[Zawgyi]






Stella(Akhayar)

www.Akhayar.com 

[Unicode]

ဗီယက်နမ်နိုင်ငံရဲ့ သဘာဝအလှတရားနဲ့အပြိုင်အလှချင်းယှဉ်နေတဲ့ နန်းမြတ်ဖြိုးသင်း

Let’s Go အစီအစဉ်ရိုက်ကူးဖို့ ဗီယက်နမ်နိုင်ငံကိုအလည်အပတ်သွားရောက်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော်၊သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတစ်ယောက်လည်းပါဝင်ပါတယ်။ ဒီခရီးစဉ်မှာ ခင်ပွန်းသည်နဲ့အတူတူသွားခွင့်ရတဲ့ နန်းမြတ်ဟာ ဓာတ်ပုံလှလှလေးတွေကို ရိုက်ကူးပေးမယ့်သူ တကူးတကရှာစရာမလိုတော့ပါဘူး။

လွန်ခဲ့တဲ့နှစ်ကုန်ပိုင်းက အိမ်ထောင်ပြုခဲ့တဲ့ နန်းမြတ်ဟာ သူ့ကိုအရမ်းချစ်တဲ့လက်တွဲဖော်ကိုပိုင်ဆိုင်ထားရတာမို့ သူမကို အားကျနေကြတဲ့ မိန်းကလေးပရိသတ်တွေလည်း ရှိနေတာပါ။

ဗီယက်နမ် ခရီးစဉ်ကို ခင်ပွန်းဖြစ်သူအပါအဝင် လွှမ်းပိုင်တို့စုံတွဲ ၊စံရတီမိုးမြင့်၊ မိုးယံဇွန်၊ တိုင်ရွန်စတဲ့ အနုပညာရှင်တွေနဲ့အတူ Let’s Go အစီအစဉ်ရိုက်ကူးဖို့ သွားရောက်ကြတာဖြစ်ပါတယ်။ ဗီယက်နမ်ရဲ့ အလှတွေနဲ့အတူ ချစ်စရာကောင်းတဲ့ နန်းမြတ် ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Photos Credit – Nan Myat Phyo Thin Facebook

Stella(Akhayar)

www.Akhayar.com