[Zawgyi]



Scene1



Scene2



www.akhayar.com


[Unicode]

ပေါကားလို့ဝေဖန်ခံနေရတဲ့ “ကောလိပ်ဂျပိုး” ရုပ်ရှင်ဇာတ်ကား ဒုတိယအပတ်ဆက်လက်ပြသခွင့်ရရှိ

လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးကနေထုတ်လုပ်ဖြန့်ချိထားပြီး ဒါရိုက်တာကိုဇော်(အရုဏ်ဦး) က ပုံဖော်ရိုက်ကူးထားတဲ့ မြန်မာပေါကားလို့ဝေဖန်ခံနေရတဲ့ “ကောလိပ်ဂျပိုး” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရန်ကုန်၊ မန္တလေးမြို့နဲ့ တခြားမြို့များမှာ ဒုတိယပတ်အဖြစ် ဆက်လက်ပြသခွင့်ရရှိနေတာဖြစ်ပါတယ်။ ဟာသရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အပြင် ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိထားပြီးဖြစ်တဲ့ အနုပညာရှင်တွေကြောင့် ပရိသတ်တွေ ရုံပြည့်ရုံလျှံအားပေးကြတာကိုလည်းတွေ့ရပါတယ်။

Scene1

ကောလိပ်ဂျပိုးမှဇာတ်ဝင်ခန်း

“ကောလိပ်ဂျပိုး” ရုပ်ရှင်ဇာတ်ကားကို ဖေဖော်ဝါရီလ ၁၆ ကနေ ၂၂ ရက်အထိ တိုးမြှင့်ပြသခွင့်ပြုထားကာ၊ ရန်ကုန်မြို့တွင် ရှေ့ဆောင်၊ သွင်၊ ဂမုန်းပွင့်(လှည်းတန်း-စံရိပ်ငြိမ်)၊Top Royal ပါရမီစိန်ဂေဟာ ၊ မင်္ဂလာစံပြ ၊ JCGV (junction city)၊ JCGV(Junction Square )၊JCGV (မော်တင်)၊ ဝဇီရာ-၂(လှိုင်သာယာ)၊ Capital (သာကေတ)၊ ရွှေဗဟို(တာမွေ)၊ ကန်သာယာ(မြောက်ဥက္ကလာ)၊ မြရတနာ(သာကေတ)၊ မြဟံသာ(သန်လျင်) အစရှိတဲ့ ရုပ်ရှင်ရုံကြီးများတွင်လည်းကောင်း၊ မန္တလေးမြို့မှာတော့ မြို့မ၊ မင်္ဂလာဒိုင်းမွန်း၊ JCGV(မန္တလေး)၊ မြို့ဂုဏ်ရောင်(Mega Ace) ရုပ်ရှင်ရုံကြီးများတွင်လည်းကောင်း၊ ပြည်မြို့တွင် မင်္ဂလာထွန်းသီရိရုပ်ရှင်ရုံ၊ မကွေးမြို့တွင် မင်္ဂလာစံပြ ၊ပဲခူးမြို့တွင် (Icon) ၊ တောင်ငူမြို့တွင် New 3D ရုပ်ရှင်ရုံ၊ မော်လမြိုင်မြို့တွင် မင်္ဂလာဘုရင့် ၊ JCGV ၊ မုံရွာမြို့တွင် မင်္ဂလာ Cineplex Ocean၊ လားရှိုးမြို့တွင် သီတာအေးရုပ်ရှင်ရုံ၊ တောင်ကြီးမြို့တွင် မြသုခရုပ်ရှင်ရုံ ၊ Mega Ace (City Square)၊ ဗန်းမော်မြို့တွင် စတားရုပ်ရှင်ရုံ၊ မိထ္ထီလာမြို့တွင် ဂရင်းရုပ်ရှင်ရုံများမှာ ပြသပေးသွားမှာဖြစ်ပါတယ်။

Scene2

ကောလိပ်ဂျပိုးမှဇာတ်ဝင်ခန်း

“ကောလိပ်ဂျပိုး” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင်တွေအဖြစ် မြင့်မြတ်၊ ဝတ်မှုန်ရွှေရည်၊ ခင်လှိုင်၊ နေနော်နဲ့ တခြားအနုပညာရှင်တွေများစွာက ပါဝင်သရုပ်ဆောင်ထားပြီး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေအကြောင်းကို ဟာသနှောကာ ကျောင်းပုံရိပ်လေးတွေကို မြင်အောင်ရိုက်ကူးပုံဖော်ထားပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။