[Zawgyi]








Stella(Akhayar)

www.Akhayar.com 

[Unicode]

ရန်အောင်နဲ့တွေ့ဆုံတဲ့အကြောင်း ဖောက်သည်ချခဲ့တဲ့ စည်သူမောင်

ရုပ်ရှင်လောကသားနှစ်ယောက်ဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး ရန်အောင် နဲ့ သရုပ်ဆောင်စည်သူမောင် တို့နှစ်ဦး ကတော့ မနေ့က ရိုက်ကွင်းပေါ်မှာ ပြန်ဆုံဖြစ်ကြတဲ့ပုံပါပဲ။ Cele Chit Chat Program နဲ့ ဘောလုံးပွဲရလဒ်သုံးသပ်တဲ့ ရုပ်သံအစီအစဉ်တွေတိုင်းမှာ ပါဝင်တင်ဆက်လေ့ရှိတာမို့ စည်သူမောင်ကတော့ သရုပ်ဆောင်လောကထက် အဲ့ဒီဘက်မှာ ပိုပြီး နာမည်ရနေတာဖြစ်ပါတယ်။ စည်သူမောင် တစ်ယောက် ငယ်ဘဝထဲက လေးစားအားကျခဲ့ရတဲ့ ဝါရင့်သရုပ်ဆောင်ရန်အောင် နဲ့ ဆုံဖြစ်တဲ့အမှတ်တရတွေကို အခုလို ဖောက်သည်ချထားပါတယ်။

Aung Ko Latt ,Si Thu Mg, Yan Aung

“ဒီနေ့ မှတ်မှတ်ရရ ကိုရန်လေး နဲ့ စဆုံရတယ်..
ကျနော်ငယ်ငယ်က ၄၈ လမ်းမှာနေတုန်း ဓါတ်ပုံစိုင်းဘုန်းထူး နဲ့ မျက်နှာချင်းဆိုင်အိမ်ဆိုတော့ အဲ့တုန်းက နာမည်ကြီး မင်းသား မင်းသမီးတွေ အကုန် မြင်ဖူးတယ် ပြူတင်းပေါက် ကနေ ချောင်းကြည့်ရတာအမော..
အဲ့တုန်းက ကိုရန်လေး မကြီးစိုး တို့က အများဆုံးတွေ့ရတာပဲ..
ဒီနေ့ စကားပြောဖြစ်တော့ အစ်ကို့ကို အဲ့အကြောင်းတွေ ပြောဖြစ်သေးတယ်..
တကယ် လေးစားပြီး ချစ်ဖို့ကောင်းတဲ့ ပါရမီရှင် အနုပညာရှင်ကြီးပါ..
ကျနော့ရဲ့ ဇာတ်ကားတွေ Cele ChitChat Program တွေ ကြည့်ဖြစ်တဲ့အကြောင်းတွေ ကျနော့် နှလုံးသားကိစ္စတွေပါ ပြောပြတော့ လူတောင် လေထဲ မြောက်ချင်ချင် ဖြစ်သွားတယ်ဗျာ..ပထမဆုံးတွေ့တဲ့နေ့မှာပဲ အိုက်တင်အပေးအယူတွေ သဘောသဘာဝတွေ သင်ပေး လက်တွဲခေါ်ပေးလို့ ကျေးဇူးအကြီးကြီးပါဗျာ…” ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။


သရုပ်ဆောင်ပီပြင်ပြီး ဇာတ်ကားတွေများစွာရိုက်ကူးဖူးတဲ့ စည်သူမောင်ကတော့ အကယ်ဒမီမင်းသားကြီး ရန်အောင် နဲ့မကြီးစိုးတို့ကို လေးစားပြီး ချစ်ဖို့ကောင်းတဲ့အနုပညာရှင်တွေအဖြစ် ချီးမွမ်းခန်းပါဖွင့်ထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သူတို့ဘယ်လိုအနုပညာဖန်တီးမှုတွေလုပ်ဦးမလဲဆိုတာ စောင့်ကြည့်လိုက်ပါဦးနော်။

Photos Credit – Si Thu Mg Facebook

Stella(Akhayar)

www.Akhayar.com