[Zawgyi]



ခင်ဇာခြည်ကျော်မိသားစု





Stella(Akhayar)

www.Akhayar.com 

[Unicode]

ဆယ်ကျော်သက်မင်းသမီးတွေရှုံးလောက်အောင် နုပျိုလှပနေတဲ့ ခင်ဇာခြည်ကျော်ရဲ့ ပုံရိပ်များ

တစ်ခေတ်ကတစ်ခါက လူကြိုက်များအောင်မြင်ခဲ့တဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ မင်းသမီး ခင်ဇာခြည်ကျော်တစ်ယောက်လည်းပါဝင်ပါတယ်။ ရုပ်ရှင်လောကမှာ ငါသူတစ်ပါးယောကျာ်းမိန်းမ ရုပ်ရှင်ဇာတ်ကားနဲ့အတူ ပရိသတ်အသိအမှတ်ပြုအားပေးခြင်းခံခဲ့ရသလို အကယ်ဒမီဆွတ်ခူးထားတဲ့ မင်းသမီးတစ်လက်ဆိုလည်းမမှားပါဘူး။

ခင်ဇာခြည်ကျော်မိသားစု

လတ်တလောမှာ ပုဂံကို အလည်ရောက်ရှိနေတဲ့ မဇာလေးတစ်ယောက် အဖြူရောင်ဂါဝန်လေးနဲ့ ဓမ္မရံကြီးဘုရားနားမှာ ဓာတ်ဖမ်းခဲ့တဲ့ အလှပုံရိပ်တွေကိုလည်း သူမရဲ့ လူမှုကွန်ရက်အကောင့်မှာ မျှဝေထားတာတွေ့ရပါတယ်။ တက်သစ်စမင်းသမီးတွေနီးပါး လှပနုပျိုပြီး အရွယ်တင်တဲ့ မဇာလေးရဲ့ အလှကိုတော့ မြင်ရသူပရိသတ်တိုင်း အားကျနေရတာဖြစ်ပါတယ်။


သားသမီးနှစ်ယောက်ရဲ့ မိခင် Single Mother တစ်ယောက်အဖြစ် ရပ်တည်ရင်း အနုပညာအလုပ်တွေလုပ်နေတဲ့ သူမဟာ လက်တွဲဖော်ကောင်းကိုလည်း ပိုင်ဆိုင်ထားရပြီး မင်္ဂလာသတင်းကိုတော့ ဘယ်တော့လဲဆိုတာ အတိအလင်းပြောထားခြင်းမရှိသေးပါဘူး။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာရရှိနေဆဲဖြစ်တဲ့ ခင်ဇာခြည်ရဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Photos Credit – Khinzarchikyaw Facebook

Stella(Akhayar)

www.Akhayar.com