အကြည်တော်ဆိုတာ အရေးအသား သွက်သွက်နဲ့ ဟာသဆန်ဆန်ဒဿန စကားတွေကြောင့် လူငယ်တွေပါးစပ်ဖျားမှာ နာမည်ကြီးနေတဲ့ စာရေးဆရာတစ်ယောက်ပါ။ ဘဝအတွေ့အကြုံစုံလင်ခဲ့ပြီး ရှုထောင့်မျိုးစုံကနေ ရေးသားနိုင်တဲ့အတွက် နာမည်ကျော်ရခြင်းဖြစ်ပါတယ်။ အကြည်တော်ရဲ့ဟာသဒဿနတွေဟာ သစ်ရွက်ကြွေတိုင်းရင်ခုန်တတ်တဲ့ နှုတ်ခမ်းနီမလေးတွေသာမက လေတိုက်တိုင်းစိတ်ကစားတတ်တဲ့ ကိုကိုတွေရဲ့စိတ်နှလုံးကိုလည်း လှုပ်ကိုင်ထားသူပါ။

၁။ ယောက်ျားနဲ့မိန်းမ

“ယောက်ျားနဲ့မိန်းမ
ဘယ်သူ ကုသိုလ်ရေး
ပိုလုပ်ကြတယ်တော့မသိဘူး
ဗီဒီယိုကြည့်လိုက်တိုင်းသရဲဖြစ်နေတာ
မိန်းမတွေချည်းပဲ”

၂။ ပိုးဟပ်

“ကိုယ်တွေက သူများလို
ချိန်ပါ မဟုတ်ဖူး
ကိုယ်တွေက ပိုးဟပ်
ကိုယ်ပိုးလိုက်ရင်
သူများ ဟပ်သွားတာချည်း”

၃။ အပျိုကြီးနဲ့လူပျိုကြီး

“တချို့တွေက
အပျိုကြီးလူပျိုကြီးတမင်လုပ်ကြတယ်လို့
ပြောကြတယ်
အမှန်တော့မျော်လင့်ရင်း
အပျိုကြီး လူပျိုကြီး ဖြစ်သွားကြတာလဲမနည်း”

၎။ တတိယလူကို စောင့်

“ကိုယ့်ကိုချစ်သူနှစ်ယောက်ရှိပြီး
ရွေးချယ်ရခက်နေရင်
တတိယတစ်ယောက်ကို စောင့်ပါ
ဒါမှတစ်ယောက်ယောက်က စိတ်ပျက်သွားရင်
သေချာပေါက်ရွေးချယ်စရာ
နစ်ယောက်ကျန်မှာလေ”

A-Kyi-Taw-Image

၅။ ရုပ်အမှန်

“သူသာ မပြင်မဆင်ထားရင်
ဘယ်လိုပုံမျိုး ဖြစ်နေမယ်
သိချင်လား
မှတ်ပုံတင်သာ တောင်းကြည့်လိုက်
အဲ့ဒါရုပ်အမှန်ပဲ”

၆။ ခဏခဏဖြတ်

“ခဏခဏ ဖြတ်ပြီး
ခဏခဏ ပြန်လာတာကို
ကြိုဆိုနေရအောင်
ကိုယ့်ကိုကိုယ်
လျှပ်စစ်မီးများ ထင်နေလား”

၇။ အားနွဲ့တဲ့မိန်းကလေး

“အားနွဲ့တဲ့ မိန်းကလေးကို
လက်တွဲခေါ်ယူပါ
ခေါင်းပေါ်ကို သူ့ဟာသူ
ကုပ်တက်ပါလိမ့်မယ်”

၈။ အလှပြင်နဲ့အမြင်လှ

“မိန်းကလေးတွေ ငယ်တုန်း ရွယ်တုန်းမှာ
ကိုယ့်ကိုကိုယ်လှအောင် ပြင်ကြတယ်
ဒါပေမယ့် အသက်အရွယ်ရလာတဲ့အခါ
ကိုယ့်ကိုယ်ကို လှအောင်ပြင်ဖို့ထက်
အများအမြင်မှာလှဖို့ ပိုလိုအပ်ကြောင်း
သိလာကြတယ်လေ”

၉။ ချစ်ခဲ့ဖူးလား

“ရည်းစားဟောင်းကို ချစ်ခဲ့ဖူးလားမေးရင်

ချစ်ခဲ့ဖူးတာပေါ့

ဟိုးအရင် ဆင်ခြင်တုံတရား နည်းပါးတုန်းက”

၁ဝ။ ကျန်ရစ်ကြီး

“ယူရင် တစ်ယောက်ပဲရမယ်
လို့်ပြောသူတွေဟာ ဘယ်သူမှမယူလို့
တစ်ယောက်ထဲ ကျန်ရစ်နေသူချည်း
ဖြစ်နေတယ်”

၁၁။ လူပျိုကြီးနဲ့အပျိုကြီး ကွာခြားချက်

“လူပျိုကြီးဆိုတာ
အရာရာပိုင်ဆိုင်နိုင်တယ်ထင်ပြီး
ဘာပိုင်ဆိုင်မှုကိုမှ
လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့သူတွေ
အပျိုကြီးတွေကတော့
လက်ထဲမှာ လေးကိုင်းကိုင်ထားပြီး
ဘယ်မြားတစ်ချောင်းမှမဆွဲရဲဘဲ
ကိုယ့်ကိုယ်ကို သူရဲကောင်းထင်နေသူတွေ”

၁၂။ အရင်တုန်းနဲ့အခု

“အရင်တုန်းက မိန်းကလေးတွေ

အသည်းကွဲပြီဆို အိမ်ထဲကအိမ်ပြင် မထွက်ရဲဘဲ

တစ်ယောက်တည်း ကြိတ်မှိတ်ခံစားတက်ကြတယ်

ခုခေတ်မိန်းကလေးတွေကြတော့ အသည်းကွဲပြီဆို

Facebook ပေါ် ခြေစုံကန်တက်လာပြီး

လူသိရှင်ကြားကို ကွဲတော့တာ

ကြည့်လေ Facebook ပေါ်အသည်းကွဲနေတာ

 မိန်းကလေးတွေအများဆုံး”

AKT-Best

၁၃။ ယောက်ျားလေးနဲ့မိန်းကလေး

“မပြောဖြစ်ခဲ့တဲ့ စကားတွေကိုတောင်

မေ့မထားနိုင်တာ မိန်းကလေး

ပြောဖြစ်ခဲ့တဲ့ စကားတွေကိုတောင်

မေ့သွားတက်တာ ယောက်ျားလေး

ပေးထားတဲ့ ကတိတွေကိုတောင်

မတည်နိုင်တာ ယောက်ျားလေး”

၁၄။ မိန်းကလေးနဲ့လက်ဖက်ခြောက်

စိတ်မကောက်တတ်တဲ့ မိန်းမဟာ

လက်ဖက်ခြောက် မခပ်ထားတဲ့

ရေနွေးလိုပဲ ဘာအရသာမှမရှိဘူးတဲ့

ဒါကြောင့် မိန်းမတွေ အရသာရှိစွာ

စိတ်ကောက်နိုင်အောင် ယောက်ျားတွေက

လက်ဖက်ခြောက် ခပ်ပေးရမယ်လေ”

၁၅။ လှေကား၃ထစ်

“ဘဝမှာ အောင်မြင်ချင်ရင်

လှေကား ၃ထစ် နင်းရတယ်

(၁) ကိုယ့်ကိုယ်ကို ယုံကြည်မှု

(၂) ကိုယ်တိုင်လုပ်နိုင်တဲ့ စွမ်းရည်

(၃) နှိမ့်ချတတ်တဲ့စိတ်”

၁၆။ ရည်းစားနဲ့ဖိနပ်

“ရည်းစားထားရတာ ဖိနပ်အသစ် ဝယ်စီးရသလိုပဲ

အစပိုင်း အကြောင်းမသိတော့ ဖိနပ်ပေါက်တယ်

ဒီလိုနဲ့ ကြိတ်မှိတ်ခံ

အသားကျလာတော့ သူကပြတ်ရော”

၁၇။ အပျိုကြီးလူပျိုကြီးရဲ့ ခံစားချက်

“သူမှ မချစ်ရင် သေပစ်မယ်လို့

ပြောခဲ့တဲ့ ချစ်သူတွေ ကလေးတွဲလောင်းနဲ့

ပျော်ရွှင်နေတာ တွေ့လိုက်တဲ့အခါ

ကိုယ့်ကိုကိုယ် သက်သေချင်စိတ်ဖြစ်ခဲ့တာ

အပျိုကြီး လူပျိုကြီးတိုင်းမှာ ရှိတယ်”

၁၈။ ပိုက်ဆံ

“ပိုက်ဆံသာ တစ်ပြားမှမရှိတာ

ဘဏ်စာအုပ်က တစ်အုပ်

ATM ကဒ်က နှစ်ကဒ် “

၁၉။ စိတ်လှတဲ့ချစ်သူ

“သိပ်လှတဲ့ ချစ်သူ

ရှိခဲ့ဖူးပါတယ် ကြာလာတော့

စိတ်လှတဲ့ ချစ်သူပဲ လိုချင်မိပါတယ်”

၂ဝ။ ပိုက်ဆံပြောင်း

“အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့

ကြည့်နေစေချင်တာလား

သွားလေရာ ခေါ်သွားစေချင်တာလား

လူတွေ့တိုင်း ထုတ်ကြွားချင်တာလား

ဒါဆို နံမည်ကို “ပိုက်ဆံ” လို့ ပြောင်းလိုက်လေ “

၂၁။ ဝန်ထမ်းဘဝ

“ဝန်ထမ်းဘဝဆိုတာ တစ်လလုံးအလုပ်ကို

ကြိုးစားလုပ်

လခထုတ်တဲ့ ရက်လေး ပျော်ရမလားမှတ်တယ်

လခလေး လက်ထဲရောက်မှ

အဲဒါလေး ကြည့်ရင်း

ရတဲ့လခက ရယ်စရာကောင်းလွန်းလို့

မျက်ရည်တောင် ဝဲမိသူတွေရှိတယ်”

၂၂။ လွမ်းတဲ့စိတ်

“နင်ကသာ သတိရတဲ့အကြောင်း

တစ်ခါလောက် ပြောပြပါ

ငါနင့်ကို လွမ်းတဲ့အကြောင်း

တနင့်တပိုး ပြောပြချင်လွန်းလို့”

၂၃။ အတိတ်မေ့ရောဂါ

“လစာထုတ်တဲ့ အခါတိုင်း

အတိတ်မေ့ရောဂါရချင်သူ

အကြွေးရှိတဲ့ သူတိုင်းမှာရှိတယ်”

၂၄။ ဝမှလှတယ်

“ဝ မှ လှတယ်ဆိုရင်

ဝက်တွေချည်း မယ်ကမ္ဘာဖြစ်နေမှာပေါ့”

၂၅။ အကြည်တော်နဲ့ဂျူး

“တောင်ကြီး GTU ဟောပြောပွဲမှာ

Announcer လုပ်တဲ့ ကျောင်းသားလေးက

“ယခု လာရောဟောပြောပေးမယ့် သူများကတော့

စာရေးဆရာဂျူးနဲ့ ဆရာမအကြည်တော်ပဲ ဖြစ်ပါတယ်” တဲ့

ကိုယ့်မုတ်ဆိတ်ပဲ ဆရာမ ပြေးကပ်ရမလို

သူ့စကပ်ပဲ ကိုယ်ယူခြုံရတော့မလိုဖြစ်ရော”

 

ကဲ . . . ဒါတွေကတော့ ဟာသစာရေးဆရာအကြည်တော်ရဲ့နာမည်ကျော်ကြားတဲ့ ဒဿနတွေ ဖြစ်ပါတယ်။ ဆရာအကြည်တော်ရဲ့ အကြိုက်ဆုံးစကားလုံးတွေကိုလည်း Comment မှာ ရင်ဖွင့်သွားပါဦး။ ဓာတ်ပုံမူရင်း – အကြည်တော်

ကျော်စိုးအောင် (အခရာ)

www.akhayar.com