[Zawgyi]
Stella(Akhayar)
www.akhayar.com
[Unicode]
ဇင်ယော်မောင်မောင် ကြော်ငြာအတွက် အသံသွင်းနေရတဲ့ ဖြိုးမြတ်အောင်
Myanmar Idol Season3 မှာ ပရိသတ်အားပေးမှုတွေတခဲနက်သိမ်းကျုံးရယူနိုင်ခဲ့တဲ့ Winner ဖြိုးမြတ်အောင်ကတော့ ပြိုင်ပွဲပြီးပေမယ့်လည်း အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်နေရပါတယ်။ ဟသာၤတသားလေး ဖြိုးမြတ်အောင် ဟာ လတ်တလောမှာ အကယ်ဒမီဒါရိုက်တာ ဇင်ယော်မောင်မောင် ရိုက်ကူးမယ့် ကြော်ငြာတစ်ပုဒ်အတွက် သီချင်းသွင်းနေတဲ့အကြောင်း သူ့ရဲ့လူမှုကွန်ရက်အကောင့်မှာ အသိပေးရေးသားထားပါတယ်။
“ဦးဇင်ယော်မောင်မောင်ရိုက်မဲ့ ဧကရာဇာကြော်ငြာလေးအတွက် သီချင်းသွင်းနေပါတယ်ခင်ဗျ Music director ဆရာဥက္ကာ တေးရေး ကိုနာနိုပိစ်” ဆိုပြီး ရေးသားထားပါတယ်။ ဖြိုးမြတ်အောင်ဟာ အသံပါဝါကောင်းကောင်းနဲ့ ထူးခြားတဲ့အသံကိုပိုင်ဆိုင်ထားပြီး ရိုးသားပွင့်လင်းတဲ့ သူ့ရဲ့ စရိုက်သဘာဝကြောင့်လည်း လူကြီးလူငယ်ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေရရှိနေတာပါ။
ကြော်ငြာမှာအသံသွင်းနေတဲ့ ဖြိုးမြတ်အောင်ကတော့ သူ့ရဲ့ ဆရာတွေဖြစ်တဲ့ ဥက္ကာဦးသာတို့နဲ့အတူ အမှတ်တရပုံရိပ်လေးတွေကိုလည်းမျှဝေထားပါတယ်။ ပရိသတ်ကြီး အားပေးကြမယ်ဟုတ်။
Photos Credit – Phyo Myat Aung
Stella(Akhayar)
www.akhayar.com