[Zawgyi]

ပရိသတ္ေတြကုိ ရင္ဖြင့္လုိက္တဲ့ ေနၾကာေစ့ေရာင္းရင္း စီးပြားရွာေနသူေလး မယ္လုိဒီ

အသားအေရလွပျပီး က်က္သေရရွိတဲ့အလွတရားကုိပုိင္ဆုိင္ထားတဲ့ အမ်ိဳးသမီးဆယ္လီေတြထဲမွာ မင္းသမီးေခ်ာ မယ္လုိဒီ တစ္ေယာက္လည္းပါ၀င္ပါတယ္။ မယ္လုိဒီ ဟာ အလႈလုပ္ဖုိ႕ ေနၾကာေစ့ေတြကုိ အိမ္တုိင္ရာေရာက္ပုိ႕ေဆာင္စနစ္နဲ႕ လူမႈကြန္ရက္ကေနတစ္ဆင့္ ေရာင္းခ်ေနတယ္လုိ႕သိရပါတယ္။ သူမဟာ ေနၾကာေစ့ေရာင္းျပီး ရတဲ့ ပုိက္ဆံေတြကုိ အလႈအတန္းတစ္ခုလုပ္မွာျဖစ္တယ္လုိ႕သိရျပီး မၾကာေသးမီနာရီပုိင္းက သူမရဲ႕ လူမႈကြန္ရက္အေကာင့္မွာေတာ့ သူမရဲ႕ ေနၾကာေစ့ေတြက ေရာင္းမထြက္ေသးဘူးဆုိတဲ့ အေၾကာင္း ပရိသတ္ေတြကုိ အခုလုိရင္ဖြင့္ထားတာေတြ႕ရပါတယ္။

“သိလိုက္ၿပီ
စီးပြားေရးလုပ္မရဘူးဆိုတာ
ေနၾကာေစ့ေတာင္အျဖစ္ရွိေအာင္မေရာင္းႏိုင္ဘူး
ဒါေတာင္လွဴဖို႔ရာင္းတာ
အျမတ္မ်ားမ်ားယူဖို႔ လိပ္ျပာမလုံတဲ့ ကိုယ့္စိတ္ကေလးကိုဘဲ
အျမတ္လို႔သေဘာထားလိုက္ပါတယ္
ေဟာဒီက ေနၾကာစိအသည္”လုိ႕ ဆုိပါတယ္။

ေအးေဆးတည္ျငိမ္ျပီး သာယာေပ်ာ္ရႊင္ဖြယ္မိသားစုဘ၀ေလးပုိင္ဆုိင္ထားရတဲ့ သူမကေတာ့ ရုပ္ရည္ေခ်ာေမာလွပရုံသာမက စိတ္ရင္းေကာင္းသူအျဖစ္လည္း နာမည္ေက်ာ္တဲ့မင္းသမီးတစ္လက္ျဖစ္ပါတယ္။ သားေလးတစ္ေယာက္ရဲ႕ေမေမ မယ္လုိဒီဟာ အြန္လုိင္းေပၚမွာလည္း မၾကာခဏဆုိသလုိ သူမရဲ႕ ၀တ္စုံလွလွေလးေတြကုိ မဲေဖာက္ေပးေလ့ရွိတာမုိ႕ ပရိသတ္ေတြရဲ႕ သဲသဲလႈပ္၀န္းရံအားေပးမႈေတြကုိ ရရွိထားသူဆုိလည္းမမွားပါဘူး။ မယ္လုိဒီ ေရာင္းခ်ေနတဲ့ ေနၾကာေစ့အထုပ္ေတြကုိ သူမဆီက မွာယူအားေပးျခင္းနဲ႕ အလႈလုပ္ဖုိ႕ ကုသုိလ္ယူလုိက္ၾကပါဦးေနာ္။

Photos Credit – Melody Facebook

Stella(Akhayar)

www.Akhayar.com 

[Unicode]

ပရိသတ်တွေကို ရင်ဖွင့်လိုက်တဲ့ နေကြာစေ့ရောင်းရင်း စီးပွားရှာနေသူလေး မယ်လိုဒီ

အသားအရေလှပပြီး ကျက်သရေရှိတဲ့အလှတရားကိုပိုင်ဆိုင်ထားတဲ့ အမျိုးသမီးဆယ်လီတွေထဲမှာ မင်းသမီးချော မယ်လိုဒီ တစ်ယောက်လည်းပါဝင်ပါတယ်။
မယ်လိုဒီ ဟာ မနေ့ထဲကစပြီး အလှုလုပ်ဖို့ နေကြာစေ့တွေကို အိမ်တိုင်ရာရောက်ပို့ဆောင်စနစ်နဲ့ လူမှုကွန်ရက်ကနေတစ်ဆင့် ရောင်းချနေတယ်လို့သိရပါတယ်။သူမဟာ နေကြာစေ့ရောင်းပြီး ရတဲ့ ပိုက်ဆံတွေကို အလှုအတန်းတစ်ခုလုပ်မှာဖြစ်တယ်လို့သိရပြီး မကြာသေးမီနာရီပိုင်းက သူမရဲ့ လူမှုကွန်ရက်အကောင့်မှာတော့ သူမရဲ့ နေကြာစေ့တွေက ရောင်းမထွက်သေးဘူးဆိုတဲ့ အကြောင်းကိုလည်း ပရိသတ်တွေကို အခုလိုရင်ဖွင့်ထားတာတွေ့ရပါတယ်။

“သိလိုက်ပြီ
စီးပွားရေးလုပ်မရဘူးဆိုတာ
နေကြာစေ့တောင်အဖြစ်ရှိအောင်မရောင်းနိုင်ဘူး
ဒါတောင်လှူဖို့ရာင်းတာ
အမြတ်များများယူဖို့ လိပ်ပြာမလုံတဲ့ ကိုယ့်စိတ်ကလေးကိုဘဲ
အမြတ်လို့သဘောထားလိုက်ပါတယ်
ဟောဒီက နေကြာစိအသည်”လို့ ဆိုပါတယ်။

အေးဆေးတည်ငြိမ်ပြီး သာယာပျော်ရွှင်ဖွယ်မိသားစုဘဝလေးပိုင်ဆိုင်ထားရတဲ့ သူမကတော့ ရုပ်ရည်ချောမောလှပရုံသာမက စိတ်ရင်းကောင်းသူအဖြစ်လည်း နာမည်ကျော်တဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သားလေးတစ်ယောက်ရဲ့မေမေ မယ်လိုဒီဟာ အွန်လိုင်းပေါ်မှာလည်း မကြာခဏဆိုသလို သူမရဲ့ ဝတ်စုံလှလှလေးတွေကို မဲဖောက်ပေးလေ့ရှိတာမို့ ပရိသတ်တွေရဲ့ သဲသဲလှုပ်ဝန်းရံအားပေးမှုတွေကို ရရှိထားသူဆိုလည်းမမှားပါဘူး။ မယ်လိုဒီ ရောင်းချနေတဲ့ နေကြာစေ့အထုပ်တွေကို သူမဆီက မှာယူအားပေးခြင်းနဲ့ အလှုလုပ်ဖို့ ကုသိုလ်ယူလိုက်ကြပါဦးနော်။

Photos Credit – Melody Facebook

Stella(Akhayar)

www.Akhayar.com