[Zawgyi]




နော်ဂျက်


စွမ်းပြည့်အောင်


ငွေစင်လှိုင်း


မေမဒီ


နေခန့်မင်းသစ်


ဇော်ကြီး


ချမ်းမြေ့မောင်ချို


နီလန်း


ဖြိုးမြတ်အောင်


ပြည့်ဖြိုး



ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

Myanmar Idol ပြိုင်ပွဲဝင်တွေဝန်းရံခဲ့ကြတဲ့ ဇာတိမြေရုပ်ရှင်

ဇာတိမြေရုပ်ရှင်ဇာတ်ကားကြီး ကို ကြည့်ခဲ့ပြီးတော့ Myanmar Idol အဖွဲ့ဝင်တွေကအခုလို Comment တွေပေးခဲ့ကြတာဖြစ်ပါတယ်။ သူတို့တွေရဲ့ဒီဇာတ်ကားပေါ် အမြင်တွေကိုပရိသတ်ကြီးသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒါရိုက်တာ နဲ့ ထုတ်လုပ်သူ မမီး

နော်ဂျက်

ဇာတိမြေကို ကြည့်ပြီးတော့ မြန်မာနိုင်ငံသားဖြစ်ရတာကို အရမ်းကိုဂုဏ်ယူပါတယ်လို့ပြောခဲ့ပါတယ်။

စွမ်းပြည့်အောင်

ဒီဇာတ်ကားဟာ ကြည့်သင့်တဲ့ဇာတ်ကားပါ။ Production တစ်ခုလုံးကို သေသေချာချာအားစိုက်ပြီးတော့ လုပ်ထားတာကိုလည်း တွေ့ရပါတယ်။ ရိုက်ချက်တွေကလည်း နိုင်ငံတကာအဆင့်အမြင့်မီအောင်ရိုက်ကူးထားတဲ့ အတွက် ပရိသတ်တွေကြိုက်နှစ်သက်ကြလိမ့်မယ်လို့ထင်ပါတယ်။

ငွေစင်လှိုင်း

ဒီနေ့ မှာ ဇာတိမြေရုပ်ရှင်ကိုကြည့်ခဲ့ပါတယ်။ ဒီဇာတ်ကားကို ခက်ခက်ခဲခဲပင်ပင်ပန်းပန်းနဲ့ ရိုက်ကူးထားကြတယ်ဆိုတာကို ကြားကတည်းက အရမ်းကို ကြည့်ချင်နေခဲ့တာပါ။ ကြည့်လိုက်ရတဲ့ အချိန်မှာလည်း တကယ်ကိုမြန်မာနိုင်ငံရဲ့အလှအပတွေကို ခံစားလိုက်ရတယ်။ လူငယ်တွေအနေနဲ့လည်း တကယ်ရရမယ့် Message တွေလည်းရလိုက်တယ်ပေါ့နော်။နောက်ဆိုရင် ကိုယ့်နိင်ငံကို တန်ဖိုးထားပြီးတော့နိုင်ငံသားကောင်းတစ်ယောက်ဖြစ်အောင်လုပ်ရမယ် ဆိုတာကိုသိလိုက်ပါတယ်။

မေမဒီ

ဒီဇာတိမေဇာတ်ကားလေး ကိုကြည့်ရတာအရမ်းကောင်းပါတယ်။ ကိုယ့်ရဲ့မြန်မာပြည်မာ ရှိတဲ့သူတွေရော ၊ နိုင်ငံခြားကိုရောက်နေကြတဲ့ မြန်မာလူမျိုးတွေရော ဒီဇာတ်ကားလေးကို ကြည့်လိုက်ရင်မျိုးချစ်စိတ်တွေ ဖြစ်လိမ့်မယ်လို့ထင်ပါတယ်။ ကိုယ့်မြေကိုချစ်တတ်ဖို့အတွက် ဒီကားလေးကို ကြည့်သင့်ပါတယ်။

နေခန့်မင်းသစ်

ကျွန်တော်တို့ Myanmar Idol အဖွဲ့သားတွေ အနေနဲ့ဇာတိမြေရုပ်ရှင်ကားလေးကို ကြည့်ဖြစ်လို့အရမ်းကို ကျေးဇူးတင်ပါတယ်။စိတ်ပင်ပန်းနေတဲ့ဟာတွေ စိတ်ဖိစီးမှုများနေတဲ့ အရာတွေပျောက်သွားပါတယ်။ ဒီကားကို အားလုံးလည်း ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။ စိတ်မကောင်းတာတစ်ခု ကတော့ ရုံမတင်ခင်နှစ်ရက်လောက်မှာ အွန်လိုင်းပေါ်မှာ ပေါက်ခဲ့တယ်ဆိုတော့ မဖြစ်သင့်ပါဘူး ဒါကကြိုးစားမှုတစ်ခု ကိုတစ်ခဏတာနဲ့ ရိုက်ချိုးလိုက်သလိုပါပဲ။

ဇော်ကြီး

ဇာတိမြေကားလေးကတကယ် ကိုမှ ပြည်ပကိုရောက်နေတဲ့သူတွေအကုန်လုံးအတွက် ကိုယ့်ဇာတိမြေလေးကို အင်မတန်မှလွမ်းဆွတ်ဖွယ်ရာ ဇာတ်လမ်းလေးပါ။ တကယ်ကို ကောင်းပါတယ်လို့ပြောပါရစေ။

ချမ်းမြေ့မောင်ချို

အခုဇာတိမြေဇာတ်ကားကိုကြည့်ပြီးတော့ မြန်မာနိုင်ငံမှာနေနေပေမယ့်လည်း ရုပ်ရှင်ထဲမှာတွေ့ရတဲ့ ရှုခင်းတွေကအရမ်းလည်း လှတယ်။ တကယ်လည်းသွားချင်စိတ်တောင်ပေါက်သွားတယ် ရှမ်းပြည်ဘက်ရှုခင်းလေးတွေပြထားတာဆိုရင်လည်း နောက်ခံသီချင်းလေးနဲ့အရမ်းကို လိုက်ဖက်ပြီးကြည့်လို့ကောင်းပါတယ်လို့ပြောခဲပါတယ်။ ပရိသတ်ကြီးလာကြည့်မယ် ဆိုရင်လည်း ဒီလိုရသတွေကိုခံစားရမှာဖြစ်တယ်လို့ ပြောချင်ပါတယ်။

နီလန်း

ဒီကားလေးကို ကြည့်ပြီးအရမ်းသဘောကျပါတယ်။ ပေးချင်တဲ့ Message လေးကိုလည်း သဘောကျပါတယ်လို့ နီလန်းကပြောပြခဲ့တာလည်း ဖြစ်ပါတယ်။

ဖြိုးမြတ်အောင်

ဒီကားကို ကြည့်ပြီးတော့ ကိုယ့်နိုင်ငံကို ချစ်တဲ့ စိတ်တွေပိုပိုပြီးတော့ ဖြစ်ပါတယ်။ နှစ်နိုင်ငံယဉ်ကျေးမှုလေးတွေကိုလည်း တွေ့ရသလို သူ့နိုင်ငံမှာ ဘယ်လိုစည်းကမ်းလေးတွေရှိတယ် ၊ ကိုယ့်နိုင်ငံမှာဘယ်လိုစည်းကမ်းလေးတွေ ရှိတယ်ဆိုတာကို လည်းသိရပါတယ်။ ဒီဇာတ်ကားထဲကနေပြီးတော့ သင်ခန်းစာရစေမယ့် ဇာတ်ကားကောင်းတစ်ခုပါလို့ပြောခဲ့တာဖြစ်ပါတယ်။

ပြည့်ဖြိုး

ဒီကားကို ကြည့်ဖို့အတွက်ဖိတ်ခေါ်ခံရလို့အရမ်းကို ပျော်ပါတယ်။ ဒီကားကိုမကြည့်ခင် ရိုက်ကွင်းတွေကို ရိုက်ပြတဲ့ ဗီဒီယိုလေးကို ကြည့်လိုက်ရကတည်းကကြည့်ချင်ခဲ့တာပါ။ အခုလို Myanmar Idol ညီအစ်ကိုမောင်နှမ တွေနဲ့စုပြီး ကြည့်ခွင့်ရတဲ့ အတွက်ဝမ်းသာပါတယ် ဆိုပြီးတော့ ပြောခဲ့တာဖြစ်ပါတယ်။

Photo Credit: My Country My Home Facebook Page

ကြည်သာ (Akhayar)

www.akhayar.com