[Zawgyi]

မေလးရွားနဲ႔ပဲြအၿပီးမွာ ၿပိဳင္ဘက္ပရိသတ္ေတြရဲ႕ တိုက္ခုိက္တာကုိ ခံခဲ့ရတဲ့ ျမန္မာပရိသတ္မ်ား

ဆူဇူကီးၿပိဳင္ပဲြအျဖစ္ မေလးရွားနဲ႔ျမန္မာအသင္းတို႔ ကစားခဲ့တဲ့ပဲြအၿပီးမွာ အဲဒီပဲြကုိ လာေရာက္ၾကည့္႐ႈခဲ့တဲ့ ျမန္မာပရိသတ္တခ်ိဳ႕ကုိ ၿပိဳင္ဘက္ပရိသတ္ေတြက ရန္ျပဳတိုက္ခုိက္ခဲ့ၾကပါတယ္။ မေလးရွားအသင္းဟာ အိမ္ကြင္းမွာ ျမန္မာကုိ (၃)ဂုိးျပတ္အႏုိင္ယူခဲ့ၿပီး ဆီမီးဖုိင္နယ္တက္ခြင့္ ရယူခဲ့ေပမယ့္ အိမ္ရွင္ပရိသတ္ေတြရဲ႕ လုပ္ရပ္ကေတာ့ အရွက္ရစရာပါပဲ။ သတင္းေတြအရေတာ့ အမ်ိဳးသမီးေတြအပါအ၀င္ ျမန္မာပရိသတ္ အေယာက္(၂၀)နီးပါးဟာ ကြာလာလမ္ပူၿမိဳ႕ကုိ သြားဖုိ႔ ဘတ္စ္ကား ေစာင့္ဆုိင္းေနတုန္း မေလးရွားပရိသတ္ (၃၀)ခန္႔က ႐ုိင္း႐ုိင္းစုိင္းစုိင္း ေျပာဆုိခ့ဲတဲ့အျပင္ ရန္ျပဳတိုက္ခုိက္ခဲ့တယ္လုိ႔လညး္ သိရပါတယ္။

Myanmar-fans-were-attacked

Myanmar-fans-were-attacked

မေလးရွားပရိသတ္ေတြဟာ ျမန္မာပရိသတ္ေတြကုိ “babi”(၀က္ေတြ)လုိ႔ ေအာ္ဟစ္ခဲ့ၿပီး တခ်ဳိ႕ကေတာ့ အဲဒီေနရာကေန ခ်က္ခ်င္းထြက္ေျပးသြားၾကတယ္။ မေလးရွားပရိသတ္ေတြရဲ႕ ရန္ျပဳမႈေၾကာင့္ ထိခုိက္ဒဏ္ရာရခဲ့တဲ့ ျမန္မာပရိသတ္ေတြဟာ သက္ဆုိင္ရာ လူမႈလုပ္ငန္းအဖဲြ႕တာ၀န္ရွိသူေတြရဲ႕ အကူအညီနဲ႔ နီးစပ္ရာ ေဆး႐ုံမွာ ေဆးကုသမႈခံယူခဲ့ရပါတယ္။ ျမန္မာပရိသတ္ေတြထဲက အမ်ိဳးသမီး (၃)ဦးဟာ ေျခေထာက္နဲ႔ အကန္ခံခဲ့ရၿပီး (၃)ေယာက္ဟာ ဒဏ္ရာျပင္းျပင္းထန္ထန္ရရွိခဲ့သလုိ သူတို႔ရဲ႕ ဖုန္းေတြကုိလည္း မေလးရွားပရိသတ္ေတြက လုယူသြားခဲ့ပါေသးတယ္။

Malaysia-vs-Myanmar

Malaysia-vs-Myanmar

အဲဒီျဖစ္ရပ္ကုိ မေလးရွားရဲတပ္ဖဲြ႕ရဲ႕ ကုိင္တြယ္ပုံကလည္း ေတာ္ေတာ္ေလး စိတ္ပ်က္စရာပါ။ ျမန္မာပရိသတ္တစ္ဦးက “ေတာ္ေတာ္ဆုိးပါတယ္ဗ်ာ။ မေလးရွားနဲ႔ကန္တိုင္း ဒီလုိေတြက အၿမဲျဖစ္ေနၿပီး ကၽြန္ေတာ္တို႔အသင္း ႐ႈံးရင္ေတာင္ ရန္စခံရပါတယ္။ အခုျဖစ္ရပ္ကုိ ရဲတိုင္ေတာ့လည္း သူတို႔က ကၽြန္ေတာ္တို႔အရင္ ရန္စတာလုိ႔ ျပန္ေျပာၿပီး အိမ္ကုိ အျမန္ဆုံးျပန္ဖုိ႔ေတာင္ အမိန္႔ေပးခဲ့ပါတယ္။ ျမန္မာသာ ႏုိင္လုိ႔ေတာ့ အသတ္ေတာင္ ခံရမလားပဲ။ ကၽြန္ေတာ့္ညီအစ္ကုိေတြ အျမန္ဆုံး ျပန္ေကာင္းလာပါေစဗာ်” လုိ႔ ေျပာၾကားခဲ့တယ္။

REF:foxsportsasia
Photo:foxsportsasia
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မလေးရှားနဲ့ပွဲအပြီးမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ တိုက်ခိုက်တာကို ခံခဲ့ရတဲ့ မြန်မာပရိသတ်များ

ဆူဇူကီးပြိုင်ပွဲအဖြစ် မလေးရှားနဲ့မြန်မာအသင်းတို့ ကစားခဲ့တဲ့ပွဲအပြီးမှာ အဲဒီပွဲကို လာရောက်ကြည့်ရှုခဲ့တဲ့ မြန်မာပရိသတ်တချို့ကို ပြိုင်ဘက်ပရိသတ်တွေက ရန်ပြုတိုက်ခိုက်ခဲ့ကြပါတယ်။ မလေးရှားအသင်းဟာ အိမ်ကွင်းမှာ မြန်မာကို (၃)ဂိုးပြတ်အနိုင်ယူခဲ့ပြီး ဆီမီးဖိုင်နယ်တက်ခွင့် ရယူခဲ့ပေမယ့် အိမ်ရှင်ပရိသတ်တွေရဲ့ လုပ်ရပ်ကတော့ အရှက်ရစရာပါပဲ။ သတင်းတွေအရတော့ အမျိုးသမီးတွေအပါအဝင် မြန်မာပရိသတ် အယောက်(၂၀)နီးပါးဟာ ကွာလာလမ်ပူမြို့ကို သွားဖို့ ဘတ်စ်ကား စောင့်ဆိုင်းနေတုန်း မလေးရှားပရိသတ် (၃၀)ခန့်က ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့တဲ့အပြင် ရန်ပြုတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

Myanmar-fans-were-attacked

Myanmar-fans-were-attacked

မလေးရှားပရိသတ်တွေဟာ မြန်မာပရိသတ်တွေကို “babi”(ဝက်တွေ)လို့ အော်ဟစ်ခဲ့ပြီး တချို့ကတော့ အဲဒီနေရာကနေ ချက်ချင်းထွက်ပြေးသွားကြတယ်။ မလေးရှားပရိသတ်တွေရဲ့ ရန်ပြုမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ မြန်မာပရိသတ်တွေဟာ သက်ဆိုင်ရာ လူမှုလုပ်ငန်းအဖွဲ့တာဝန်ရှိသူတွေရဲ့ အကူအညီနဲ့ နီးစပ်ရာ ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။ မြန်မာပရိသတ်တွေထဲက အမျိုးသမီး (၃)ဦးဟာ ခြေထောက်နဲ့ အကန်ခံခဲ့ရပြီး (၃)ယောက်ဟာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့သလို သူတို့ရဲ့ ဖုန်းတွေကိုလည်း မလေးရှားပရိသတ်တွေက လုယူသွားခဲ့ပါသေးတယ်။

Malaysia-vs-Myanmar

Malaysia-vs-Myanmar

အဲဒီဖြစ်ရပ်ကို မလေးရှားရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံကလည်း တော်တော်လေး စိတ်ပျက်စရာပါ။ မြန်မာပရိသတ်တစ်ဦးက “တော်တော်ဆိုးပါတယ်ဗျာ။ မလေးရှားနဲ့ကန်တိုင်း ဒီလိုတွေက အမြဲဖြစ်နေပြီး ကျွန်တော်တို့အသင်း ရှုံးရင်တောင် ရန်စခံရပါတယ်။ အခုဖြစ်ရပ်ကို ရဲတိုင်တော့လည်း သူတို့က ကျွန်တော်တို့အရင် ရန်စတာလို့ ပြန်ပြောပြီး အိမ်ကို အမြန်ဆုံးပြန်ဖို့တောင် အမိန့်ပေးခဲ့ပါတယ်။ မြန်မာသာ နိုင်လို့တော့ အသတ်တောင် ခံရမလားပဲ။ ကျွန်တော့်ညီအစ်ကိုတွေ အမြန်ဆုံး ပြန်ကောင်းလာပါစေဗာျ” လို့ ပြောကြားခဲ့တယ်။

REF:foxsportsasia
Photo:foxsportsasia
Naing Linn(Akhayar)
www.akhayar.com