[Zawgyi]

ျမန္မာအိုင္ေဒါသီခ်င္းဆိုၿပိဳင္ပြဲအစီအစဥ္ ၃ ရဲ႕အသံစစ္ေဆးမႈ လာၿပီေနာ္

ျမန္မာအိုင္ေဒါသီခ်င္းဆုိၿပိဳင္ပြဲအစီအစဥ္ ၃ ရဲ႕ ရန္ကုန္ၿမိဳ႕အသံစတင္စစ္ေဆးမႈကို ေဖေဖာ္ဝါရီလ ၂၀၊ ၂၁၊ ၂၂ ရက္မ်ားတြင္ ရန္ကုန္ၿမိဳ႕ရွိ ေရႊထြဋ္တင္ကြင္းမွာ ျပဳလုပ္ေနၿပီျဖစ္ပါတယ္။ ဒီေန႔ကေတာ့ ျမန္မာအိုင္ေဒါသီခ်င္းဆိုၿပိဳင္ပြဲရဲ႕ ရန္ကုန္ၿမိဳ႕အသံစတင္စစ္ေဆးတဲ့ ဒုတိယရက္လည္းျဖစ္ကာ၊ ပထမရက္မွာေတာ့ ရန္ကုန္ၿမိဳ႕အနီးတစ္ဝိုက္မွာရွိတဲ့ ဂီတကိုဝါသနာပါတဲ့ ၿပိဳင္ပြဲဝင္ ၁၅၀၀ ခန္႔ လာေရာက္စာရင္းေပးစစ္ေဆးခဲ့ၾကပါတယ္။

ရန္ကုန္ၿမိဳ႕မွာ သံုးရက္တိုင္တိုင္ အသံစစ္ေဆးေပးခဲ့ရတဲ့အေပၚကို ျမန္မာအိုင္ေဒါၿပိဳင္ပြဲမွ တာဝန္ရွိသူတစ္ဦးက “ ရန္ကုန္မွာက်ေတာ့ ၿပိဳင္ပြဲဝင္ေတြပိုမ်ားတယ္။ တစ္ရက္တည္းနဲ႔မၿပီးဘူး။ မနက္ျဖန္တစ္ရက္ရွိပါေသးတယ္ လာေရာက္ယွဥ္ၿပိဳင္ၾကဖို႔လည္း ဖိတ္ေခၚပါတယ္” လို႔ ဆိုပါတယ္။ ၿပိဳင္ပြဲရဲ႕ အသံစစ္ေဆးမႈေတြကို ျမန္မာႏိုင္ငံမွာရွိတဲ့ ၿမိဳ႕ႀကီး၂၁ ၿမိဳ႕မွာျပဳလုပ္ခဲ့တာၿပီး၊ အေရြးခ်ယ္ခံရတဲ့ ၿပိဳင္ပြဲဝင္ေတြကေတာ့ ရန္ကုန္ၿမိဳ႕မွာျပဳလုပ္မယ့္ ၿပိဳင္ပြဲအဆင့္ဆင့္မွာယွဥ္ၿပိဳင္ၿပီး၊ ေနာက္ဆံုးအဆင့္ Top 10 အထိကုိ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

ေနာက္ဆံုးအဆင့္အေရြးခ်ယ္ခံလုိက္တဲ့ Top 10 ကေတာ့ သီခ်င္းပံုစံအမ်ိဳးမ်ိဳး၊ ဂီတပံုစံအမ်ိဳးမ်ိဳးကုိ ဆန္းသစ္တီထြင္ၿပီး ယွဥ္ၿပိဳင္ရမွာျဖစ္ကာ၊ အပတ္စဥ္ ၿပိဳင္ပြဲဝင္ေတြက ၿပိဳင္ပြဲကေနထြက္ခြာရမွာျဖစ္ကာ၊ ေနာက္ဆံုး Winner တစ္ေယာက္ကိုသာ ေရြးခ်ယ္ေပးသြားမွာပဲျဖစ္ပါတယ္။ ျမန္မာအိုင္ေဒါသီခ်င္းဆိုၿပိဳင္ပြဲအစီအစဥ္ ၃ မွာေတာ့ အကဲျဖတ္ဒိုင္ေတြအျဖစ္ ေတးသံရွင္ျမန္မာျပည္သိန္းတန္၊ မ်ိဳးေက်ာ့ၿမိဳင္၊ တင္ဇာေမာ္နဲ႔ သ႐ုပ္ေဆာင္ထပ္ဆင့္ကယ္ဒမီရန္ေအာင္တို႔က အမွန္ကန္ဆံုး ေရြးခ်ယ္ေပးသြားမွာျဖစ္ပါတယ္။

ျမန္မာအိုင္ေဒါသီခ်င္းဆိုၿပိဳင္ပြဲအစီအစဥ္ ၃ ရဲ႕ဆုေၾကးေငြအေနနဲ႔ ေငြက်ပ္ သိန္း ၅၀ဝ နဲ႔အတူ တစ္ကိုယ္ေတာ္ေတးစီးရီးတစ္ေခြထြက္ရွိဖို႔ ပ့ံပိုးကူညီမႈေတြလည္းရရွိမွာကာ၊ ဒီသီခ်င္းဆိုၿပိဳင္ပြဲဟာဆုိရင္ အေမရိကန္ႏိုင္ငံရဲ႕ အေအာင္ျမင္ဆံုးအဆိုၿပိဳင္ပြဲတစ္ခုျဖစ္ တဲ့ American Idol ကေန ဆင္းသက္လာတာျဖစ္ကာ ပရိသတ္ေတြ လက္ခံအားေပးခဲ့တဲ ၿပိဳင္ပြဲတစ္ခုျဖစ္ၿပီး Winner ေတြအျဖစ္ Season 1 မွာေစာလားေထာ္ဝါးနဲ႔ Season 2 မွာ သားငယ္တို႔ကို ေအာင္ျမင္စြာ ေမြးထုတ္ေပးႏိုင္ခဲ့ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲအစီအစဉ် ၃ ရဲ့အသံစစ်ဆေးမှု လာပြီနော်

မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲအစီအစဉ် ၃ ရဲ့ ရန်ကုန်မြို့အသံစတင်စစ်ဆေးမှုကို ဖေဖော်ဝါရီလ ၂၀၊ ၂၁၊ ၂၂ ရက်များတွင် ရန်ကုန်မြို့ရှိ ရွှေထွဋ်တင်ကွင်းမှာ ပြုလုပ်နေပြီဖြစ်ပါတယ်။ ဒီနေ့ကတော့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲရဲ့ ရန်ကုန်မြို့အသံစတင်စစ်ဆေးတဲ့ ဒုတိယရက်လည်းဖြစ်ကာ၊ ပထမရက်မှာတော့ ရန်ကုန်မြို့အနီးတစ်ဝိုက်မှာရှိတဲ့ ဂီတကိုဝါသနာပါတဲ့ ပြိုင်ပွဲဝင် ၁၅၀၀ ခန့် လာရောက်စာရင်းပေးစစ်ဆေးခဲ့ကြပါတယ်။

ရန်ကုန်မြို့မှာ သုံးရက်တိုင်တိုင် အသံစစ်ဆေးပေးခဲ့ရတဲ့အပေါ်ကို မြန်မာအိုင်ဒေါပြိုင်ပွဲမှ တာဝန်ရှိသူတစ်ဦးက “ ရန်ကုန်မှာကျတော့ ပြိုင်ပွဲဝင်တွေပိုများတယ်။ တစ်ရက်တည်းနဲ့မပြီးဘူး။ မနက်ဖြန်တစ်ရက်ရှိပါသေးတယ် လာရောက်ယှဉ်ပြိုင်ကြဖို့လည်း ဖိတ်ခေါ်ပါတယ်” လို့ ဆိုပါတယ်။ ပြိုင်ပွဲရဲ့ အသံစစ်ဆေးမှုတွေကို မြန်မာနိုင်ငံမှာရှိတဲ့ မြို့ကြီး၂၁ မြို့မှာပြုလုပ်ခဲ့တာပြီး၊ အရွေးချယ်ခံရတဲ့ ပြိုင်ပွဲဝင်တွေကတော့ ရန်ကုန်မြို့မှာပြုလုပ်မယ့် ပြိုင်ပွဲအဆင့်ဆင့်မှာယှဉ်ပြိုင်ပြီး၊ နောက်ဆုံးအဆင့် Top 10 အထိကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

နောက်ဆုံးအဆင့်အရွေးချယ်ခံလိုက်တဲ့ Top 10 ကတော့ သီချင်းပုံစံအမျိုးမျိုး၊ ဂီတပုံစံအမျိုးမျိုးကို ဆန်းသစ်တီထွင်ပြီး ယှဉ်ပြိုင်ရမှာဖြစ်ကာ၊ အပတ်စဉ် ပြိုင်ပွဲဝင်တွေက ပြိုင်ပွဲကနေထွက်ခွာရမှာဖြစ်ကာ၊ နောက်ဆုံး Winner တစ်ယောက်ကိုသာ ရွေးချယ်ပေးသွားမှာပဲဖြစ်ပါတယ်။ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲအစီအစဉ် ၃ မှာတော့ အကဲဖြတ်ဒိုင်တွေအဖြစ် တေးသံရှင်မြန်မာပြည်သိန်းတန်၊ မျိုးကျော့မြိုင်၊ တင်ဇာမော်နဲ့ သရုပ်ဆောင်ထပ်ဆင့်ကယ်ဒမီရန်အောင်တို့က အမှန်ကန်ဆုံး ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။

မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲအစီအစဉ် ၃ ရဲ့ဆုကြေးငွေအနေနဲ့ ငွေကျပ် သိန်း ၅၀ဝ နဲ့အတူ တစ်ကိုယ်တော်တေးစီးရီးတစ်ခွေထွက်ရှိဖို့ ပံ့ပိုးကူညီမှုတွေလည်းရရှိမှာကာ၊ ဒီသီချင်းဆိုပြိုင်ပွဲဟာဆိုရင် အမေရိကန်နိုင်ငံရဲ့ အအောင်မြင်ဆုံးအဆိုပြိုင်ပွဲတစ်ခုဖြစ် တဲ့ American Idol ကနေ ဆင်းသက်လာတာဖြစ်ကာ ပရိသတ်တွေ လက်ခံအားပေးခဲ့တဲ ပြိုင်ပွဲတစ်ခုဖြစ်ပြီး Winner တွေအဖြစ် Season 1 မှာစောလားထော်ဝါးနဲ့ Season 2 မှာ သားငယ်တို့ကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။