[Zawgyi]

Myanmar Idol နဲ႔ ပရိသတ္ေတြရဲ ႔ဂယက္မ်ားစြာ Grand Final ပြဲ

ပရိသတ္ေတြ တခဲနက္အားေပးၾကသလို ၿပိဳင္ပြဲဝင္ေတြေၾကာင့္လည္း အခ်င္းမ်ားခဲ့ၾကတဲ့ Myanmar Idol Season 3 ဟာ ဆိုရင္ ဒီကေန႔မွာ Final ပြဲ ကိုေရာက္ရွိလို႔ လာခဲ့ပါၿပီ။ ဒီလို က်င္းပခဲ့တဲ့ ကာလ အတြင္း လူမႈကြန္ရက္ေပၚမွာ ပရိသတ္ေတြ ရဲ ႔အခ်ိန္ေတြ ကို အမ်ားဆံုးသိမ္းပိုက္နိုင္ခဲ့တဲ့ အစီအစဥ္တစ္ခု ဆိုရင္လည္း မမွားပါဘူး။

ေနာက္ဆံုး အခမ္းအနားမွာ ပရိသတ္ေတြ ေမွ်ာ္လင့္ထားသလို ျဖစ္ခ်င္မွျဖစ္မယ္၊ အခုလိုျဖစ္ရတာကလည္း ၿပိဳင္ပြဲဝင္ထဲ ကတစ္ေယာက္ျဖစ္တဲ့ ေမာင္ခ်ိဳ ရဲ ႔ေမွ်ာ္လင့္မထားတဲ့ က်န္းမာေရးအေျခအေနေၾကာင့္ သူ႔မွာ အခက္အခဲေတြကိုလည္း ရင္ဆိုင္ေက်ာ္ျဖတ္ခဲ့ရပါေသးတယ္။

ဒီလိုေနာက္ဆံုးေန႔ပြဲ ကို ေတာက္ေလ်ာက္အားေပးခဲ့ၾကတဲ့ ပရိသတ္ေတြကေတာ့ အမ်ားႀကီးေမွ်ာ္လင့္ထားၾကမယ္ဆိုတာကို ယံုၾကည္ပါတယ္။ ဒီကေန႔ ေမာင္ခ်ိဳသာမယွဥ္ၿပိဳင္ရင္ေတာ့ ၿဖိဳးျမတ္ေအာင္ဟာ ေနာက္ဆံုးမွာ စည္းမ်ဥ္းစည္းကမ္းအရ အနုိင္ရရွိတဲ့သူတစ္ေယာက္ျဖစ္လို႔လာမွာလည္း ျဖစ္ပါတယ္။

ပရိသတ္ေတြ အေနနဲ႔လည္း ရင္ခုန္စိတ္လႈပ္ရွားဖြယ္ေကာင္းတဲ့ Myanmar Idol အစီအစဥ္ ကို တခဲနက္အားေပးခဲ့ၾကတဲ့ အတြက္ ပင္ပန္းေနေလာက္ပါၿပီ။ ဒီေတာ့ ဒီေန႔ၿပီးလို႔ေနာက္ေန႔ေရာက္တဲ့ အခါ ဘယ္သူကမေကာင္းလို႕၊ ဘယ္သူကေကာင္းလို႕ ဆိုတဲ့ စိတ္ေတြ ၊ ဘယ္သူ႔ကို အားေပးတာ၊ ငါက ဘယ္သူ႔ Fan ဆုိတာေတြကိုေမ့ေပ်ာက္ၿပီးေတာ့ Myanmar Idol Season 3 ကို အေကာင္းဆံုး ႏႈတ္ဆက္လိုက္ၾကရေအာင္ေနာ္။

Photo Credit:Myanmar Idol Facebook Page

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

Myanmar Idol နဲ့ ပရိသတ်တွေရဲ့ဂယက်များစွာ Grand Final ပွဲ

ပရိသတ်တွေ တခဲနက်အားပေးကြသလို ပြိုင်ပွဲဝင်တွေကြောင့်လည်း အချင်းများခဲ့ကြတဲ့ Myanmar Idol Season 3 ဟာ ဆိုရင် ဒီကနေ့မှာ Final ပွဲ ကိုရောက်ရှိလို့ လာခဲ့ပါပြီ။ ဒီလို ကျင်းပခဲ့တဲ့ ကာလ အတွင်း လူမှုကွန်ရက်ပေါ်မှာ ပရိသတ်တွေ ရဲ့အချိန်တွေ ကို အများဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့ အစီအစဉ်တစ်ခု ဆိုရင်လည်း မမှားပါဘူး။

နောက်ဆုံး အခမ်းအနားမှာ ပရိသတ်တွေ မျှော်လင့်ထားသလို ဖြစ်ချင်မှဖြစ်မယ်၊ အခုလိုဖြစ်ရတာကလည်း ပြိုင်ပွဲဝင်ထဲ ကတစ်ယောက်ဖြစ်တဲ့ မောင်ချို ရဲ့မျှော်လင့်မထားတဲ့ ကျန်းမာရေးအခြေအနေကြောင့် သူ့မှာ အခက်အခဲတွေကိုလည်း ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါသေးတယ်။

ဒီလိုနောက်ဆုံးနေ့ပွဲ ကို တောက်လျောက်အားပေးခဲ့ကြတဲ့ ပရိသတ်တွေကတော့ အများကြီးမျှော်လင့်ထားကြမယ်ဆိုတာကို ယုံကြည်ပါတယ်။ ဒီကနေ့ မောင်ချိုသာမယှဉ်ပြိုင်ရင်တော့ ဖြိုးမြတ်အောင်ဟာ နောက်ဆုံးမှာ စည်းမျဉ်းစည်းကမ်းအရ အနိုင်ရရှိတဲ့သူတစ်ယောက်ဖြစ်လို့လာမှာလည်း ဖြစ်ပါတယ်။

ပရိသတ်တွေ အနေနဲ့လည်း ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ Myanmar Idol အစီအစဉ် ကို တခဲနက်အားပေးခဲ့ကြတဲ့ အတွက် ပင်ပန်းနေလောက်ပါပြီ။ ဒီတော့ ဒီနေ့ပြီးလို့နောက်နေ့ရောက်တဲ့ အခါ ဘယ်သူကမကောင်းလို့၊ ဘယ်သူကကောင်းလို့ ဆိုတဲ့ စိတ်တွေ ၊ ဘယ်သူ့ကို အားပေးတာ၊ ငါက ဘယ်သူ့ Fan ဆိုတာတွေကိုမေ့ပျောက်ပြီးတော့ Myanmar Idol Season 3 ကို အကောင်းဆုံး နှုတ်ဆက်လိုက်ကြရအောင်နော်။

Photo Credit:Myanmar Idol Facebook Page

ကြည်သာ (Akhayar)

www.akhayar.com