[Zawgyi]






Stella(Akhayar)

www.akhayar.com

[Unicode]

Papi သီချင်းလေးထဲက စန္ဒီမြင့်လွင် ရဲ့ အမိုက်စားဖက်ရှင်အလန်း

သရုပ်ဆောင်ပိုင်းမှာရော အဆိုပိုင်းမှာပါ ပရိသတ်အခိုင်အမာရရှိထားတဲ့ အဆိုတော်စန္ဒီမြင့်လွင်ဟာ အကယ်ဒမီ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာတို့ရဲ့ ညီမတစ်ဝမ်းကွဲတော်စပ်သူမို့ အနုပညာအသိုင်းဝိုင်းကြီးသူဖြစ်ပါတယ်။ဒီဒီး ရဲ့ လက်ရှိအသစ်ထွက်ထားတဲ့ Papi သီချင်းလေးကတော့ ပရိသတ်တွေရဲ့ စိတ်အာရုံတွေကိုဖမ်းစားထားနိုင်ပြီး သူမရဲ့ မွေးနေ့အမှတ်တရအဖြစ် သြဂုတ်လ(၁၂)ရက်နေ့မှာ ထွက်ရှိထားတာပါ။

အမြဲတမ်းသီချင်းကောင်းလေးတွေကိုအမိုက်စားဖန်တီးသီဆိုလေ့ရှိတဲ့ ဒီဒီး ဟာ ဒီသီချင်းလေးထဲမှာ ဖက်ရှင်အလန်းနဲ့ စတိုင်ကျနေတဲ့ သူမရဲ့MV ပုံရိပ်တွေကို့လွန်ခဲ့တဲ့နာရီပိုင်းက သူမရဲ့လူမှုကွန်ရက်အကောင့်မှာ မျှဝေထားပါတယ်။

အိမ်ထောင်ပြုထားတာမကြာသေးတဲ့ ဒီဒီးဟာ သီချင်းတွေဆက်လက်သီဆိုသွားမှာဖြစ်ပြီး လိုက်ဖက်ညီတဲ့လက်တွဲဖော်ကိုပိုင်ဆိုင်ထားတာမို့ သူမကို အားကျနေရတဲ့သူတွေလည်း ရှိနေတာဖြစ်ပါတယ်။ ” ကြာပါတယ်ကွာ” ၊ ” ပျော်ပါစေ” ၊ “နင့်ကိုချစ်တုန်းပဲ” အစရှိတဲ့ မိန်းကလေးပရိသတ်တွေနဲ့ခံစားချက်ချင်းထပ်တူကျတဲ့ သီချင်းလေးတွေကြောင့် လူကြိုက်များလာတာဖြစ်ပါတယ်။

Photos Credit -Sandi Myint Lwin facebook

Stella(Akhayar)

www.akhayar.com