မွန်ဂိုလီးယား လက်ရွေးစင်အသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲမတိုင်ခင် တရုတ်လက်ရွေးစင်အသင်းနဲ့ ခြေစမ်းရန်အတွက် မြန်မာ့လက်ရွေးစင်ကစားသမား (၂၃ )ဦးစာရင်းကို နည်းပြချုပ်မီရိုဒရပ် က ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ တရုတ်နိုင်ငံကို ဒီညမှာ ထွက်ခွာမှာ ဖြစ်ပြီး တရုတ်လက်ရွေးစင်အသင်းနဲ့ သြဂုတ်လ (၃၀)ရက်နေ့ လန်းဖန်မြို့မှာ ခြေစမ်းပွဲယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ ဒီခြေစမ်းပွဲအပြီးမှာတော့ မြန်မာအသင်းဟာ မွန်ဂိုလီးယား နိုင်ငံကို ဆက်လက်ထွက်ခွာမှာဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

အခု ထုတ်ပြန်ကြေညာခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ကစားသမား (၂၃) ဦးစာရင်းမှာတော့ ၀ါရင့်ကစားသမားနဲ့ လူငယ်ကစားသမား အချိုးကျ ပါဝင်လာခဲ့ပြီး လက်ရွေးစင်အသင်းနဲ့ ကာလအတန်ကြာဝေးကွာနေခဲ့တဲ့ ကစားသမားကောင်းတွေလည်း ပြန်လည်ပါဝင်လာခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းရဲ့ကစားသမား (၂၃) ဦးစာရင်းမှာတော့ ရန်ကုန် ၊ ရတနာပုံနဲ့ ဧရာဝတီအသင်းတွေက ကစားသမားအများဆုံးနဲ့ ပါဝင်လာခဲ့ပြီး တစ်သင်းကို (၅)ဦးစီ ရွေးချယ်ခံခဲ့ရပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် မွန်ဂိုလီးယား လက်ရွေးစင်အသင်းနဲ့ အဝေးကွင်းပွဲစဉ် စတင်ယှဉ်ပြိုင်သွားရမှာဖြစ်ပေမယ့် လက်ရှိအသင်းရဲ့လူစာရင်း ၊ စုဖွဲ့မှုနဲ့ ခြေစွမ်းပိုင်းတွေကြောင့် ရလဒ်ကောင်းရယူနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းရဲ့ကစားသမား (၂၃) ဦးစာရင်း

ဂိုး – ကျော်ဇင်ထက် (ရန်ကုန်) ၊ ကျော်ဇင်ဖြိုး (ဧရာဝတီ) ၊ ပြည့်လျှံအောင် (ရတနာပုံ)

နောက်တန်း – ဇော်မင်းထွန်း (ချောင်ဘူရီ) ၊ စိုးမိုးကျော် (ဧရာဝတီ) ၊ ဇော်လင်း (ဧရာဝတီ) ၊ ပြည့်ဖြိုးဇော် (ရန်ကုန်) ၊ ဒေးဗစ်ဒန်း (ရှမ်း) ၊ ကျော်ဇင်လွင် (ဧရာဝတီ) ၊ နန္ဒကျော် (ရှမ်း) ၊ သိန်းသန်းဝင်း (ရတနာပုံ)

အလယ်တန်း – ရန်အောင်ကျော် (ရန်ကုန်) ၊ လွင်မိုးအောင် (ဧရာဝတီ) ၊ လှိုင်းဘိုဘို (ရတနာပုံ) ၊ မောင်မောင်လွင် (ရန်ကုန်) ၊ ကြည်လင်း (ဇွဲကပင်) ၊ စည်သူအောင် (ရတနာပုံ) ၊ ဆောင်လမန် (ရှမ်း) ၊ ကောင်းစည်သူ(ဆောက်သမ်းမြန်မာ)

ရှေ့တန်း – ကျော်ကိုကို (ဆာမက်ပရာကန်) ၊ အောင်သူ (မြောင်တောင်) ၊ ၀င်းနိုင်စိုး (ရတနာပုံ) ၊ သန်းပိုင် (ရန်ကုန်)

Ref: Myanmar Football Federation
Photo: Fox Sports Asia , AFF Suzuki Cup Twitter
Ko Kyue(Akhayar)
www.akhayar.com