[Zawgyi]

ႏႈတ္ဆက္ထြက္ခြာသြားေပမယ့္ ပရိသတ္ေတြကုိ တသသျဖစ္ေစခဲ့တဲ့ ေဇာ္ၾကီး

မေန႕က ယွဥ္ျပဳိင္ခဲ့တဲ့ Myanmar Idol TopThree ျပဳိင္ပြဲကေတာ့ တစ္ပတ္ထက္ တစ္ပတ္ပုိမုိျပင္းထန္လာျပီး ပရိသတ္စိတ္အာရုံေတြကုိအျမင့္ဆုံးေရာက္ေအာင္ ဖမ္းစားလာျပီျဖစ္ပါတယ္။ နာမည္ၾကီးအဆုိေတာ္ေတြနဲ႕ တြဲဖက္သီဆုိခဲ့ရတဲ့Top Three ျပဳိင္ပြဲ၀င္ သုံးေယာက္ထဲမွာ ေဇာ္ၾကီးတစ္ေယာက္ကေတာ့ Voting အနည္းဆုံးနဲ႕ Myanmar Idol Season 3 ကုိႏႈတ္ဆက္ထြက္ခြာသြားရပါျပီ။


ျဖိဳးျမတ္ေအာင္ နဲ႕ ခ်မ္းေျမ႕ေမာင္ခ်ဳိကေတာ့ ဒီေတာင္ကုိေက်ာ္ႏုိင္သြားေပမယ့္ Grand Final ပြဲနဲ႕လြဲေခ်ာ္ခဲ့ရသူ ေဇာ္ၾကီးအတြက္ေတာ့ ပရိသတ္ေတြ ရတက္မေအးျဖစ္ေနၾကတာေတြ႕ရပါတယ္။ မဲရလာဒ္အနည္းဆုံးနဲ႕ ထြက္ခြာသြားရတဲ့ ေဇာ္ၾကီးအတြက္ ပရိသတ္ေတာ္ေတာ္မ်ားမ်ား စိတ္မေကာင္းျဖစ္ေနၾကသလုိ လူမႈကြန္ရက္မွာပါ Myanmar Idol ျပိဳင္ပြဲအေပၚ လုပ္ပြဲဆုိျပီး ေ၀ဖန္မႈေတြျပင္းထန္လ်က္ရွိေနပါတယ္။

ေဇာ္ၾကီးဟာ Pantene Wild card နဲ႕ လြန္ခဲ့တဲ့ တစ္ပတ္က ျပန္လည္ယွဥ္ျပဳိင္ခြင့္ရခဲ့ျပီး သူ႕ကုိ ခ်စ္ခင္အားေပးတဲ့ ့ပရိသတ္ေတြကေတာ့ ၀မ္းသာပိတိျဖစ္ခဲ့ရပါတယ္။ အရည္အခ်င္းရွိေပမယ့္ Winner ဆုနဲ႕ လြဲေခ်ာ္သြားရရွာတဲ့ ေဇာ္ၾကီး ဟာ ေရွ႕ဆက္တက္ခြင့္မရႏုိင္ေတာ့ေပမယ့္ လူတုိင္းရင္ထဲမွာ ေနရာတစ္ေနရာေတာ့ ရရွိေနမွာပါ။ ေနာက္အပတ္ယွဥ္ျပဳိင္မယ့္ Grand Final ကေတာ့ ပုိျပီး ရင္ခုန္စိတ္လႈပ္ရွားစရာျဖစ္ေနျပီမုိ႕ ဘယ္သူ Winner ျဖစ္မလဲဆုိတာ ေစာင့္ၾကည့္လုိက္ပါဦးေနာ္ ။

Photos Credit – Myanmar Idol and Zawgyi

Stella(Akhayar)

www.Akhayar.com 

[Unicode]

နှုတ်ဆက်ထွက်ခွာသွားပေမယ့် ပရိသတ်တွေကို တသသဖြစ်စေခဲ့တဲ့ ဇော်ကြီး

မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ Myanmar Idol TopThree ပြိုင်ပွဲကတော့ တစ်ပတ်ထက် တစ်ပတ်ပိုမိုပြင်းထန်လာပြီး ပရိသတ်စိတ်အာရုံတွေကိုအမြင့်ဆုံးရောက်အောင် ဖမ်းစားလာပြီဖြစ်ပါတယ်။ နာမည်ကြီးအဆိုတော်တွေနဲ့ တွဲဖက်သီဆိုခဲ့ရတဲ့Top Three ပြိုင်ပွဲဝင် သုံးယောက်ထဲမှာ ဇော်ကြီးတစ်ယောက်ကတော့ Voting အနည်းဆုံးနဲ့ Myanmar Idol Season 3 ကိုနှုတ်ဆက်ထွက်ခွာသွားရပါပြီ။


ဖြိုးမြတ်အောင် နဲ့ ချမ်းမြေ့မောင်ချိုကတော့ ဒီတောင်ကိုကျော်နိုင်သွားပေမယ့် Grand Final ပွဲနဲ့လွဲချော်ခဲ့ရသူ ဇော်ကြီးအတွက်တော့ ပရိသတ်တွေ ရတက်မအေးဖြစ်နေကြတာတွေ့ရပါတယ်။ မဲရလာဒ်အနည်းဆုံးနဲ့ ထွက်ခွာသွားရတဲ့ ဇော်ကြီးအတွက် ပရိသတ်တော်တော်များများ စိတ်မကောင်းဖြစ်နေကြသလို လူမှုကွန်ရက်မှာပါ Myanmar Idol ပြိုင်ပွဲအပေါ် လုပ်ပွဲဆိုပြီး ဝေဖန်မှုတွေပြင်းထန်လျက်ရှိနေပါတယ်။

ဇော်ကြီးဟာ Pantene Wild card နဲ့ လွန်ခဲ့တဲ့ တစ်ပတ်က ပြန်လည်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး သူ့ကို ချစ်ခင်အားပေးတဲ့ပရိသတ်တွေကတော့ ဝမ်းသာပိတိဖြစ်ခဲ့ရပါတယ်။ အရည်အချင်းရှိပေမယ့် ဆုနဲ့ လွဲချော်သွားရရှာတဲ့ ဇော်ကြီး ဟာ ရှေ့ဆက်တက်ခွင့်မရနိုင်တော့ပေမယ့် လူတိုင်းရင်ထဲမှာအမှတ်ရနေမှာသေချာပါတယ် ။။ နောက်အပတ်ယှဉ်ပြိုင်မယ့် Grand Final ကတော့ ပိုပြီး ရင်ခုန်စိတ်လှုပ်ရှားစရာဖြစ်နေပြီမို့ ဘယ်သူ Winner ဖြစ်မလဲဆိုတာ စောင့်ကြည့်လိုက်ပါဦးနော် ။

Photos Credit – Myanmar Idol and Zawgyi

Stella(Akhayar)

www.Akhayar.com