[Zawgyi]



Myanmar-Fans-1

Myanmar-Fans-1


Myanmar-Fans-2

Myanmar-Fans-2


Myanmar-Fans1

Myanmar-Fans1


REF:.foxsportsasia
Photo:foxsportsasia
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကမ္ဘောဒီးယားနဲ့ပွဲအပြီးမှာ စည်းကမ်းရှိရှိနဲ့ အမှိုက်တွေ သိမ်းခဲ့ကြတဲ့ မြန်မာပရိသတ်များ

ပြီးခဲ့တဲ့တနင်္လာနေ့က မြန်မာအသင်းဟာ ဆူဇူကီးဖလား အုပ်စုအဖွင့်ပွဲအဖြစ် ကမ္ဘောဒီးယားနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းက (၄-၁)ဂိုးနဲ့အနိုင်ရခဲ့တယ်။ မြန်မာအသင်းဟာ ကွင်းတွင်းမှာ ခြေစွမ်းကောင်းတွေ ပြသခဲ့သလို မြန်မာပရိသတ်တွေကလည်း ပွဲအပြီးမှာ စည်းကမ်းတကျ ကိုယ့်အမှိုက်ကိုယ် သိမ်းဆည်းခဲ့တဲ့ မြင်ကွင်းကလည်း ကြည်နူးစရာပါ။

Myanmar-Fans-1

Myanmar-Fans-1

မြန်မာပရိသတ်တွေဟာ ပွဲကြည့်စင်ပေါ်က အမှိုက်တွေသာမက မန္တလာသီရိကွင်း ပတ်ပတ်လည်က အမှိုက်တွေကိုပါ သိမ်းဆည်းခဲ့တာဖြစ်ပြီး ဒါဟာ တကယ့်ကို ဂုဏ်ယူစရာကောင်းတဲ့ လုပ်ရပ်ဖြစ်သလို ဆူဇူကီးဖလားပြိုင်ပွဲတစ်လျှောက်မှာ ပရိသတ်တွေ ကိုယ့်အမှိုက်ကို ကိုယ်သိမ်းတာက ပထမဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။

Myanmar-Fans-2

Myanmar-Fans-2

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဂျပန်ပရိသတ်တွေဟာ ပွဲအပြီးမှာ ပွဲကြည့်စင်က ကိုယ့်အမှိုက်တွေကို သိမ်းဆည်းခဲ့တဲ့အပြင် ဂျပန်အသင်းက ကစားသမားတွေကလည်း သူတို့အတွက် သတ်မှတ်ထားတဲ့ Dressing Room ကို သန့်ပြန့်နေအောင် ရှင်းလင်းခဲ့ကြတဲ့အတွက် မီဒီယာတွေက ချီးကျူးရေးသားခဲ့ကြဖူးတယ်။

Myanmar-Fans1

Myanmar-Fans1

မြန်မာပရိသတ်တွေရဲ့ လုပ်ရပ်ဟာ တခြားပရိသတ်တွေအတွက်ပါ အားကျလေးစားစရာ အပြုအမူလို့ပဲ ဆိုရမှာပါ။

REF:.foxsportsasia
Photo:foxsportsasia
Naing Linn(Akhayar)
www.akhayar.com