[Zawgyi]

Myanmar Idol Season 3 မွာ ဘယ္ဒိုင္ကို သေဘာအက်ဆံုးလဲ




“ဒီရက်ပိုင်းတွေမှာ Myanmar idol season 3 အတွက်,မကွေးမြို့နဲ့ပုသိမ်မြို့မှ ဝါသနာရှင်ပြိုင်ပွဲဝင်တွေရဲ့ အသံစစ်တဲ့ အချိန်က အမှတ်တရများ တင်ပြရန် အနည်းငယ်နောက်ကျခဲ့တဲ့အတွက် နားလည်ပေးပါလို့ ပြောပါရစေခင်ဗျာ…🙏🏼🙏🏼🙏 ချစ်သူ ခင်သူ မြတ်နိုးသူများကို ထာဝရချစ်တဲ့.. YA ❤❤”ဆိုပြီးတော့ လည်းရေးသားထားပါသေးတယ် ။











ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

Myanmar Idol Season 3 မှာ ဘယ်ဒိုင်ကို သဘောအကျဆုံးလဲ

အပတ်စဉ်သောကြာနေ့ညတိုင်း MNTV ကနေလာနေကြဖြစ်တဲ့ Myanmar Idol Season 3 ကို ဘယ်လိုတွေရိုက်ကူးထားကြတယ်။ တနေရာပြီး တနေရာ ဘယ်လိုမျိုးအသံစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်ဆိုတာတွေကို ဒိုင်တစ်ဦးဖြစ်တဲ့ ကိုရန်အောင်က သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ အမှတ်တရလေးတွေအဖြစ် တင်ထားပါတယ်။

Season 3 အတွက် ဒိုင်လေးယောက်

Season 3 အတွက် ဒိုင်လေးယောက်

“ဒီရက်ပိုင်းတွေမှာ Myanmar idol season 3 အတွက်,မကွေးမြို့နဲ့ပုသိမ်မြို့မှ ဝါသနာရှင်ပြိုင်ပွဲဝင်တွေရဲ့ အသံစစ်တဲ့ အချိန်က အမှတ်တရများ တင်ပြရန် အနည်းငယ်နောက်ကျခဲ့တဲ့အတွက် နားလည်ပေးပါလို့ ပြောပါရစေခင်ဗျာ…🙏🏼🙏🏼🙏 ချစ်သူ ခင်သူ မြတ်နိူးသူများကို ထာဝရချစ်တဲ့.. YA ❤❤”ဆိုပြီးတော့ လည်းရေးသားထားပါသေးတယ် ။

အစီအစဉ်တင်ဆက်သူ ကျော်ထက်အောင်နဲ့ ကိုရန်လေး

အစီအစဉ်တင်ဆက်သူ ကျော်ထက်အောင်နဲ့ ကိုရန်လေး

Myanmar Idol ကို လုပ်ခဲ့တာဆိုရင် Season 3 ခု အထိရှိခဲ့ပါပြီ။ အခုရောက်ရှိနေပြီဖြစ်တဲ့ Season 3 မှာတော့ ဒိုင်များအဖြစ် ရန်အောင် ၊ မျိုးကျော့မြိုင်၊ မြန်မာပြည်သိန်းတန် နဲ့ တင်ဇာမော်တို့ပါဝင်တာပဲ ဖြစ်ပါတယ်။ Myanmar Idol အစီအစဉ်တိုင်းမှာ မြို့တွေ အလိုက် အသံစစ်ဆေးခြင်းကို လုပ်ဆောင်ပေးနေကြဖြစ်သလို အဲ့ လိုအသံစစ်ဆေးတိုင်းမှာလည်း တကယ့် ကို ဝါသနာပါပြီး ပါရမီထူးကဲ ကြတဲ့ သူတွေကိုတွေတွေ့ရသလို ဝါသနာပါပေမယ့်လည်းအသံမကောင်းလို့ ဆိုတာတွေတလွဲဖြစ်ပြီး ဟာသ ဗီဒီယိုလေးတွေအဖြစ် Facebook ပေါ်တက်လာတဲ့ အခါ ပရိသတ်က သဘောကျလို့ အားပေးဝန်းရံခံရတဲ့ သူတွေလည်း ရှိလာကြပါတယ်။

ဒိုင်လေးဦးကို အတူတွေ့ရစဉ်

ဒိုင်လေးဦးကို အတူတွေ့ရစဉ်

ဒီတော့ပရိသတ်ကြီးရော Myanmar Idol အစီအစဉ် ကို ကြိုက်နှစ်သက်ပါသလား။ဘယ်ဒိုင်ကိုရောသဘောအကျဆုံးပါလဲ။

ကိုရန်လေးနဲ့ မတင်ဇာမော်

ကိုရန်လေးနဲ့ မတင်ဇာမော်

Season 1 မှာ Winner ဖြစ်ခဲ့သူကလည်း အမျိုးသားအဆိုတော် စောလားထော်ဝါး ဖြစ်သလို Season 2 မှာ Winner ဖြစ်ခဲ့သူကလည်းအမျိုးသားအဆိုတော် တစ်ဦးဖြစ်တဲ့ သားငယ်ဖြစ်ပါတယ်။ဒီတော့ အခုလာမယ့် Season 3 မှာတော့ ဘယ်သူဟာ Winner ဖြစ်မလဲ ဆိုတာ ကိုစောင့်မျှော်ရင်း Myanmar Idol ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

Photo Credit: Yang Aung Facebook

ကြည်သာ (Akhayar)

www.akhayar.com