[Zawgyi]






REF:foxsportsasia
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကိုယ့်အသင်း ရှုံးခဲ့ပေမယ့် လူကြီးလူကောင်းဆန်တဲ့ စိတ်ဓာတ်ကို ပြသခဲ့တဲ့ မြန်မာပရိသတ်များ

၂၀၁၈ ဆူဇူကီးပြိုင်ပွဲမှာတော့ မြန်မာအသင်းဟာ မလေးရှားကို (၃)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး အုပ်စုက ထွက်ခွာခဲ့ရပါပြီ။ ဒီရှုံးပွဲဟာ ပြည်တွင်းက မြန်မာပရိသတ်တွေရော၊ မလေးရှားမှာရှိတဲ့ မြန်မာပရိသတ်တွေအတွက်ပါ ကြေကွဲဝမ်းနည်းစရာ ရလဒ်ဖြစ်ခဲ့ပြီး ခံရခက်တဲ့ ရလဒ်လို့ပဲပြောရမှာပါ။ ဒါပေမဲ့ မလေးရှားရောက် မြန်မာပရိသတ်တွေဟာ ကိုယ့်အသင်းရှုံးနိမ့်ခဲ့ပေမယ့် လူကြီးလူကောင်းဆန်တဲ့ စိတ်ဓာတ်ကို ပြသခဲ့ကြပါတယ်။ မလေးရှား-မြန်မာပွဲအပြီး ဘူကစ်ဂျာလီကွင်းက မြန်မာပရိသတ်တွေအတွက် သတ်မှတ်ထားတဲ့ ဧရိယာအတွင်း အမှိုက်တွေကို စနစ်တကျ ပြန်သိမ်းခဲ့ပြီး ပြိုင်ဘက်ပရိသတ်တွေ လေးစားအားကျရမယ့် အပြုအမူကို လုပ်ပြခဲ့တာပါ။

Myanmar-fans-had-stolen-the-spotlight-with-their-heartwarming-actions

Myanmar-fans-had-stolen-the-spotlight-with-their-heartwarming-actions

မြန်မာပရိသတ်တွေ ကိုယ့်အမှိုက်ကို ကိုယ်ပြန်သိမ်းခဲ့ကြတာက ဒါ ပထမဆုံး မဟုတ်ပါဘူး။ မန္တလေးမှာ ကမ္ဘောဒီးယားနဲ့ ကစားခဲ့တဲ့ပွဲတုန်းကလည်း မြန်မာပရိသတ်တွေဟာ အမှိုက်တွေကို စနစ်တကျ ပြန်သိမ်းခဲ့ကြပါသေးတယ်။ မလေးရှားနဲ့ပွဲအပြီးမှာ မြန်မာပရိသတ်တချို့ကို မလေးရှားပရိသတ်တွေက ရန်စတိုက်ခိုက်ခဲ့ကြတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာပရိသတ်တွေကတော့ ပြိုင်ဘက် ပရိသတ်တွေ ဘယ်လောက်ပဲ ရိုင်းရိုင်း လူကြီးလူကောင်းဆန်တဲ့ အပြုအမူကို ပြသခဲ့တယ်လို့ပဲ ဆိုရမှာပါ။

REF:foxsportsasia
Photo:FOX Sports Philippines,foxsportsasia
Naing Linn(Akhayar)
www.akhayar.com