[Zawgyi]






Stella(Akhayar)

www.akhayar.com

[Unicode]

အဖြူရောင်ဂါဝန်လေးနဲ့ အမြင် မလွှဲချင်လောက်အောင် ဖမ်းစားလိုက်တဲ့ ခင်ဝင့်ဝါ

ပုရိသပရိသတ်တွေပါးစပ်ဖျားမှာ ခေးလို့ နာမည်ပြောင်လေးပေးခံထားရတဲ့ သရုပ်ဆောင်ခင်ဝင့်ဝါ ဟာ ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် လူမှုကွန်ရက်မှာပါ ပရိသတ်ဝန်းအားပေးမှုအခိုင်အမာရရှိနေတာဖြစ်ပါတယ်။သူမဟာ မနေ့က စိန်နန်းတော်ဆိုင်ဖွင့်ပွဲတက်ရောက်ခဲ့တဲ့ ပုံရိပ်တွေကို လူမှုကွန်ရက်ကနေ မျှဝေထားတာဖြစ်ပါတယ်။

အဖြူရောင်ဝတ်စုံလေးဝတ်ဆင်ထားပြီး ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းနေတာတွေ့ရပါတယ်။ အဲ့ဒီပွဲကို သူမရဲ့ ချစ်သူငယ်ချင်း အဆိုတော်ဝိုင်းလေးနဲ့အတူတူ ပွဲတက်ခဲ့တယ်လို့သိရပါတယ်။

အနုပညာလောကထဲကို အလှမယ် တစ်ယောက်အဖြစ် စတင်ဝင်ရောက်လာပြီး နောက်ပိုင်းမှာ သူမရဲ့ စန်းကြောင့် ရုပ်ရှင်ဇာတ်ကားတွေအပြင် အနုပညာလှုပ်ရှားမှုတွေအများကြီး လုပ်လာရပါတယ်။ ယောကျာ်းလေးပရိသတ်အများစုရဲ့ အားပေးမှုအခိုင်အမာရရှိထားတဲ့ ခင်ဝင့်ဝါလေး ရဲ့ အလှပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Photos Credit – Khin Wint Wah Facebook

Stella(Akhayar)

www.akhayar.com