[Zawgyi]

အဖီးလ္သမားေလးမ်ားအတြက္ လြမ္းစရာ့ေႏြရာသီ သီခ်င္းေလးမ်ား

ႏြဝင္ျပီ အမ်ိဳးတို႔ေရ။ ေႏြေရာက္ျပီဆိုေတာ့ အပူခ်ိန္ကလည္း ျပင္းေတာ့ ဘယ္သူမွ အျပင္မထြက္ၾက၊ အိမ္လည္ခ်င္ရင္ေတာင္ ေခါင္းေပၚက ေနလံုးၾကီး ၾကည့္ျပီး မင္းငါ့အိမ္လာကြာ ၊ ငါေတာ့ မင္းအိမ္ပူလို႔ ထြက္မလာႏုိင္ဘူးဆိုျပီး ေဘာလီေဘာပုတ္တမ္းလည္း ကစားတတ္ေသးတာ။

ဒီအခ်ိန္ဆုိ အိမ္မွာ ကုပ္၊ ရုပ္ရွင္ၾကည့္၊ စာအုပ္ဖတ္၊ သီခ်င္းနားေထာင္နဲ႔ပဲ အခ်ိန္ျဖဳန္းရတာ။အဲ.. သီခ်င္းနားေထာင္တယ္ဆိုမွ ေႏြရာသီအတြက္ လိုက္ဖက္တဲ့ သီခ်င္းေလးေတြ ရွာၾကည့္မိတယ္။ ေတြ႔လာေတာ့လည္း ကိုယ္နားေထာင္တာတင္ မဟုတ္ဘဲ အခရာ ပရိသတ္ၾကီးအတြက္ပါ မွ်ေဝခ်င္လာတာေပါ့ဗ်ာ။ ဒါေလးက လက္လွမ္းမီသေလာက္ ျဖစ္လို႔ ေႏြသီခ်င္းေတြ အကုန္ေတာ့ ပါမွာ မဟုတ္ဘဲ ေခတ္ေပၚသီခ်င္းေလးေတြကို ဦးစားေပးစုစည္းထားတာပါလို႔လည္း ထပ္ေလာင္းေျပာပါရေစ။

ပထမဆံုး စိတ္ထဲ ဝင္လာတဲ့ သီခ်င္းကေတာ့ ဒီေႏြဦးနဲ႔ အလုိက္ဆံုး “ေႏြဦးကံေ့ကာ္” သီခ်င္းပဲ ျဖစ္ပါတယ္။ ေတးေရး ကိုေလးလြင္ေရးသားျပီး ဒီဗားရွင္းကေတာ့ ထူးအိမ္သင္ဆိုထားတာ ျဖစ္ပါတယ္။  စကားလံုးအဖြဲ႔အႏြဲ႔ဟာ သိပ္သည္းလွပသလို သီခ်င္းနားေထာင္လိုက္တာနဲ႔ ေႏြရာသီမွာ ကံ့ေကာ္ပင္တန္းေတြ တျပံဳၾကီးေအာက္ လမ္းေလွ်ာက္ေနရသလို ခံစားခ်က္နဲ႔ ခ်စ္သူေကာင္မေလးကို တမ္းတေနရတဲ့ ခံစားခ်က္မ်ိဳး ရေစမွာပါ။

ဟုတ္ကဲ့ပါဗ်ာ၊ The Voice Myanmar က ဒုိင္တစ္ေယာက္ျဖစ္တဲ့ ကိုက်ားေပါက္ရဲ့ ေႏြဦးပါပဲ။ ေႏြဦး မင္းငါ့ကို မခ်စ္ေတာ့ဘူးဆိုတဲ့ စာသားကစလို႔ မေန႔ကလိုပဲ ဒီအတိတ္ဟာ ပူေလာင္ဆဲ ဥၾသငွက္သံၾကား ငါနင့္ကို ငါလြမ္းတယ္ ဆိုတဲ့ ေနြေရာက္တုိင္း ခံစားေနရတဲ့ အလြမ္းကို သီခ်င္းၾကားတာနဲ႔ ခံစားရမွာပါ။

The Ants ( ပုရြက္ဆိတ္ေလးမ်ား) ရဲ့ ေႏြဦးပံုျပင္ကုိေတာ့ အားလံုးသိျပီးၾကျပီးျဖစ္မွာပါ။ အခန္းေလးရဲ့ ေရွ႕မွာ တိတ္ဆိတ္တဲ့ ဒီေႏြဦးဟာ အေဝးဆံုးက သယ္ယူလာတဲ့ အိပ္မက္ေဟာင္းေလးေတြသာ ငါ့အတြက္ မထူးေတာ့ပါဆုိတဲ့ က်စ္က်စ္လ်စ္လ်စ္ လွလွပပစာသားေတြနဲ႔ The Ants ပံုစံအတုိင္းေတြ႔ရမွာပါ။

ေႏြနဲ႔ ပက္သက္တဲ့ သီခ်င္းလို႔ ဆိုလိုက္တာနဲ႔ ေခတ္လူငယ္ေတြေတာင္ ဒီသီခ်င္းကို ေျပးျမင္ၾကမွာပါ။ ေႏြေရာက္ျပီေလ.. ရိုးတံ က်ဲက်ဲ ပင္အိုတို႔ အလွခ်င္းလည္း ျပိဳင္ ဆိုတဲ့ ေႏြသီခ်င္းကို ေတးေရး ေမာင္ေမာင္လတ္(သုႏၵရ) ေရးသားျပီး ဗစ္တာခင္ညိုဆုိထားတဲ့ သီခ်င္းေလးနဲ႔ အလြမ္းခံစားခ်က္ေတြ ရလိုက္ပါဦးဗ်ာ။

ဒီတစ္ခါေတာ့ မိန္းကေလးပရိသတ္ေတြ အလွည့္ေပးရမွာပါ။ ဒီသီခ်င္းက ေရႊေဂ်ာ္ေဂ်ာ္ေရးသားျပီး ယုဇန သီဆိုထားတဲ့ ေႏြေက်ာင္းသူ သီခ်င္းပါပဲ။ အထုပ္အပိုးေတြကို မင္းလြယ္ ႏႈတ္ဆက္အိမ္ျပန္ေတာ့ကြယ္ ရယ္သံေတြလည္း ရပ္..ခုေနခ်ိန္မွာ ငါလည္း မ်က္ရည္လည္.. ေႏြရာသီကုိ ေရာက္ခဲ့ျပီ။ ေႏြရာသီမွာ ေက်ာင္းေတြပိတ္လို႔ ခြဲၾကရေတာ့မယ့္ သူငယ္ခ်င္းေတြ၊ ခ်စ္သူေတြၾကား သိပ္ကို နားေထာင္ေကာင္းတဲ့ သီခ်င္းလို႔ ညႊန္းပါရေစ။

မတူညီတဲ့ သီခ်င္းပံုစံေတြ ၾကားမွာ Rap သီခ်င္းတစ္ပုဒ္ကို ေျပာပါဦးဆိုရင္ေတာ့ ကြီးစုိင္းရဲ့ ေႏြရာသီလမ္းခြဲ သီခ်င္းကို မွ်ေဝခ်င္ပါတယ္။ ဘယ္လိုပဲ Rap မၾကိဳက္ဘူးဆိုဆို ေဝးေဝးေျပးတဲ့ အခ်စ္ကို စြဲလမး္လြန္းလို႔ ရင္မွာ ႏွလံုးသားကြဲအက္ အို ရူးေတာ့မွာပဲ ဆုိတဲ့ စာသားကိုေတာ့ အမွတ္တမဲ့ ျဖစ္ျဖစ္ ညည္းဖူးၾကမွာပါ။ ေႏြရာသီမွာ ခ်စ္ခဲ့လို႔ ေႏြရာသီီမွာ ကြဲ… ေႏြရာသီကို မုန္းလို႔ ဒီမွာ အသည္းကြဲ..

Old but gold ဆိုသလို Oldies သီခ်င္းေတြမွာလည္း သိပ္ကို အႏွစ္အသားပါတဲ့ သီခ်င္းေတြ ေရတြက္မရေအာင္ အမ်ားၾကီးပါ။ အခုလည္း ေတးေရး စိုင္းခမ္းလိတ္ေရးသားျပီး ဦးထီး ( စိုင္းထီးဆိုင္) ရဲ့ ေႏြရာသီဆိုတဲ့ ေတးတစ္ပုဒ္ကို ေႏြသီခ်င္းခ်စ္သူမ်ားအတြက္ ေရြးထုတ္ေပးလိုက္ပါတယ္။ ေႏြရာသီမွာ ဘယ္လုိလြမ္းတယ္ဆိုတာကို ေနာက္အဖြဲ႔တစ္မ်ိဳးေလးနဲ႔ နားေထာင္ၾကည့္ပါဦး။

ဒီေလာက္ဆုိ ေႏြသီခ်င္းေလးေတြ အျမည္းအေနနဲ႔ေတာ့ စံုျပီ ထင္ပါတယ္ခင္ဗာ်။ ေနာက္ထပ္ သိတဲ့၊ ၾကိဳက္တဲ့ ေႏြသီခ်င္းေလးေတြ ရွိရင္လည္း Comment Box မွာ လက္တုိ႔ခဲ့ပါဦးလို႔။

ရိုးလူ (Akhayar)

www.akhayar.com
[Unicode]

အဖီးလ်သမားလေးများအတွက် လွမ်းစရာ့နွေရာသီ သီချင်းလေးများ

နွဝင်ပြီ အမျိုးတို့ရေ။ နွေရောက်ပြီဆိုတော့ အပူချိန်ကလည်း ပြင်းတော့ ဘယ်သူမှ အပြင်မထွက်ကြ၊ အိမ်လည်ချင်ရင်တောင် ခေါင်းပေါ်က နေလုံးကြီး ကြည့်ပြီး မင်းငါ့အိမ်လာကွာ ၊ ငါတော့ မင်းအိမ်ပူလို့ ထွက်မလာနိုင်ဘူးဆိုပြီး ဘောလီဘောပုတ်တမ်းလည်း ကစားတတ်သေးတာ။

ဒီအချိန်ဆို အိမ်မှာ ကုပ်၊ ရုပ်ရှင်ကြည့်၊ စာအုပ်ဖတ်၊ သီချင်းနားထောင်နဲ့ပဲ အချိန်ဖြုန်းရတာ။အဲ.. သီချင်းနားထောင်တယ်ဆိုမှ နွေရာသီအတွက် လိုက်ဖက်တဲ့ သီချင်းလေးတွေ ရှာကြည့်မိတယ်။ တွေ့လာတော့လည်း ကိုယ်နားထောင်တာတင် မဟုတ်ဘဲ အခရာ ပရိသတ်ကြီးအတွက်ပါ မျှဝေချင်လာတာပေါ့ဗျာ။ ဒါလေးက လက်လှမ်းမီသလောက် ဖြစ်လို့ နွေသီချင်းတွေ အကုန်တော့ ပါမှာ မဟုတ်ဘဲ ခေတ်ပေါ်သီချင်းလေးတွေကို ဦးစားပေးစုစည်းထားတာပါလို့လည်း ထပ်လောင်းပြောပါရစေ။

ပထမဆုံး စိတ်ထဲ ဝင်လာတဲ့ သီချင်းကတော့ ဒီနွေဦးနဲ့ အလိုက်ဆုံး “နွေဦးကံေ့ကာ်” သီချင်းပဲ ဖြစ်ပါတယ်။ တေးရေး ကိုလေးလွင်ရေးသားပြီး ဒီဗားရှင်းကတော့ ထူးအိမ်သင်ဆိုထားတာ ဖြစ်ပါတယ်။  စကားလုံးအဖွဲ့အနွဲ့ဟာ သိပ်သည်းလှပသလို သီချင်းနားထောင်လိုက်တာနဲ့ နွေရာသီမှာ ကံ့ကော်ပင်တန်းတွေ တပြုံကြီးအောက် လမ်းလျှောက်နေရသလို ခံစားချက်နဲ့ ချစ်သူကောင်မလေးကို တမ်းတနေရတဲ့ ခံစားချက်မျိုး ရစေမှာပါ။

ဟုတ်ကဲ့ပါဗျာ၊ The Voice Myanmar က ဒိုင်တစ်ယောက်ဖြစ်တဲ့ ကိုကျားပေါက်ရဲ့ နွေဦးပါပဲ။ နွေဦး မင်းငါ့ကို မချစ်တော့ဘူးဆိုတဲ့ စာသားကစလို့ မနေ့ကလိုပဲ ဒီအတိတ်ဟာ ပူလောင်ဆဲ ဥသြငှက်သံကြား ငါနင့်ကို ငါလွမ်းတယ် ဆိုတဲ့ နွေရောက်တိုင်း ခံစားနေရတဲ့ အလွမ်းကို သီချင်းကြားတာနဲ့ ခံစားရမှာပါ။

The Ants ( ပုရွက်ဆိတ်လေးများ) ရဲ့ နွေဦးပုံပြင်ကိုတော့ အားလုံးသိပြီးကြပြီးဖြစ်မှာပါ။ အခန်းလေးရဲ့ ရှေ့မှာ တိတ်ဆိတ်တဲ့ ဒီနွေဦးဟာ အဝေးဆုံးက သယ်ယူလာတဲ့ အိပ်မက်ဟောင်းလေးတွေသာ ငါ့အတွက် မထူးတော့ပါဆိုတဲ့ ကျစ်ကျစ်လျစ်လျစ် လှလှပပစာသားတွေနဲ့ The Ants ပုံစံအတိုင်းတွေ့ရမှာပါ။

နွေနဲ့ ပက်သက်တဲ့ သီချင်းလို့ ဆိုလိုက်တာနဲ့ ခေတ်လူငယ်တွေတောင် ဒီသီချင်းကို ပြေးမြင်ကြမှာပါ။ နွေရောက်ပြီလေ.. ရိုးတံ ကျဲကျဲ ပင်အိုတို့ အလှချင်းလည်း ပြိုင် ဆိုတဲ့ နွေသီချင်းကို တေးရေး မောင်မောင်လတ်(သုန္ဒရ) ရေးသားပြီး ဗစ်တာခင်ညိုဆိုထားတဲ့ သီချင်းလေးနဲ့ အလွမ်းခံစားချက်တွေ ရလိုက်ပါဦးဗျာ။

ဒီတစ်ခါတော့ မိန်းကလေးပရိသတ်တွေ အလှည့်ပေးရမှာပါ။ ဒီသီချင်းက ရွှေဂျော်ဂျော်ရေးသားပြီး ယုဇန သီဆိုထားတဲ့ နွေကျောင်းသူ သီချင်းပါပဲ။ အထုပ်အပိုးတွေကို မင်းလွယ် နှုတ်ဆက်အိမ်ပြန်တော့ကွယ် ရယ်သံတွေလည်း ရပ်..ခုနေချိန်မှာ ငါလည်း မျက်ရည်လည်.. နွေရာသီကို ရောက်ခဲ့ပြီ။ နွေရာသီမှာ ကျောင်းတွေပိတ်လို့ ခွဲကြရတော့မယ့် သူငယ်ချင်းတွေ၊ ချစ်သူတွေကြား သိပ်ကို နားထောင်ကောင်းတဲ့ သီချင်းလို့ ညွှန်းပါရစေ။

မတူညီတဲ့ သီချင်းပုံစံတွေ ကြားမှာ Rap သီချင်းတစ်ပုဒ်ကို ပြောပါဦးဆိုရင်တော့ ကွီးစိုင်းရဲ့ နွေရာသီလမ်းခွဲ သီချင်းကို မျှဝေချင်ပါတယ်။ ဘယ်လိုပဲ Rap မကြိုက်ဘူးဆိုဆို ဝေးဝေးပြေးတဲ့ အချစ်ကို စွဲလမ်းလွန်းလို့ ရင်မှာ နှလုံးသားကွဲအက် အို ရူးတော့မှာပဲ ဆိုတဲ့ စာသားကိုတော့ အမှတ်တမဲ့ ဖြစ်ဖြစ် ညည်းဖူးကြမှာပါ။ နွေရာသီမှာ ချစ်ခဲ့လို့ နွေရာသီမှာ ကွဲ… နွေရာသီကို မုန်းလို့ ဒီမှာ အသည်းကွဲ..

Old but gold ဆိုသလို Oldies သီချင်းတွေမှာလည်း သိပ်ကို အနှစ်အသားပါတဲ့ သီချင်းတွေ ရေတွက်မရအောင် အများကြီးပါ။ အခုလည်း တေးရေး စိုင်းခမ်းလိတ်ရေးသားပြီး ဦးထီး ( စိုင်းထီးဆိုင်) ရဲ့ နွေရာသီဆိုတဲ့ တေးတစ်ပုဒ်ကို နွေသီချင်းချစ်သူများအတွက် ရွေးထုတ်ပေးလိုက်ပါတယ်။ နွေရာသီမှာ ဘယ်လိုလွမ်းတယ်ဆိုတာကို နောက်အဖွဲ့တစ်မျိုးလေးနဲ့ နားထောင်ကြည့်ပါဦး။

ဒီလောက်ဆို နွေသီချင်းလေးတွေ အမြည်းအနေနဲ့တော့ စုံပြီ ထင်ပါတယ်ခင်ဗာျ။ နောက်ထပ် သိတဲ့၊ ကြိုက်တဲ့ နွေသီချင်းလေးတွေ ရှိရင်လည်း Comment Box မှာ လက်တို့ခဲ့ပါဦးလို့။

ရိုးလူ (Akhayar)

www.akhayar.com