[Zawgyi]

ၿဖိဳးျမတ္ေအာင္တစ္ေယာက္တည္းကို ခ်ီးမြမ္းစကားေတြဆိုေနတာေၾကာင့္ ေဝဖန္မႈေတြခံေနရတဲ့ ျမန္မာျပည္သိန္းတန္

Myanmar Idol Season 3 ကိုက်င္းပလ်က္ရွိၿပီး ပြဲစဥ္တစ္ေလွ်ာက္ယွဥ္ၿပိဳင္ၾကသူေတြထဲ မွ ၿဖိဳးျမတ္ေအာင္တစ္ေယာက္ကိုသာ ဒိုင္ျဖစ္သူျမန္မာျပည္သိန္းတန္က  အျမဲတမ္းခ်ီးက်ဴးစကားေတြဆိုေနတာသတိထားမိၾကမွာပါ။ အခုလိုသူတစ္ေယာက္ကိုသာ အျမဲတမ္း ခ်ီးက်ဴးေနတဲ့ အတြက္ၾကည့္ရႈသူပရိသတ္ေတြအေနနဲ႔ အံ႔အားသင့္ၿပီးဘာေၾကာင့္ဆိုတာကို အေျဖရွာမရျဖစ္ေနၾကပါတယ္။

ယွဥ္ၿပိဳင္သူေတြထဲမွာ အရည္အခ်င္းျပည့္ဝၿပီးသီဆိုနိုင္ၾကတဲ့ ခ်မ္းေျမ ႔ေမာင္ခ်ိဳ ၊ ေငြစင္လိႈင္း တို႔ကိုေတာင္ ဒိုင္ျဖစ္သူျမန္မာျပည္သိန္းတန္က မွတ္ခ်က္ေတြ လိုအပ္ခ်က္ေတြ ရွိတယ္လို႔ေျပာေပမယ့္လည္း ၿဖိဳးျမတ္ေအာင္ကိုေတာ့ အျပစ္ေတာင္တစ္ခ်က္မေျပာဘဲ ေကာင္းမြန္တယ္ ဆိုတဲ့အကဲျဖတ္မႈေတြကို ေတြ႔ရတာျဖစ္ပါတယ္။

သူ႔ပညာ၊ သူ႕အရည္အခ်င္းေတြကို ျမန္မာျပည္ပရိသတ္ႀကီးက ေလးစားတန္ဖိုးထားၿပီးသားျဖစ္ၾကေပမယ့္လည္း ဒီတစ္ခါ ျမန္မာျပည္သိန္းတန္ရဲ ႔ Comment ေတြကေတာ့ ၾကည့္ရႈသူပရိသတ္ေတြ အတြက္ ဝိုးကနဲဝါးကနဲ ျဖစ္ေလာက္ေအာင္ကို ျဖစ္ၾကတာကိုလည္း ေတြ႕ရပါတယ္။ ဥပမာေျပာရမယ္ ဆိုရင္ ဂီတေရာင္ျခည္ေတြျဖာထြက္ေနတယ္တို႔ ၊ အဖိုးတန္ပတၱျမားတုံးႀကီးတစ္တုံး ျဖစ္တယ္တို႔ အစရွိၿပီး အမြန္းတင္ေျပာစကားေတြပဲျဖစ္ပါတယ္။ ယွဥ္ၿပိဳင္သူ ၿဖိဳးျမတ္ေအာင္ဟာလည္း အရည္အခ်င္းရွိၿပီးအသံေကာင္း သူတစ္ေယာက္ျဖစ္ေပမယ့္လို႔ ျမန္မာျပည္သိန္းတန္အမႊန္းတင္လြန္းလို႔ ပရိသတ္ရဲ ႔ Voting ကို မရရွိေတာ့မွာ စိုးရိမ္မိသလို ၊ တျခားေသာၿပိဳင္ပြဲဝင္ေတြမွာလည္း ဒိုင္ျဖစ္သူျမန္မာျပည္သိန္းတန္ရဲ ႔ ခ်ီးမြမ္းစကားကိုမရရွိၾကတဲ့ အတြက္အားငယ္စိတ္ဝင္မွာကို စိုးရိမ္မိပါတယ္။

Myanmar Idol အစီအစဥ္ ကိုအားေပးၾကတဲ့ ပရိသတ္ေတြလည္း ဒီလိုခံစားခ်က္မ်ိဳးရွိၾကလိမ့္မယ္လို႕ထင္ပါတယ္။ ဘာပဲေျပာေျပာ ဒီကေန႔ ဇူလိုင္လ ၂၀ ရက္ေန႔ ညပိုင္းလာမယ့္ အစီအစဥ္မွာေတာ့ ၿပိဳင္ပြဲဝင္နွစ္ေယာက္ ႏႈတ္ဆက္ထြက္ခြာရေတာ့မွာလည္း ျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit:Myanmar Idol Facebook Page

www.akhayar.com

[Unicode]

ဖြိုးမြတ်အောင်တစ်ယောက်တည်းကို ချီးမွမ်းစကားတွေဆိုနေတာကြောင့် ဝေဖန်မှုတွေခံနေရတဲ့ မြန်မာပြည်သိန်းတန်

Myanmar Idol Season 3 ကိုကျင်းပလျက်ရှိပြီး ပွဲစဉ်တစ်လျှောက်ယှဉ်ပြိုင်ကြသူတွေထဲ မှ ဖြိုးမြတ်အောင်တစ်ယောက်ကိုသာ ဒိုင်ဖြစ်သူမြန်မာပြည်သိန်းတန်က အမြဲတမ်းချီးကျူးစကားတွေဆိုနေတာသတိထားမိကြမှာပါ။ အခုလိုသူတစ်ယောက်ကိုသာ အမြဲတမ်း ချီးကျူးနေတဲ့ အတွက်ကြည့်ရှုသူပရိသတ်တွေအနေနဲ့ အံ့အားသင့်ပြီးဘာကြောင့်ဆိုတာကို အဖြေရှာမရဖြစ်နေကြပါတယ်။

ယှဉ်ပြိုင်သူတွေထဲမှာ အရည်အချင်းပြည့်ဝပြီးသီဆိုနိုင်ကြတဲ့ ချမ်းမြေ့မောင်ချို ၊ ငွေစင်လှိုင်း တို့ကိုတောင် ဒိုင်ဖြစ်သူမြန်မာပြည်သိန်းတန်က မှတ်ချက်တွေ လိုအပ်ချက်တွေ ရှိတယ်လို့ပြောပေမယ့်လည်း ဖြိုးမြတ်အောင်ကိုတော့ အပြစ်တောင်တစ်ချက်မပြောဘဲ ကောင်းမွန်တယ် ဆိုတဲ့အကဲဖြတ်မှုတွေကို တွေ့ရတာဖြစ်ပါတယ်။

သူ့ပညာ၊ သူ့အရည်အချင်းတွေကို မြန်မာပြည်ပရိသတ်ကြီးက လေးစားတန်ဖိုးထားပြီးသားဖြစ်ကြပေမယ့်လည်း ဒီတစ်ခါ မြန်မာပြည်သိန်းတန်ရဲ့ Comment တွေကတော့ ကြည့်ရှုသူပရိသတ်တွေ အတွက် ဝိုးကနဲဝါးကနဲ ဖြစ်လောက်အောင်ကို ဖြစ်ကြတာကိုလည်း တွေ့ရပါတယ်။ ဥပမာပြောရမယ် ဆိုရင် ဂီတရောင်ခြည်တွေဖြာထွက်နေတယ်တို့ ၊ အဖိုးတန်ပတ္တမြားတုံးကြီးတစ်တုံး ဖြစ်တယ်တို့ အစရှိပြီး အမွန်းတင်ပြောစကားတွေပဲဖြစ်ပါတယ်။ ယှဉ်ပြိုင်သူ ဖြိုးမြတ်အောင်ဟာလည်း အရည်အချင်းရှိပြီးအသံကောင်း သူတစ်ယောက်ဖြစ်ပေမယ့်လို့ မြန်မာပြည်သိန်းတန်အမွှန်းတင်လွန်းလို့ ပရိသတ်ရဲ့ Voting ကို မရရှိတော့မှာ စိုးရိမ်မိသလို ၊ တခြားသောပြိုင်ပွဲဝင်တွေမှာလည်း ဒိုင်ဖြစ်သူမြန်မာပြည်သိန်းတန်ရဲ့ ချီးမွမ်းစကားကိုမရရှိကြတဲ့ အတွက်အားငယ်စိတ်ဝင်မှာကို စိုးရိမ်မိပါတယ်။

Myanmar Idol အစီအစဉ် ကိုအားပေးကြတဲ့ ပရိသတ်တွေလည်း ဒီလိုခံစားချက်မျိုးရှိကြလိမ့်မယ်လို့ထင်ပါတယ်။ ဘာပဲပြောပြော ဒီကနေ့ ဇူလိုင်လ ၂၀ ရက်နေ့ ညပိုင်းလာမယ့် အစီအစဉ်မှာတော့ ပြိုင်ပွဲဝင်နှစ်ယောက် နှုတ်ဆက်ထွက်ခွာရတော့မှာလည်း ဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit:Myanmar Idol Facebook Page

www.akhayar.com