[Zawgyi]





ဖွေးဖွေး ကလေးဘ၀ပုံရိပ်

ထိပ်ထားသခင်


Photos Credit – ထိပ်ထားသခင် , Phway Phway

Stella(Akhayar)

www.akhayar.com

[Unicode]

ပရိသတ်တွေဆုံစေချင်တဲ့အတိုင်း အတူတူဆုံကြပြီဖြစ်တဲ့ ဖွေးဖွေးနဲ့ ထိပ်ထားသခင်

အရွယ်နဲ့မလိုက်အောင် သွက်လက်လွန်းတဲ့ ချစ်စရာအပြောအဆိုအမူအရာလေးတွေကြောင့် လူမှုကွန်ရက်ပေါ်မှာ အချိန်တိုလေးအတွင်း ဆယ်လီဖြစ်လာသူလေးကတော့ လူတကာချစ်နေကြတဲ့ သမီးငယ်လေးထိပ်ထားသခင်လေးပါပဲ။ နိုင်ငံကျော်မင်းသမီး ပရိသတ်အချစ်တော် ဖွေးဖွေး နဲ့လည်း တူတယ်လို့ နာမည်ကြီးနေတာကြောင့် သူလေးနဲ့ ဖွေးဖွေးကို အတူတူဆုံပြီးအနုပညာအလုပ်တွေလုပ်တာမြင်ချင်ကြသူတွေရှိနေပါတယ်။


သူတို့နှစ်ယောက်ကို ဆုံစေချင်တဲ့ပရိသတ်တွေရဲ့ ဆန္ဒကတော့ ဒီနေ့မှာ ပြည့်သွားလောက်ပြီထင်ပါတယ်။ ဖွေးဖွေးကိုယ်တိုင်ကလည်း ဆယ်လီဖြစ်နေတဲ့ ထိပ်ထားသခင်လေးနဲ့အတူတူဆုံချင်နေတာကြာပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ Hearty Heart ကြော်ငြာအတွက် ဝတ်စုံဆင်တူလေးတွေနဲ့ အတူတူရိုက်ကူးနေတယ်လို့ သိရပြီး သူတို့နှစ်ယောက်ရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို ပရိသတ်တော်တော်များများ သဘောကျလျက်ရှိပါတယ်။

ထိပ္ထားသခင္

ဖွေးဖွေးနဲ့ လူချစ်လူခင်များတာချင်းတူသလို အပြောအဆိုရုပ်ရည်နဲ့ဟန်မူရာလေးတွေက တူနေတာမို့ ထိပ်ထားသခင်လေးကို မြင်နေရတာဟာ ဖွေးဖွေးရဲ့ ကလေးဘဝကို မြင်နေရသလိုပါပဲလို့ ပြောစမှတ်တွင်နေကြပါတယ်။

Photos Credit – ထိပ္ထားသခင္ , Phway Phway

Stella(Akhayar)

www.akhayar.com