေကာင္းဆိုတာ တကယ္ရင္ဆိုင္ရမယ့္ ဘဝရဲ႕ အခက္အခဲေတြအတြက္ေတာ့ ခြန္အားတစ္ခုပါပဲ။အဲ့ဒါမို႔ ႏွစ္ေဟာင္းမွာ ၾကံဳခဲ့ရတဲ့ မိတ္ေဆြေကာင္းေတြကို ပိုတန္ဖိုးထားရင္း၊ မိတ္ေဆြသစ္ေတြကိုလည္း ရွာေဖြပါ။ မခက္ခဲပါဘူး အျပံဳးတခ်က္နဲ႔စတင္ရံုပါပဲ။ တစ္ေယာက္တည္း အခက္အခဲကို ရင္ဆိုင္ရတာထက္စာရင္ ေဘးနားက မိတ္ေဆြေတြနဲ႔တူတူရင္ဆိုင္ရတာက ပိုေအာင္ျမင္ေစႏိုင္မွာပါ။

(၅) ပိုမိုရင့္က်က္သူအျဖစ္ ကိုယ့္ကိုကိုယ္ပ်ိဳးေထာင္မယ္။

အခ်စ္ေရးကိစၥေတြ၊ မေအာင္ျမင္ခဲ့တဲ့ လူမႈဆက္ဆံေရးေတြ၊ အလုပ္ခြင္နဲ႔ စီးပြားေရးက်ပ္တည္းမႈေတြ၊ အဖက္ဖက္က ႐ုန္းကန္ခဲ့ရသမွ်ဟာ ကိုယ့္ကိုကိုယ္ ပိုမိုရင့္က်က္လာေစမယ့္ တြန္းအားေတြပါ။ အရံႈးေတြထဲက လဲထၿပီး ဘဝအတြက္ တကယ္အေရးပါမယ့္ အရာေတြအတြက္ပဲ စိတ္ႏွစ္ႀကိဳးစားရင္း ပိုမိုတည္ၿငိမ္ရင့္က်က္လာေအာင္ သင္ယူၾကမယ္ေလ။

(၆) အေကာင္းျမင္စိတ္ေမြးမယ္။

ထစ္ခနဲရွိ အမုန္းပြားစရာေတြ ၾကံေနေျပာေနေတြးေနမယ့္အစား ေဒါသေတြထြက္ေနမယ့္အစား ကိုယ့္စိတ္ကို ေလးလံေစမယ့္အရာေတြကို တတ္ႏိုင္သေလာက္ ေလွ်ာ့ခ်ရင္း၊ ကာင္းတဲ့ အေတြးေတြးၿပီး ေကာင္းတဲ့အျမင္ေလးကေန စျမင္ၾကည့္ရင္ ကိုယ့္ရဲ႕ႏွစ္သစ္ဟာ ေနေပ်ာ္တဲ့ ေန႔ရက္ေတြ ပိုမ်ားလာမွာ အမွန္ပါ။ စိတ္ထဲမွာ အမိႈက္ေတြနဲ႔ ျပည့္မေနတာ အေကာင္းဆံုးပါပဲ။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

(၇) မိသားစုအတြက္ အခ်ိန္ပိုေပးမယ္။

ႏွစ္ေဟာင္းမွာ အလုပ္ခြင္၊ ေပ်ာ္စရာနဲ႔ သူငယ္ခ်င္းေတြ၊ ခ်စ္သူၾကားမွာပဲ အခ်ိန္ေတြကုန္ခဲ့တာလား? ဒါဆိုရင္ေတာ့ ကိုယ့္မိသားစုအတြက္ အခ်ိန္ေလးေတြ ဖဲ့ကိုေပးသင့္ေနပါၿပီ။ အိမ္ထမင္းစားဝိုင္းေလးကေနျဖစ္ျဖစ္၊ ဘုရားတူတူသြားၾကရင္း၊ Hot Pot တူတူေသာက္ၾကရင္းပဲျဖစ္ျဖစ္ အေဖ၊အေမ၊ မိသားစုနဲ႔ ရင္းႏွီးေႏြးေထြးတဲ့ အသိုက္ျမံဳေလးကို ျပန္ထူေထာင္ၾကည့္ၾကရေအာင္လား? ဘဝရဲ႕ ရတနာေတြဆိုတာ အနားမွာရွိတုန္း တန္ဖိုးထားတတ္ရမွာမဟုတ္လား။

(၈) စာမ်ားမ်ားဖတ္မယ္။

စာအုပ္ေတြနဲ႔ေဝးေနခဲ့တာၾကာၿပီပဲဆိုဆို၊ ဖတ္က်င့္မရွိေသးဘူးပဲဆိုဆို ႏွစ္သစ္မွာ ဗဟုသုတအသစ္ေတြနဲ႔ အသိဉာဏ္ပိုႂကြယ္ဝဖို႔ စာအုပ္ေတြအတြက္ အားလပ္ခ်ိန္ေတြ ဖဲ့ေပးႏိုင္ၾကမယ္ဆို ဗဟုသုတအက်ိဳးလည္းရွိ၊ တန္ဖိုးရွိတဲ့အခ်ိန္ေတြလည္းျဖစ္လာမွာမို႔ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ပါပဲ။

(၉) လူမႈကြန္ယက္ေတြ ေလွ်ာ့သံုးမယ္။

ၿပီးခဲ့တဲ့ တစ္ႏွစ္လံုး ကိုယ့္အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို Facebook, Instagram နဲ႔ တျခား အပန္းေျဖစရာ လူမႈကြန္ယက္ေတြက ဝါးမ်ိဳထားၿပီးၿပီမလား? ဒါဆိုရင္ေတာ့ကိုယ့္ရဲ႕ ေငြအား၊ အခ်ိန္အားေတြကို တစစ ဖဲ့ယူေနတဲ့ လူမႈကြန္ယက္ေတြကေန ႐ုန္းထြက္ဖို႔ ေလွ်ာ့သံုးဖို႔ ျပဳျပင္ယူၾကရေအာင္လား? Social Detox လုပ္ရင္း သဘာဝနဲ႔ပိုမိုနီးစပ္တဲ့ကိုယ္ျပန္ျဖစ္ေအာင္ ဖန္တီးယူၾကရေအာင္ေလ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

(၁၀) အလုပ္ပိုႀကိဳးစားမယ္။

ပိုေအာင္ျမင္ဖို႔၊ ရည္မွန္းခ်က္ေတြဆီျမန္ျမန္ေရာက္ဖို႔၊ မိသားစုအတြက္၊ ခ်စ္တဲ့သူေတြအတြက္၊ ကိုယ့္အနာဂတ္အတြက္ ကိုယ့္လုပ္ငန္းခြင္နယ္ပယ္မွာ ပိုသင္ယူရင္း ပိုေလ့လာရင္း လူသစ္စိတ္သစ္နဲ႔ ႀကိဳးစားၾကမယ္။

(၁၁) ပညာရပ္အသစ္တစ္ခု တတ္ေျမာက္ေအာင္ ႀကိဳးစားမယ္။

ဘာသာစကား၊ ဂီတ၊ အလုပ္ခြင္အသံုးတည့္ပညာရပ္ေတြ စတဲ့ စတဲ့ ကိုယ့္အတြက္ အသံုးဝင္မယ့္ ပညာရပ္အသစ္တစ္ခုခုနဲ႔ စတင္ထိေတြ႕ဖို႔ ႀကိဳးစားၾကရေအာင္။ ႏွစ္သစ္ဟာ အရာရာစိတ္တက္ႂကြေနဆဲကာလမို႔ ႀကိဳးစားလို႔အရာဝင္ဆံုးပါပဲ။

ဒီေလာက္ဆိုရင္ေတာ့ ကိုယ့္ရဲ႕ ျမန္မာႏွစ္သစ္ဟာ တစ္ရက္ခ်င္းစီကို အဓိပါၸယ္ျပည့္ဝေနေတာ့မွာပါ။ ဘဝမွာ ဘယ္အရာမွ စတင္ဖို႔ ေနာက္က်သြားၿပီဆိုတာ မရွိပါဘူး။ အဲ့ဒါမို႔ အရင္ႏွစ္ေတြက လုပ္ဖို႔ၾကံရြယ္ထားၿပီး မၿပီးေျမာက္ခဲ့တဲ့ အစီစဥ္ေတြ၊ ရည္မွန္းခ်က္ေတြကို ဒီႏွစ္မွာ ဒီအခ်က္ေလးေတြနဲ႔ ျဖည့္စြက္ၿပီး ပိုအက်ိဳးရွိတဲ့ သူတစ္ေယာက္အျဖစ္ရပ္တည္သြားမယ္ဆို ကိုယ့္ရဲ႕ ရက္ ၊လ၊ ႏွစ္၊ သကၠရာဇ္တိုင္းဟာ ျပန္လွည့္ၾကည့္လိုက္တိုင္း အဓိပၸါယ္ရွိတဲ့ တန္ဖိုးရွိတဲ့ ေန႔ရက္ေတြျဖစ္ေနေတာ့မွာအမွန္ပါ။ ဒါဆိုရင္ေတာ့ ဒီအခ်က္ေလးေတြကို ဒီေန႔ကစ ႀကိဳးစားလုပ္ၾကည့္လိုက္ၾကရေအာင္ေနာ္။

EiEiKhineMinn ( Akhayar )

[Unicode]

နှစ်သစ်မှာ အရာရာအောင်မြင်တိုးတက်ဖို့ ဒီအစီအစဉ်လေးတွေနဲ့ စတင်ကြရအောင်

ဒီနေ့ဟာဆိုရင်တော့ မြန်မာ သက္ကရာဇ် ၁၃၇၉ ကနေ ၁၃၈၀ ပြည့်နှစ်ကို မင်္ဂလာရှိရှိကူးပြောင်းသွားတဲ့ နှစ်ဆန်းတစ်ရက်နေ့ပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအတွက်တော့ တစ်နှစ်ပတ်လုံး မင်္ဂလာရှိ အောင်မြင်တိုးတက်ဖို့ အရာရာစိတ်သစ်လူသစ်နဲ့ ဆက်လက်ချီတက်ရမယ့် နှစ်ဦးအစ ရက်ထူးရက်မြတ်လေးပါပဲ။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကူးပြောင်းလာပြီဆိုတော့ကာ နှစ်ဟောင်းမှာ ကျန်ခဲ့တဲ့ အဆင်မပြေမှုတွေ၊ လွဲချော်မှုတွေ၊ စိတ်မချမ်းမြေ့စရာတွေကို အတာရေနဲ့ဆေးကြောပြီး အသစ်အသစ်သောခွန်အားတွေနဲ့ ရှေ့ဆက်ချီကြရမှာဆိုတော့ နှစ်သစ်အတွက်ရော New Year Resolution လေးတွေ ချပြီး အကောင်းဆုံးနေထိုင်သွားကြရတော့မယ်မဟုတ်လား။ ဒါဆိုရင်တော့ နှစ်သစ်အတွက် ဒီအစီစဉ်လေးတွေချမှတ်ပြီး အကောင်းဆုံး တူတူ ကြိုးစားလိုက်ကြရအောင်လား။

(၁) ရငွေ၊ သုံးငွေ စိစစ်မယ်။

နှစ်သစ်မှာ အရေးကြီးဆုံးက နှစ်ဟောင်းက ကိုယ်ရှာခဲ့သလောက် ကိုယ့်အတွက် တစ်ခုခု အကျိုးရှိတာ ကျန်ခဲ့လား? အကျိုးရှိတဲ့ အရာတွေအတွက် ကိုယ်သုံးခဲ့တာလား? ဖြုန်းတီးခဲ့မိတာလားဆိုတာ သေချာပြန်ဆန်းစစ်ကြည့်ဖို့ပါ။ ကိုယ်ပင်ပင်ပန်းပန်းရှာခဲ့ရသလောက် ကိုယ့်ဘဏ်အကောင့်လေးထဲက သုညလေးတွေနည်းနေသေးရင်၊ ကိုယ့်အတွက် ပညာ၊ဗဟုသုတ တစ်ခုခုမှ ရမလာသေးရင်တော့ မဖြစ်သေးဘူးနော်။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ သုံးငွေကို အပိုကုန်ပေါက်တွေလျှော့ပြီး တစ်ကိုယ်စာစနစ်တကျသုံးတတ်ဖို့ ပြန်စိစစ်လိုက်ကြရအောင်။ ငွေယိုပေါက်တွေပိတ်နိုင်လေ ဘဏ်ထဲက ဂဏန်းလေးတွေ တိုးလာလေပါပဲ။

(၂) ပိုက်ဆံစုကြမယ်။

ကိုယ့်တစ်ကိုယ်စာအသုံးစရိတ်ကို ချုံ့ပြီးရင် တခြားသော ကိုယ့်အနာဂတ်ရှေ့ရေးအတွက်၊ အလှုအတန်းအတွက်၊ အပန်းဖြေခရီးအတွက်၊ လေ့လာချင်တဲ့ သင်တန်း၊ ပညာရပ်တွေအတွက်၊ မိသားစုအတွက် သူ့အခန်းကဏ္ဌအလိုက် ပိုက်ဆံလေးတွေ သီးသန့်စနစ်တကျ စုကြရအောင်လား။ စုကျင့်မရှိသေးသူတွေအတွက် နိုင်ငံခြားရုပ်ရှင်ကားတွေထဲကလို သူ့ရည်မှန်းချက်အလိုက် ဘူးလေးတွေနဲ့ အရင်စစုကြည့်ရင် ပြည့်ပြည့်လာတဲ့ပိုက်ဆံလေးတွေအလိုက် အိပ်မက်တွေပြည့်ခါနီးလာမှာဆိုတော့ ပျော်စရာလည်း ကောင်းလာမှာအမှန်ပါ။

(၃) ကျန်းမာအောင်နေမယ်။

အစားတွေအများကြီး စားတာမျိုးတွေ၊ ကိုယ့်ကိုကိုယ် ညှာပြီး ဒီအလုပ် နဲ့ အိမ်၊ သောက်သောက်စားစား ပျော်စရာတွေကြားမှာပဲ ပိတ်မိနေတယ်ဆို ကြာလာရင်လေးလံထိုင်းမှိုင်းတဲ့လူတစ်ယောက်ပဲဖြစ်လာမှာပါ။ အဲ့ဒီ့အစား ကိုယ့်ဝန်ကို တသက်လုံးထမ်းသွားရမယ့် ဒီခန္ဓာကိုယ်အတွက် ဆုပြန်ချတဲ့အနေနဲ့ ကျန်းမာရေးကောင်းအောင် နေကြရင်မကောင်းဘူးလား? မနက်ခင်းနေရောင်ခြည်လေးပဲဖြစ်ဖြစ်၊ ခုန်ပေါက်ကစားရင်း၊ Gym ဆော့ရင်း ထွက်လာတဲ့ချွေးစက်တွေကပဲဖြစ်ဖြစ် စိတ်ရောကိုယ်ပါလန်းဆန်းတက်ကြွလာမယ့် ခန္ဓာကိုယ်အတွက်တော့ ကြည်နူးစရာကောင်းနေမှာပါ။

(၄) ကိုယ့် မိတ်ဆွေအပေါင်းအသင်း ကွန်ယက်ကိုချဲ့မယ်။

လူဆိုတာမျိုးက ဘယ်လောက်ပဲ Introvert ဆန်ဆန်၊ ဘယ်လောက်ပဲ တသီးတခြားနေတတ်သူဖြစ်ဖြစ် အဖော်မွန်ကောင်း၊ မိတ်ဆွေကောင်းဆိုတာ တကယ်ရင်ဆိုင်ရမယ့် ဘဝရဲ့ အခက်အခဲတွေအတွက်တော့ ခွန်အားတစ်ခုပါပဲ။အဲ့ဒါမို့ နှစ်ဟောင်းမှာ ကြုံခဲ့ရတဲ့ မိတ်ဆွေကောင်းတွေကို ပိုတန်ဖိုးထားရင်း၊ မိတ်ဆွေသစ်တွေကိုလည်း ရှာဖွေပါ။ မခက်ခဲပါဘူး အပြုံးတချက်နဲ့စတင်ရုံပါပဲ။ တစ်ယောက်တည်း အခက်အခဲကို ရင်ဆိုင်ရတာထက်စာရင် ဘေးနားက မိတ်ဆွေတွေနဲ့တူတူရင်ဆိုင်ရတာက ပိုအောင်မြင်စေနိုင်မှာပါ။

(၅) ပိုမိုရင့်ကျက်သူအဖြစ် ကိုယ့်ကိုကိုယ်ပျိုးထောင်မယ်။

အချစ်ရေးကိစ္စတွေ၊ မအောင်မြင်ခဲ့တဲ့ လူမှုဆက်ဆံရေးတွေ၊ အလုပ်ခွင်နဲ့ စီးပွားရေးကျပ်တည်းမှုတွေ၊ အဖက်ဖက်က ရုန်းကန်ခဲ့ရသမျှဟာ ကိုယ့်ကိုကိုယ် ပိုမိုရင့်ကျက်လာစေမယ့် တွန်းအားတွေပါ။ အရှုံးတွေထဲက လဲထပြီး ဘဝအတွက် တကယ်အရေးပါမယ့် အရာတွေအတွက်ပဲ စိတ်နှစ်ကြိုးစားရင်း ပိုမိုတည်ငြိမ်ရင့်ကျက်လာအောင် သင်ယူကြမယ်လေ။

(၆) အကောင်းမြင်စိတ်မွေးမယ်။

ထစ်ခနဲရှိ အမုန်းပွားစရာတွေ ကြံနေပြောနေတွေးနေမယ့်အစား ဒေါသတွေထွက်နေမယ့်အစား ကိုယ့်စိတ်ကို လေးလံစေမယ့်အရာတွေကို တတ်နိုင်သလောက် လျှော့ချရင်း၊ ကာင်းတဲ့ အတွေးတွေးပြီး ကောင်းတဲ့အမြင်လေးကနေ စမြင်ကြည့်ရင် ကိုယ့်ရဲ့နှစ်သစ်ဟာ နေပျော်တဲ့ နေ့ရက်တွေ ပိုများလာမှာ အမှန်ပါ။ စိတ်ထဲမှာ အမှိုက်တွေနဲ့ ပြည့်မနေတာ အကောင်းဆုံးပါပဲ။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

(၇) မိသားစုအတွက် အချိန်ပိုပေးမယ်။

နှစ်ဟောင်းမှာ အလုပ်ခွင်၊ ပျော်စရာနဲ့ သူငယ်ချင်းတွေ၊ ချစ်သူကြားမှာပဲ အချိန်တွေကုန်ခဲ့တာလား? ဒါဆိုရင်တော့ ကိုယ့်မိသားစုအတွက် အချိန်လေးတွေ ဖဲ့ကိုပေးသင့်နေပါပြီ။ အိမ်ထမင်းစားဝိုင်းလေးကနေဖြစ်ဖြစ်၊ ဘုရားတူတူသွားကြရင်း၊ Hot Pot တူတူသောက်ကြရင်းပဲဖြစ်ဖြစ် အဖေ၊အမေ၊ မိသားစုနဲ့ ရင်းနှီးနွေးထွေးတဲ့ အသိုက်မြုံလေးကို ပြန်ထူထောင်ကြည့်ကြရအောင်လား? ဘဝရဲ့ ရတနာတွေဆိုတာ အနားမှာရှိတုန်း တန်ဖိုးထားတတ်ရမှာမဟုတ်လား။

(၈) စာများများဖတ်မယ်။

စာအုပ်တွေနဲ့ဝေးနေခဲ့တာကြာပြီပဲဆိုဆို၊ ဖတ်ကျင့်မရှိသေးဘူးပဲဆိုဆို နှစ်သစ်မှာ ဗဟုသုတအသစ်တွေနဲ့ အသိဉာဏ်ပိုကြွယ်ဝဖို့ စာအုပ်တွေအတွက် အားလပ်ချိန်တွေ ဖဲ့ပေးနိုင်ကြမယ်ဆို ဗဟုသုတအကျိုးလည်းရှိ၊ တန်ဖိုးရှိတဲ့အချိန်တွေလည်းဖြစ်လာမှာမို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲ။

(၉) လူမှုကွန်ယက်တွေ လျှော့သုံးမယ်။

ပြီးခဲ့တဲ့ တစ်နှစ်လုံး ကိုယ့်အချိန်တော်တော်များများကို Facebook, Instagram နဲ့ တခြား အပန်းဖြေစရာ လူမှုကွန်ယက်တွေက ဝါးမျိုထားပြီးပြီမလား? ဒါဆိုရင်တော့ကိုယ့်ရဲ့ ငွေအား၊ အချိန်အားတွေကို တစစ ဖဲ့ယူနေတဲ့ လူမှုကွန်ယက်တွေကနေ ရုန်းထွက်ဖို့ လျှော့သုံးဖို့ ပြုပြင်ယူကြရအောင်လား? Social Detox လုပ်ရင်း သဘာဝနဲ့ပိုမိုနီးစပ်တဲ့ကိုယ်ပြန်ဖြစ်အောင် ဖန်တီးယူကြရအောင်လေ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

(၁၀) အလုပ်ပိုကြိုးစားမယ်။

ပိုအောင်မြင်ဖို့၊ ရည်မှန်းချက်တွေဆီမြန်မြန်ရောက်ဖို့၊ မိသားစုအတွက်၊ ချစ်တဲ့သူတွေအတွက်၊ ကိုယ့်အနာဂတ်အတွက် ကိုယ့်လုပ်ငန်းခွင်နယ်ပယ်မှာ ပိုသင်ယူရင်း ပိုလေ့လာရင်း လူသစ်စိတ်သစ်နဲ့ ကြိုးစားကြမယ်။

(၁၁) ပညာရပ်အသစ်တစ်ခု တတ်မြောက်အောင် ကြိုးစားမယ်။

ဘာသာစကား၊ ဂီတ၊ အလုပ်ခွင်အသုံးတည့်ပညာရပ်တွေ စတဲ့ စတဲ့ ကိုယ့်အတွက် အသုံးဝင်မယ့် ပညာရပ်အသစ်တစ်ခုခုနဲ့ စတင်ထိတွေ့ဖို့ ကြိုးစားကြရအောင်။ နှစ်သစ်ဟာ အရာရာစိတ်တက်ကြွနေဆဲကာလမို့ ကြိုးစားလို့အရာဝင်ဆုံးပါပဲ။

ဒီလောက်ဆိုရင်တော့ ကိုယ့်ရဲ့ မြန်မာနှစ်သစ်ဟာ တစ်ရက်ချင်းစီကို အဓိပါ္ပယ်ပြည့်ဝနေတော့မှာပါ။ ဘဝမှာ ဘယ်အရာမှ စတင်ဖို့ နောက်ကျသွားပြီဆိုတာ မရှိပါဘူး။ အဲ့ဒါမို့ အရင်နှစ်တွေက လုပ်ဖို့ကြံရွယ်ထားပြီး မပြီးမြောက်ခဲ့တဲ့ အစီစဉ်တွေ၊ ရည်မှန်းချက်တွေကို ဒီနှစ်မှာ ဒီအချက်လေးတွေနဲ့ ဖြည့်စွက်ပြီး ပိုအကျိုးရှိတဲ့ သူတစ်ယောက်အဖြစ်ရပ်တည်သွားမယ်ဆို ကိုယ့်ရဲ့ ရက် ၊လ၊ နှစ်၊ သက္ကရာဇ်တိုင်းဟာ ပြန်လှည့်ကြည့်လိုက်တိုင်း အဓိပ္ပါယ်ရှိတဲ့ တန်ဖိုးရှိတဲ့ နေ့ရက်တွေဖြစ်နေတော့မှာအမှန်ပါ။ ဒါဆိုရင်တော့ ဒီအချက်လေးတွေကို ဒီနေ့ကစ ကြိုးစားလုပ်ကြည့်လိုက်ကြရအောင်နော်။

EiEiKhineMinn ( Akhayar )