[Zawgyi]

ရသမ်ိဳးစံုကို ေပးနိုင္တဲ့ သီခ်င္းဆိုၿပိဳင္ပြဲလို႔ေတာင္ေျပာရေတာ့မယ့္ Myanmar Idol

Myanmar Idol Season 3 ကို ၾကာသပေတးေန႔ ည ၉နာရီတိုင္းမွာ Live လႊင့္ၿပီးျပသလ်က္ရွိတာျဖစ္ပါတယ္။ ၿပိဳင္ပြဲဝင္ ၁၁ ဦးအနက္ကေန ၃ ေယာက္ထြက္သြားၿပီျဖစ္ၿပီး ဒီကေန႔ ဇြန္လ ၂၉ ရက္ေန႔မွာေတာ့ ေနာက္ထပ္ဘယ္ၿပိဳင္ပြဲ ဝင္ေတြထပ္ၿပီးေတာ့ ႏႈတ္ဆက္လမ္းခြဲၾကဦးမလဲ ဆိုတာကလည္း စိတ္ဝင္စားစရာေကာင္းလွပါတယ္။ Myanmar Idol ကေတာ့ သီခ်င္းဆိုၿပိဳင္ပြဲဆိုေပမယ့္လည္း ရသမ်ိဳးစံု ကိုတစ္ခ်ိန္တည္း တစ္ၿပိဳင္တည္းခံစားရတဲ့ ၿပိဳင္ပြဲတစ္ခုပါ။

ဘာေၾကာင့္လဲ ဆိုေတာ့ ဒိုင္ေတြရဲ ႔တစ္ေယာက္ခ်င္းစီသံုးသပ္ခ်က္ေတြ ေၾကာင့္ဟင္ကနဲ ဟာကနဲ တစ္ခ်က္တစ္ခ်က္မွာ ျဖစ္္မိပါတယ္။ အန္ကယ္ဦးသိန္းတန္ တစ္ေယာက္ သီခ်င္းဆိုၿပိဳင္ပြဲျဖစ္ေသာ္လည္း Comment တိုင္းမွာ ပံုမွန္တစ္ပုဒ္ကို ဖတ္ေနရသလိုပါပဲ။ သူ႔ရဲ ႔ဖက္ရွင္အျမင္ေတြနဲ႔ သူ႔ရဲ ႔ဝတ္စားဆင္ယင္တဲ့ ပံုစံေတြေၾကာင့္လဲ သီခ်င္းဆိုၿပိဳင္ပြဲႀကီးဟာ ဖက္ရွင္ရိႈးပြဲႀကီးတစ္ခု အလားခပ္ဆင္ဆင္ပါ။ သီခ်င္းဆိုၿပိဳင္ၾကတဲ့ သူေတြရဲ ႔ ဘဝ အေၾကာင္းေတြေျပာျပရာမွာလည္း ခ်ိဳ႕တဲ့စြာရုန္းကန္ရင္းသီခ်င္း ကိုဝါသနာပါတဲ့သူေတြေတြ႔ရတဲ့ အတြက္ သနားစာနာစိတ္လည္း ျဖစ္မိေစပါတယ္။

အခုဆိုရင္ ၿပိဳင္ပြဲဝင္တစ္ဦးရဲ ႔ ရည္းစားျဖစ္သူဟာ ကိုယ့္ကုိယ္ကိုယ္အဆံုးစီရင္ရင္း ေသဆံုးသြားတယ္ဆိုတာကိုသိရတဲ့ အတြက္ ၿပိဳင္ပြဲဝင္သူအတြက္လည္း စိတ္မေကာင္းျဖစ္ရသလို မေန႔ကဆိုရင္ သီခ်င္းသီဆိုရင္း စတိတ္စင္ေပၚမွာ ငိုခဲ့တဲ့ ၿပိဳင္ပြဲဝင္ကို ၾကည့္ကာ ဒိုင္ျဖစ္သူမတင္ဇာေမာ္က မ်က္ရည္က်ခဲ့သလို ၾကည့္ရႈ႕အားေပးေနတဲ့ ပရိသတ္ေတြထဲမွ ဆယ္လီမမေတြျဖစ္တဲ့ သက္မြန္ျမင့္နဲ႔ ေမကဗ်ာတို႔ေတာင္ မ်က္ရည္က်ေနတာကို ဖန္သားျပင္ေပၚကေနေတြ႔ျမင္ခဲ့ရပါတယ္။

သီခ်င္းဆိုၿပိဳင္ပြဲေတြမ်ားစြာထဲကမွ ပရိသတ္ရဲ ႔စိတ္ဝင္စားမႈ နဲ႔ ခံစားမႈရသမ်ိဳးစံု ကို ေပးစြမ္းေနတဲ့ Myanmar Idol ကေန စစ္မွန္တဲ့ အရည္အခ်င္းရွိတဲ့ ၿပိဳင္ပြဲဝင္ေတြထြက္ရွိလာနုိင္မႈကလည္း ပရိသတ္နဲ႔ပဲသက္ဆိုင္ပါတယ္။ ဒီေတာ့ ေဒါသေတြမထြက္ရေအာင္ တကယ္အရည္အခ်င္းရွိတဲ့သူေတြကိုပဲ Vote ၾကပါလို႔ သတိေပးရင္း ဒီကေန႔ဘယ္သူထြက္သြားမွာလဲ ဆိုတာကိုေတာ့ရင္ခုန္လို႔ေနပါတယ္။

ၾကည္သာ (Akhayar)

Photo Credit: Myanmar Idol Facebook Page

www.akhayar.com
[Unicode]

ရသမျိုးစုံကို ပေးနိုင်တဲ့ သီချင်းဆိုပြိုင်ပွဲလို့တောင်ပြောရတော့မယ့် Myanmar Idol

Myanmar Idol Season 3 ကို ကြာသပတေးနေ့ ည ၉နာရီတိုင်းမှာ Live လွှင့်ပြီးပြသလျက်ရှိတာဖြစ်ပါတယ်။ ပြိုင်ပွဲဝင် ၁၁ ဦးအနက်ကနေ ၃ ယောက်ထွက်သွားပြီဖြစ်ပြီး ဒီကနေ့ ဇွန်လ ၂၉ ရက်နေ့မှာတော့ နောက်ထပ်ဘယ်ပြိုင်ပွဲ ဝင်တွေထပ်ပြီးတော့ နှုတ်ဆက်လမ်းခွဲကြဦးမလဲ ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။ Myanmar Idol ကတော့ သီချင်းဆိုပြိုင်ပွဲဆိုပေမယ့်လည်း ရသမျိုးစုံ ကိုတစ်ချိန်တည်း တစ်ပြိုင်တည်းခံစားရတဲ့ ပြိုင်ပွဲတစ်ခုပါ။

ဘာကြောင့်လဲ ဆိုတော့ ဒိုင်တွေရဲ့တစ်ယောက်ချင်းစီသုံးသပ်ချက်တွေ ကြောင့်ဟင်ကနဲ ဟာကနဲ တစ်ချက်တစ်ချက်မှာ ဖြစ်မိပါတယ်။ အန်ကယ်ဦးသိန်းတန် တစ်ယောက် သီချင်းဆိုပြိုင်ပွဲဖြစ်သော်လည်း Comment တိုင်းမှာ ပုံမှန်တစ်ပုဒ်ကို ဖတ်နေရသလိုပါပဲ။ သူ့ရဲ့ဖက်ရှင်အမြင်တွေနဲ့ သူ့ရဲ့ဝတ်စားဆင်ယင်တဲ့ ပုံစံတွေကြောင့်လဲ သီချင်းဆိုပြိုင်ပွဲကြီးဟာ ဖက်ရှင်ရှိုးပွဲကြီးတစ်ခု အလားခပ်ဆင်ဆင်ပါ။ သီချင်းဆိုပြိုင်ကြတဲ့ သူတွေရဲ့ ဘဝ အကြောင်းတွေပြောပြရာမှာလည်း ချို့တဲ့စွာရုန်းကန်ရင်းသီချင်း ကိုဝါသနာပါတဲ့သူတွေတွေ့ရတဲ့ အတွက် သနားစာနာစိတ်လည်း ဖြစ်မိစေပါတယ်။

အခုဆိုရင် ပြိုင်ပွဲဝင်တစ်ဦးရဲ့ ရည်းစားဖြစ်သူဟာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ရင်း သေဆုံးသွားတယ်ဆိုတာကိုသိရတဲ့ အတွက် ပြိုင်ပွဲဝင်သူအတွက်လည်း စိတ်မကောင်းဖြစ်ရသလို မနေ့ကဆိုရင် သီချင်းသီဆိုရင်း စတိတ်စင်ပေါ်မှာ ငိုခဲ့တဲ့ ပြိုင်ပွဲဝင်ကို ကြည့်ကာ ဒိုင်ဖြစ်သူမတင်ဇာမော်က မျက်ရည်ကျခဲ့သလို ကြည့်ရှု့အားပေးနေတဲ့ ပရိသတ်တွေထဲမှ ဆယ်လီမမတွေဖြစ်တဲ့ သက်မွန်မြင့်နဲ့ မေကဗျာတို့တောင် မျက်ရည်ကျနေတာကို ဖန်သားပြင်ပေါ်ကနေတွေ့မြင်ခဲ့ရပါတယ်။

သီချင်းဆိုပြိုင်ပွဲတွေများစွာထဲကမှ ပရိသတ်ရဲ့စိတ်ဝင်စားမှု နဲ့ ခံစားမှုရသမျိုးစုံ ကို ပေးစွမ်းနေတဲ့ Myanmar Idol ကနေ စစ်မှန်တဲ့ အရည်အချင်းရှိတဲ့ ပြိုင်ပွဲဝင်တွေထွက်ရှိလာနိုင်မှုကလည်း ပရိသတ်နဲ့ပဲသက်ဆိုင်ပါတယ်။ ဒီတော့ ဒေါသတွေမထွက်ရအောင် တကယ်အရည်အချင်းရှိတဲ့သူတွေကိုပဲ Vote ကြပါလို့ သတိပေးရင်း ဒီကနေ့ဘယ်သူထွက်သွားမှာလဲ ဆိုတာကိုတော့ရင်ခုန်လို့နေပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Myanmar Idol Facebook Page

www.akhayar.com