[Zawgyi]

ၾသဂုတ္လအတြင္း မိဘရာထူးတုိးသြားၾကတဲ့ နာမည္ေက်ာ္အႏုပညာရွင္မ်ား

ေအာင္ျမင္ေက်ာ္ၾကားတဲ့သူအမ်ားစုဟာ ၾသဂုတ္လအတြင္းမွာ ေမြးဖြားၾကတာမ်ားျပီး ဒီလမွာေမြးဖြားသူေတြက သူ႕ေနရာနဲ႕သူ အႏုပညာအပါအ၀င္နယ္ပယ္တစ္ခုစီမွာ အထုိက္အေလ်ာက္ေအာင္ျမင္မႈရရွိၾကတယ္လုိ႕ ေလ့လာမႈတစ္ခုက ေဖာ္ျပဖူးပါတယ္။ၾသဂုတ္လအတြင္းမွာ ရင္ေသြးေလးေတြပုိင္ဆုိင္ရျပီး မိဘေနရာေရာက္သြားၾကတဲ့ အႏုပညာရွင္ေတြကုိလည္းေတြ႕ရပါတယ္။

Fokker

အိမ္ေထာင္ျပဳထားတာ တစ္ႏွစ္နီးပါးရွိေတာ့မွာျဖစ္တဲ့ အဆုိေတာ္Fokker ကေတာ့ ကေလးအရမ္းခ်စ္တတ္သူ တစ္ေယာက္ျဖစ္တယ္လုိ႕သိရျပီး သူ႕ရဲ႕ဇနီးေခ်ာေလးက ၾသဂုတ္လ(၃)ရက္ေန႕မွာ သားဦးေလး ေမြးဖြားေပးခဲ့တာျဖစ္ပါတယ္။ အမုိက္စား Rock သီခ်င္းေတြသီဆုိေပမယ့္ အရမ္းခ်စ္တတ္သူၾကီး ေဖာ္ကာကေတာ့ သူ႕ရဲ႕ သားေလးအတြက္ စံျပဖခင္ေကာင္းတစ္ေယာက္ျဖစ္ေအာင္ ၾကိဳးစားေနတယ္လုိ႕သိရပါတယ္။

ျမင့္ျမတ္

ဒီလအတြင္းမွာပဲ ေနာက္ထပ္ေဖေဖ ျဖစ္သြားသူၾကီးကေတာ့ ဗုိလ္ေအာင္ဒင္ ဇာတ္ရုပ္နဲ႕ လူၾကဳိက္မ်ားခဲ့တဲ့ ပရိသတ္အခ်စ္ေတာ္ ဂ်င္းေကာင္ (ျမင့္ျမတ္)ျဖစ္ျပီး သူ႕ ရဲ႕ ဇနီးျဖစ္သူခင္သူေအာင္ ဟာ သားဦးေလးကုိ ၾသဂုတ္လ (၇)ရက္ေန႕က ၀ိတုိရိယေဆးရုံမွာ ေမြးဖြားခဲ့တယ္လုိ႕သိရပါတယ္။ ခ်စ္စရာေကာင္းတဲ့ ဂ်ဴနီယာျမင့္ျမတ္ ေလးကေတာ့ ဖခင္ျဖစ္သူရဲ႕ အနုပညာဗီဇပါလာမယ္လုိ႕ ပရိသတ္ေတြက ေမွ်ာ္လင့္ထားၾကပါတယ္။

ယြန္း၀တီလြင္မိုး

အကယ္ဒမီမင္းသားလြင္မုိး ရဲ႕ သမီးၾကီးျဖစ္တဲ့ သရုပ္ေဆာင္ ယြန္း၀တီလြင္မုိးတစ္ေယာက္ကေတာ့ ဒီလအတြင္းမွာပဲ သူမရဲ႕ ရင္ေသြးေလးကုိ ေအာင္ေအာင္ျမင္ျမင္ ေမြးဖြားႏုိင္ခဲ့တယ္လုိ႕ဆုိပါတယ္။ လူမႈကြန္ရက္မွာ ဒီသတင္းဟာ ဂယက္ထလ်က္ရွိျပီး ယြန္း၀တီကေတာ့ သူမရဲ႕ ကေလးပုံရိပ္ေတြကုိေဖာ္ျပထားျခင္းမရွိေပမယ့္လည္း ရင္ေသြးေလးေမြးဖြားထားတယ္ဆုိတာကုိေတာ့ အသိေပးထားပါတယ္။အႏုပညာမ်ိဳးဆက္သစ္ေလးေတြထြက္ေပၚလာျပီမုိ႕ သူတုိ႕ေလးေတြက မိဘေတြရဲ႕ အႏုပညာ၀ါသနာကုိ ဆက္ခံမလားဆုိတာကေတာ့ စိတ္၀င္စားစရာပါပဲ။

PhotosCredit – Myint Myat,Htain Min Zaw, Yun Waddy

Stella(Akhayar)

www.Akhayar.com 

[Unicode]

သြဂုတ်လအတွင်း မိဘရာထူးတိုးသွားကြတဲ့ နာမည်ကျော်အနုပညာရှင်များ

အောင်မြင်ကျော်ကြားတဲ့သူအများစုဟာ သြဂုတ်လအတွင်းမှာ မွေးဖွားကြတာများပြီး ဒီလမှာမွေးဖွားသူတွေက သူ့နေရာနဲ့သူ အနုပညာအပါအဝင်နယ်ပယ်တစ်ခုစီမှာ အထိုက်အလျောက်အောင်မြင်မှုရရှိကြတယ်လို့ လေ့လာမှုတစ်ခုက ဖော်ပြဖူးပါတယ်။ ထိပ်တန်းမင်းသမီးနှစ်လက်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည် နဲ့ ဖွေးဖွေး တို့ ညီအစ်မနှစ်ယောက်ကလည်း ဒီလအတွင်းမှာပဲ မွေးနေ့ကျရောက်ကြတာဖြစ်သလို သြဂုတ်လအတွင်းမှာပဲ ရင်သွေးလေးတွေပိုင်ဆိုင်ရပြီး မိဘနေရာရောက်သွားကြတဲ့ အနုပညာရှင်တွေကိုလည်းတွေ့ရပါတယ်။

Fokker


အိမ်ထောင်ပြုထားတာ တစ်နှစ်နီးပါးရှိတော့မှာဖြစ်တဲ့ အဆိုတော်ဖော်ကာ ကတော့ ကလေးအရမ်းချစ်တတ်သူတစ်ယောက်ဖြစ်တယ်လို့သိရပြီး သူ့ရဲ့ ဇနီးချောလေးက သြဂုတ်လ(၃)ရက်နေ့မှာ သားဦးလေး မွေးဖွားပေးခဲ့တာဖြစ်ပါတယ်။ အမိုက်စား Rock သီချင်းတွေသီဆိုပေမယ့် အရမ်းချစ်တတ်သူကြီး ဖော်ကာကတော့ သူ့ရဲ့ သားလေးအတွက် စံပြဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေတယ်လို့သိရပါတယ်။

မြင့်မြတ်

ဒီလအတွင်းမှာပဲ နောက်ထပ်ဖေဖေ ဖြစ်သွားသူကြီးကတော့ ဗိုလ်အောင်ဒင် ဇာတ်ရုပ်နဲ့ လူကြိုက်များခဲ့တဲ့ ပရိသတ်အချစ်တော် ဂျင်းကောင် (မြင့်မြတ်)ဖြစ်ပြီး သူ့ ရဲ့ ဇနီးဖြစ်သူခင်သူအောင် ဟာ သားဦးလေးကို သြဂုတ်လ (၇)ရက်နေ့က ဝိတိုရိယဆေးရုံမှာ မွေးဖွားခဲ့တယ်လို့သိရပါတယ်။ ချစ်စရာကောင်းတဲ့ ဂျူနီယာမြင့်မြတ် လေးကတော့ ဖခင်ဖြစ်သူရဲ့ အနုပညာဗီဇပါလာမယ်လို့ ပရိသတ်တွေက မျှော်လင့်ထားကြပါတယ်။

ယွန်းဝတီလွင်မိုး

အကယ်ဒမီမင်းသားလွင်မိုး ရဲ့ သမီးကြီးဖြစ်တဲ့ သရုပ်ဆောင် ယွန်းဝတီလွင်မိုးတစ်ယောက်ကတော့ ဒီလအတွင်းမှာပဲ သူမရဲ့ ရင်သွေးလေးကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့တယ်လို့ဆိုပါတယ်။ လူမှုကွန်ရက်မှာ ဒီသတင်းဟာ ဂယက်ထလျက်ရှိပြီး ယွန်းဝတီကတော့ သူမရဲ့ ကလေးပုံရိပ်တွေကိုဖော်ပြထားခြင်းမရှိပေမယ့်လည်း ရင်သွေးလေးမွေးဖွားထားတယ်ဆိုတာကိုတော့ အသိပေးထားပါတယ်။အနုပညာမျိုးဆက်သစ်လေးတွေထွက်ပေါ်လာပြီမို့ သူတို့လေးတွေက မိဘတွေရဲ့ အနုပညာဝါသနာကို ဆက်ခံမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

PhotosCredit – Myint Myat,Htain Min Zaw, Yun Waddy

Stella(Akhayar)

www.Akhayar.com