[Zawgyi]
Stella(Akhayar)
www.akhayar.com
[Unicode]
ညို့အားပြင်းတဲ့ အပြုံးချိုချိုလေးကြောင့် လူချစ်လူခင်များတဲ့ ဖိုက်တင်မင်းသမီးလေး ယဉ်လတ်
သရုပ်ဆောင် ယဉ်လတ်ကတော့ အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေကိုထပ်ပြီး ဖမ်းစားလိုက်နိုင်ပါတယ်။ “စစ်ကိုမုန်း၍တိုက်ခဲ့သည်” တပ်မတော်ဂုဏ်ပြုဇာတ်လမ်းနဲ့ ပရိသတ်အချစ်တွေပိုပြီးရရှိလာတဲ့ ဖိုက်တင်မင်းသမီးလေးကတော့ ဘက်စုံတော်တဲ့ ယဉ်လတ်ပါပဲ။ ဗီဒီယိုဇာတ်ကားတွေများစွာရိုက်ကူးထားပြီး တခြားမင်းသမီးတွေနဲ့မတူတဲ့ သူမရဲ့ အားသားချက်တစ်ခုကတော့ ဖိုက်တင်ခန်းတွေကို ပိုင်နိုင်တာဖြစ်ပါတယ်။
ယဉ်လတ် ယဉ်ကျေးမှုတက္ကသိုလ် ပန်းချီပညာရပ်ကို သင်ယူလေ့လာနေတဲ့ တက္ကသိုလ်ကျောင်းသူကြီးဖြစ်သလို အားကစားနဲ့ပတ်သက်ရင်လည်း ယောကျာ်းလေးတွေနီးပါး တိုက်ရည်ခိုက်ရည် ရသူဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်မို့လည်း သူမကို ဘက်စုံတော်တဲ့အနုပညာသည်လေးလို့ ပရိသတ်တွေက ချီးကျုးကြပြီး ထွန်းပေါက်လာဦးမယ့်ကြယ်ပွင့်တစ်ပွင့်ပဲဆိုတာ သေချာပါတယ်။
ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ယဉ်လတ် တစ်ယောက် လတ်တလောမှာ ပန်းလေးတွေနဲ့အပြိုင် ဓာတ်ဖမ်းထားတဲ့ ပုံရိပ်တွေကို သူမရဲ့ ပရိသတ်တွေအတွက် မျှဝေထားပြီး မြင်သူတကာတိုင်း သဘောကျနေတာဖြစ်ပါတယ်။
Photos Credit – Yin Let Facebook
Stella(Akhayar)
www.akhayar.com