အရင်က Music Video တွေရိုက်ရင် စာသားအတိုင်း လိုက်သရုပ်ဆောင်ရင်ဆောင် ဒါမှမဟုတ် သီချင်းအဓိပ္ပါယ်ကို လူနဲ့ပုံဖော်ပြီး ရိုက်လာရာကနေ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ အခုဆို တင်ဆက်ပုံတွေ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်။ ဒီလိုရေစီးကြောင်းတွေမှာ Animated Music Video တွေအဖြစ် ငြိမ်သက်နေတဲ့ ကာတွန်းဇာတ်ကောင်တွေက သက်ဝင်လှုပ်ရှားလာတော့ ပြည်တွင်း Artist တွေရဲ့ အခန်းကဏ္ဍကလည်း Music Industry မှာ နေရာတစ်နေရာ ရလာခဲ့ပါတယ်။

ငါ့ဘဝပြန်ယူ – Idiots

“လူအ” ဂီတအယ်လမ်ဘမ်ထဲမှာ ပါတဲ့ ဒီသီချင်း MV ကတော့ ၂၀၁၄ လောက်က ထွက်ရှိထားတာ ဖြစ်ပါတယ်။ Green Box Production က တာဝန်ယူရိုက်ကူးထားတဲ့ ဒီ Animated Music Video ကို Animation တွေရော ဂီတကိုပါ စိတ်ဝင်စားတဲ့သူတိုင်း မဖြစ်မနေကြည့်ထားသင့်တဲ့ Music Video တစ်ခုဖြစ်ပါတယ်။

ဘဝရဲ့ထောင်ချောက် – R ဇာနည်

MTV Exit က လူကုန်ကူးမှုပပျောက်ရေးအတွက် အသိပညာပေးထားတဲ့ သီချင်းပါ။ Animation Concept ဖန်တီးသူကတော့ တခြားသူမဟုတ်ပါဘူး။ နေမျိုးဆေးပဲ ဖြစ်ပါတယ်။ ဒီ Video ထဲမှာ Animation တွေကို ဘယ်လိုမျိုး အိုင်ဒီယာဆန်းဆန်းနဲ့ ပုံဖော်ဖန်တီးထားလဲဆိုတာ အောက်မှာကြည့်ကြည့်လိုက်ပါ။

Toxic – Ar T

“လူတိုင်းကိုယ်ဆီမှာ ဘယ်သူ့ကိုမှ မမြင်စေချင်တဲ့ Dark Side ကိုယ်စီရှိကြပါတယ်.
တော်တော်များက ထုတ်မပြချင်သော်လည်း … “ဆိုပြီး စာသားတွေ ရေးထားတဲ့ Ar T ရဲ့ သီချင်းတစ်ပုဒ်က လူမှုကွန်ရက်မှာ တက်လာခဲ့ပါတယ်။ ဒီသီချင်းကတော့ ဖွေးဖွေးသရုပ်ဆောင်ထားတဲ့ Toxic Music Video ပါ။ ဒီမတိုင်ခင်က ဒီသီချင်းဟာ Lyric Music Video အဖြစ် ထွက်ရှိပြီးဖြစ်ပါတယ်။ အာကာသယာဉ်မှူးတစ်ယောက် ကမ္ဘာမြေအပြင်ဘက်မှာ လွင့်မျောနေပုံကို Animation လုပ်ထားတဲ့ ဒီ Lyric Video ကို Joosk က လုပ်ထားတာ ဖြစ်ပါတယ်။

သတိရတယ် – Big Bag

Myanmar Animated Music Video တွေအကြောင်းပြောရင် အားလုံးသိတဲ့ Big Bag ရဲ့ “သတိရတယ်” MV ကို  မပါမဖြစ် ထည့်ပေးရမှာပါ။ Pencell ကို လူတွေသတိထားမိစေခဲ့တဲ့ Animated Music Video လို့ပြောလည်း မှားမယ်မထင်ပါဘူးနော်။

အိမ်ကိုပြန်ခဲ့ – မောင်မောင်ဇော်လတ်

အနုပညာလှုပ်ရှားမှုတွေကို ခပ်ကျဲကျဲသာ လုပ်လေ့ရှိတဲ့ မောင်မောင်ဇော်လတ်ကိုတော့ အားလုံးသိပြီးဖြစ်မှာပါ။ ပြီးခဲ့တဲ့ ၂၀၁၉၊ မတ်လ ပထမအပတ်မှာ တင်ထားတဲ့ ဒီ Music Video ကတော့ ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုရှိလွန်းပါတယ်။ ဒီ Video ကိုတော့ Peacock Media Production က ထုတ်လုပ်ထားတာပါ။

ငါ့ရည်းစားက ပိုမိုက်တယ် – Frenzo Production

Myanmar Animated Music Video တွေထဲမှာ နောက်ဆုံးထွက်ရှိထားတဲ့ သီချင်းပဲဖြစ်ပါတယ်။ ဒီ Video ဟာ ၂၀၁၉၊ ဧပြီ ၁ ရက်နေ့မှာပဲ Launch လုပ်ခဲ့ပြီး အခု ဇွန်လဒုတိယအပတ်အရောက်မှာတင်ပဲ လူမှုကွန်ရက်မှာ ကြည့်ရှုသူ နှစ်သန်းရှိသွားခဲ့တဲ့အထိ အောင်မြင်မှုတွေ ရရှိနေပါတယ်။

ဒီ Music Video တွေထဲမှာ ပရိသတ်ကြီးအကြိုက်ဆုံးဆို ဘယ်သီချင်းများဖြစ်မလဲ။

Video & Photo Credit : Youtube, Pencell

NSC (Akhayar)

www.akhayar.com