[Zawgyi]

ဆူဇူကီးဖလား ၿပိဳင္ပဲြ၀င္မယ့္ ျမန္မာအသင္း လူစာရင္း ထြက္ေပၚလာၿပီ

၂၀၁၈ ဆူဇူကီးဖလား ၿပိဳင္ပဲြ၀င္မယ့္ ျမန္မာအသင္း အၿပီးသတ္ ကစားသမား (၂၃)ဦးစာရင္းကုိ ဒီေန႔ မနက္ပုိင္းမွာ ျမန္မာလက္ေရြးစင္အသင္းနည္းျပ အန္တိုနီေဟး Antoine Hey က ထုတ္ျပန္ေၾကညာလုိက္ၿပီျဖစ္ပါတယ္။ ျမန္မာလက္ေရြးစင္အသင္းမွာ ေရြးခ်ယ္ခံခဲ့ရတဲ့သူေတြကေတာ့ ဂုိး- ေက်ာ္ဇင္ထက္၊ ဆန္းဆက္ႏုိင္၊ ဘုန္းသစၥာမင္း၊ ေနာက္တန္း-ေဇာ္မင္းထြန္း၊ ေဒးဗစ္ထန္၊ ၀င္းမုိးေက်ာ္၊ နႏၵေက်ာ္၊ ရဲရင့္ေအာင္၊ ျပည့္ၿဖိဳးေဇာ္၊ စုိးမုိးေက်ာ္၊ သိန္းသန္း၀င္း၊ အလယ္တန္း- လိႈင္းဘုိဘုိ၊ လြင္မုိးေအာင္၊ ရန္ႏုိင္ဦး၊ ေမာင္ေမာင္စုိး၊ ရဲကုိဦး၊ ထက္ၿဖိဳးေ၀၊ ေမာင္ေမာင္လြင္၊ စည္သူေအာင္၊ သန္းထက္ေအာင္တို႔ျဖစ္ၿပီး ေရွ႕တန္းမွာ ေအာင္သူ၊ ဇင္မင္းထြန္း၊ အိစုိးတို႔ ပါ၀င္ခဲ့ၾကတယ္။

Aung-Thu

Aung-Thu

ျမန္မာလက္ေရြးစင္ လူစာရင္းနဲ႔ပတ္သက္ၿပီး ပရိသတ္အေတာ္မ်ားမ်ားက လက္ခံခဲ့ေပမယ့္ အလယ္တန္းမွာ ျမတ္ေကာင္းခန္႔ကုိ မေရြးခ်ယ္ခဲ့တဲ့အတြက္ေတာ့ သိပ္သေဘာမက်ခဲ့ပါဘူး။ ျမန္မာလက္ေရြးစင္အသင္းဟာ ဆူဇူကီးဖလား အုပ္စု(က)မွာ ပါ၀င္ေနၿပီး မနက္ျဖန္ (၁၂-၁၁-၂၀၁၈) မွာ ကေမၻာဒီးယားအသင္းနဲ႔ အုပ္စုအဖြင့္ပဲြ စတင္ကစားရမွာပါ။ အုပ္စု(က)မွာ ဗီယက္နမ္၊ မေလးရွား၊ ျမန္မာ၊ ကေမၻာဒီးယား၊ လာအုိ တို႔ ပါ၀င္ေနၿပီး ျမန္မာက လဲြလုိ႔ က်န္တဲ့အသင္းေတြဟာ အုပ္စုအဖြင့္ပဲြကစားၿပီးပါၿပီ။ ျမန္မာနဲ႔ ယွဥ္ၿပိဳင္ရမယ့္ ကေမၻာဒီးယားအသင္းဟာ အုပ္စုအဖြင့္ပဲြမွာ မေလးရွားကုိ (၁-၀)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တယ္။ ျမန္မာနဲ႔ ကေမၻာဒီးယားအသင္းတို႔ဟာ မနက္ျဖန္ ညေန (၆)နာရီက်ရင္ မႏၱေလးမွာရွိတဲ့ မႏၱလာသီရီကြင္းမွာ ယွဥ္ၿပိဳင္ကစားမွာျဖစ္ပါတယ္။

REF:Myanmar Football Federation Facebook
Photo:Goal,You tube
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဆူဇူကီးဖလား ပြိုင်ပွဲဝင်မယ့် မြန်မာအသင်း လူစာရင်း ထွက်ပေါ်လာပြီ

၂၀၁၈ ဆူဇူကီးဖလား ပြိုင်ပွဲဝင်မယ့် မြန်မာအသင်း အပြီးသတ် ကစားသမား (၂၃)ဦးစာရင်းကို ဒီနေ့ မနက်ပိုင်းမှာ မြန်မာလက်ရွေးစင်အသင်းနည်းပြ အန်တိုနီဟေး Antoine Hey က ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။ မြန်မာလက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရတဲ့သူတွေကတော့ ဂိုး- ကျော်ဇင်ထက်၊ ဆန်းဆက်နိုင်၊ ဘုန်းသစ္စာမင်း၊ နောက်တန်း-ဇော်မင်းထွန်း၊ ဒေးဗစ်ထန်၊ ဝင်းမိုးကျော်၊ နန္ဒကျော်၊ ရဲရင့်အောင်၊ ပြည့်ဖြိုးဇော်၊ စိုးမိုးကျော်၊ သိန်းသန်းဝင်း၊ အလယ်တန်း- လှိုင်းဘိုဘို၊ လွင်မိုးအောင်၊ ရန်နိုင်ဦး၊ မောင်မောင်စိုး၊ ရဲကိုဦး၊ ထက်ဖြိုးဝေ၊ မောင်မောင်လွင်၊ စည်သူအောင်၊ သန်းထက်အောင်တို့ဖြစ်ပြီး ရှေ့တန်းမှာ အောင်သူ၊ ဇင်မင်းထွန်း၊ အိစိုးတို့ ပါဝင်ခဲ့ကြတယ်။

Aung-Thu

Aung-Thu

မြန်မာလက်ရွေးစင် လူစာရင်းနဲ့ပတ်သက်ပြီး ပရိသတ်အတော်များများက လက်ခံခဲ့ပေမယ့် အလယ်တန်းမှာ မြတ်ကောင်းခန့်ကို မရွေးချယ်ခဲ့တဲ့အတွက်တော့ သိပ်သဘောမကျခဲ့ပါဘူး။ မြန်မာလက်ရွေးစင်အသင်းဟာ ဆူဇူကီးဖလား အုပ်စု(က)မှာ ပါဝင်နေပြီး မနက်ဖြန် (၁၂-၁၁-၂၀၁၈) မှာ ကမ္ဘောဒီးယားအသင်းနဲ့ အုပ်စုအဖွင့်ပွဲ စတင်ကစားရမှာပါ။ အုပ်စု(က)မှာ ဗီယက်နမ်၊ မလေးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို တို့ ပါဝင်နေပြီး မြန်မာက လွဲလို့ ကျန်တဲ့အသင်းတွေဟာ အုပ်စုအဖွင့်ပွဲကစားပြီးပါပြီ။ မြန်မာနဲ့ ယှဉ်ပြိုင်ရမယ့် ကမ္ဘောဒီးယားအသင်းဟာ အုပ်စုအဖွင့်ပွဲမှာ မလေးရှားကို (၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ်။ မြန်မာနဲ့ ကမ္ဘောဒီးယားအသင်းတို့ဟာ မနက်ဖြန် ညနေ (၆)နာရီကျရင် မန္တလေးမှာရှိတဲ့ မန္တလာသီရီကွင်းမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

REF:Myanmar Football Federation Facebook
Photo:Goal,You tube
Naing Linn(Akhayar)
www.akhayar.com