[Zawgyi]

ဂ်ပန္မွာ အတူတူေလွ်ာက္လည္ခဲ့တဲ့ ေနျခည္ဦးတုိ႕စုံတြဲရဲ႕ ပုံရိပ္မ်ား

ခ်ီခ်ီ လုိ႕ မိန္းကေလးပရိသတ္ေတြၾကားမွာ ခ်စ္စႏုိးနာမည္ေလးေခၚခံရတဲ့ Beauty Blogger ေနျခည္ဦးကေတာ့ သူမရဲ႕ ခ်စ္သူနဲ႕အတူ ဂ်ပန္ႏုိင္ငံကုိ အလည္ေရာက္ရွိေနခဲ့တယ္လုိ႕ သိရပါတယ္။ ႏုိင္ငံေက်ာ္ Beauty Blogger တစ္ေယာက္ပီပီ အလွအပနဲ႕ ဖက္ရွင္ ျပင္ဆင္မႈအပုိင္းမွာ အေထြအထူးေျပာစရာမလိုေလာက္ေအာင္ အထာက်ေနတတ္သူမုိ႕လည္း သူမကုိ အားေပး၀န္းရံၾကတဲ့ လူမႈကြန္ရက္သုံးစြဲသူေတြလည္း ေတာ္ေတာ္ေလးမ်ားေနတာျဖစ္ပါတယ္။


ခ်ီခ်ီတစ္ေယာက္ လက္တေလာမွာေတာ့ သူမရဲ႕ ခ်စ္သူေကာင္ေလးနဲ႕အတူ ဂ်ပန္ႏုိင္ငံတုိက်ိဳျမိဳ႕ရဲ႕ Disney Sea မွာ ေလွ်ာက္လည္ေနတဲ့ပုံရိပ္ေတြကုိ သူမရဲ႕ Instagram အေကာင့္မွာ မွ်ေ၀ထားတာေတြ႕ရပါတယ္။ ၾကည္ၾကည္ႏူးႏူးရုိက္ကူးထားတဲ့ သူတုိ႕စုံတြဲပုံေလးေတြကေတာ့ ပရိသတ္ေတြအတြက္ အားက်စရာျဖစ္ေနမယ္လုိ႕ထင္ပါတယ္။

စတုိင္က်ျပီး အျမဲတမ္းလန္းဆန္းေနတတ္တဲ့ ခ်ီခ်ီ ဟာ စကပ္တုိေလးနဲ႕ Crop အတုိေလးကုိတြဲဖက္၀တ္ဆင္ထားတာကလည္း အရမ္းခ်စ္စရာေကာင္းေနပါတယ္။

Photos Credit – Naychioo Instagram

Stella(Akhayar)

www.Akhayar.com 

[Unicode]

ဂျပန်မှာ အတူတူလျှောက်လည်ခဲ့တဲ့ နေခြည်ဦးတို့စုံတွဲရဲ့ ပုံရိပ်များ

ချီချီ လို့ မိန်းကလေးပရိသတ်တွေကြားမှာ ချစ်စနိုးနာမည်လေးခေါ်ခံရတဲ့ Beauty Blogger နေခြည်ဦးကတော့ သူမရဲ့ ချစ်သူနဲ့အတူ ဂျပန်နိုင်ငံကို အလည်ရောက်ရှိနေခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံကျော် Beauty Blogger တစ်ယောက်ပီပီ အလှအပနဲ့ ဖက်ရှင် ပြင်ဆင်မှုအပိုင်းမှာ အထွေအထူးပြောစရာမလိုလောက်အောင် အထာကျနေတတ်သူမို့လည်း သူမကို အားပေးဝန်းရံကြတဲ့ လူမှုကွန်ရက်သုံးစွဲသူတွေလည်း တော်တော်လေးများနေတာဖြစ်ပါတယ်။

ချီချီတစ်ယောက် လက်တလောမှာတော့ သူမရဲ့ ချစ်သူကောင်လေးနဲ့အတူ ဂျပန်နိုင်ငံတိုကျိုမြို့ရဲ့ Disney Sea မှာ လျှောက်လည်နေတဲ့ပုံရိပ်တွေကို သူမရဲ့ Instagram အကောင့်မှာ မျှဝေထားတာတွေ့ရပါတယ်။ ကြည်ကြည်နူးနူးရိုက်ကူးထားတဲ့ သူတို့စုံတွဲပုံလေးတွေကတော့ ပရိသတ်တွေအတွက် အားကျစရာဖြစ်နေမယ်လို့ထင်ပါတယ်။

စတိုင်ကျပြီး အမြဲတမ်းလန်းဆန်းနေတတ်တဲ့ ချီချီ ဟာ စကပ်တိုလေးနဲ့ Crop အတိုလေးကိုတွဲဖက်ဝတ်ဆင်ထားတာကလည်း အရမ်းချစ်စရာကောင်းနေပါတယ်။

Photos Credit – Naychioo Instagram

Stella(Akhayar)

www.Akhayar.com