[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

Myanmar Idol ကနေစောစီးစွာထွက်ခွာသွားခဲ့တဲ့ နော်ဂျက်စ် နဲ့ နန်းရွှေရည်

Myanmar Idol Season 3 ကနေ စောစီးစွာထွက်ခွာသွားခဲ့ရတဲ့ အမျိုးသမီးအဆိုရှင်နှစ်ယောက်ဖြစ်တဲ့ နော်ဂျက်စ်နဲ့ နန်းရွှေရည် တို့အတွက် စိတ်မကောင်းဖြစ်ကြသူတော်တော်များများ ကို မနေ့က လူမှုကွန်ရက်စာမျက်နှာပေါ်မှာတွေ့ရပါတယ်။

သူတို့နှစ်ယောက်စလုံးဟာ အသံကောင်းမွန်ကြသူတွေဖြစ်သလို Myanmar Idol အစီအစဉ် ကို ပါဝင်ခွင့်ရရှိဖို့အတွက် အချိန်တွေအကုန်ခံပြီး ကြိုးစားခဲ့ကြသူတွေဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့်လည်း ယှဉ်ပြိုင်တဲ့ နေ့မှာ သီဆိုတာကိုပဲ Vote လုပ်ရတာဖြစ်တဲ့ အတွက် သူတို့နှစ်ယောက်ဟာ Voting System ကြောင့်ပြိုင်ပွဲ ကနေစောစီးစွာထွက်ခွာခဲ့ရတာလည်း ဖြစ်ပါတယ်။

သီချင်းဆိုပြိုင်ပွဲတစ်ခုမှာ အသံကောင်းပြီးကြိုးစားချင်စိတ်ရှိတဲ့ လူငယ်တွေအတွက် Voting System ဆိုတဲ့ တစ်ခုကြောင့်မျှော်လင့်ချက်တွေ ပျက်စီးကုန်ကြမှာကိုစိုးရိမ်မိပါကြောင်း ပြောရင်းနဲ့ နော်ဂျက်စ်နဲ့ နန်းရွှေရည်တို့အတွက်စိတ်မကောင်းဖြစ်မိပါတယ်။

Photo Credit: Myanmar Idol Facebook Page

ကြည်သာ (Akhayar)

www.akhayar.com