[Zawgyi]







Stella(Akhayar)

www.Akhayar.com 

[Unicode]

မိန်းကလေးချင်းတောင် ငေးရလောက်တဲ့ ဖက်ရှင်လေးနဲ့စမတ်ကျနေတဲ့ အိချောပို

စူစူလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချော အိချောပိုကတော့ သြဂုတ်လ(၃)ရက်နေ့က သူမရဲ့ လူမှုကွန်ရက်အကောင့်မှာ ပရိသတ်တွေအတွက် ပုံလှလှလေးတွေတင်ပေးလိုက်ပြန်ပါတယ်။


မိန်းမဆန်တဲ့အလှတရားနဲ့ ပင်ကိုယ်ကောက်ကြောင်းအလှကိုပိုင်ဆိုင်ထားတာမို့ ဘယ်လိုဖက်ရှင်လေးနဲ့ပဲဖြစ်ဖြစ် ဆွဲဆောင်မှုရှိပြီး ပရိသတ်စိတ်ဝင်စားမှုတွေရရှိနေသူဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာအမျိုးသားထုကြီးရဲ့ ဝန်းရံအားပေးမှုများရရှိထားတဲ့ အိချောပို တစ်ယောက် အဖြူရောင်ကိုယ်ကျပ်ဂါဝန်လေးနဲ့ စမတ်ကျကျ  တစ်မျိုးလေးကြည့်ကောင်းနေတာတွေ့ရပါတယ်။

အိချောပိုဟာ လက်တစ်လောမှာတော့ လွှမ်းပိုင်နဲ့သူမပါဝင်သရုပ်ဆောင်ထားတဲ့ ကြွေ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကြီးနဲ့ ပွဲခံလျက်ရှိနေပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးထားတဲ့ သူမအတွက် လာမယ့်နှစ်အကယ်ဒမီဆုကို မျှော်မှန်းထားကြပါတယ်။ပရိသတ်ကြီးလည်း စူစူရဲ့ပုံရိပ်လေးတွေကို ချစ်တယ်ဆိုရင် မျှဝေလိုက်ပါဦးနော်။

Photos Credit – Amazing Grace

Stella(Akhayar)

www.Akhayar.com