[Zawgyi]

Gfatt သ၀န္တုိေလာက္ေအာင္ လွရက္ႏုိင္လြန္းတဲ့ နန္းဆုရတီစုိး

“ရူးေအာင္ခ်စ္ရသူ” ဆုိတဲ့ သီခ်င္းေလးနဲ႕အတူ ပရိသတ္အင္အားပုိမ်ားလာခဲ့တဲ့ မင္းသမီးေခ်ာေလး နန္းဆုရတီစုိးကေတာ့ အဆုိေတာ္ Gfatt ရဲ႕ မမ သီခ်င္းေလးထဲကလုိ ေၾကြဆင္းေအာင္လုပ္လုိက္ျပန္ပါတယ္။ နန္ဆုဟာ ဖက္ရွင္ပုိင္းမွာလည္း မိန္းကေလးတုိင္းအတုယူေလာက္တဲ့အထိ ဖက္ရွင္က်က်နဲ႕ ေက်ာ့ေက်ာ့ရွင္းရွင္း ေနတတ္သူတစ္ေယာက္ျဖစ္တယ္ဆုိတာ သူမရဲ႕ ၀တ္စားဆင္ယင္မႈကုိၾကည့္လုိက္တာနဲ႕ သိႏုိင္ပါတယ္။


လူမႈကြန္ရက္အေကာင့္မွာ Follower (၉)သိန္းေက်ာ္ရွိတဲ့ နန္းဆုတစ္ေယာက္ မေန႕က ခရီးသြားရင္းရိုက္ကူးထားတဲ့ သူမရဲ႕ ေနာက္ဆုံးေပၚအလွပုံရိပ္ေတြကုိ ထပ္မံမွ်ေ၀ထားတာေတြ႕ရပါတယ္။ ျဖဴ၀င္းတဲ့အသားအေရနဲ႕ က်စ္လ်စ္လွပတဲ့ ခႏၶာကိုယ္အလွကုိပုိင္ဆုိင္ထားတာမုိ႕ သူမရဲ႕ ဖက္ရွင္ေတြက တစ္မ်ိဳးနဲ႕တစ္မ်ိဳး မထပ္ေအာင္ လွရက္ႏုိင္လြန္းတာျဖစ္ပါတယ္။

ျမန္မာ၀တ္စုံေလးေတြဆုိရင္ တည္ျငိမ္ရင့္က်က္တဲ့အမ်ိဳးသမီးတစ္ေယာက္လုိ႕ထင္ရသလုိ ေခတ္ေပၚ၀တ္စုံေလးေတြ၀တ္လုိက္တဲ့အခါမွာလည္း လူငယ္ဆန္တဲ့ ဆယ္ေက်ာ္သက္ေကာင္မေလးတစ္ေယာက္လုိ႕ ထင္ရေလာက္ပါတယ္။ ခ်စ္စရာေကာင္းတဲ့ နန္းဆုကုိ ခ်စ္သူေတာ္ထားရတဲ့ အဆုိေတာ္ Gfatt တစ္ေယာက္လည္း သ၀န္တုိလည္းတုိေလာက္စရာပါပဲ။ ပရိသတ္အခုိင္အမာရရွိထားတဲ့ သရုပ္ေဆာင္နန္းဆုရတီစုိး ရဲ႕ အလွပုံရိပ္ေတြကုိျမင္ရင္း ပရိသတ္ေတြလည္း ေၾကြသြားေလာက္ျပီထင္ပါတယ္။

Photos Credit – Nan Su Yati Soe Facebook

Stella(Akhayar)

www.Akhayar.com 

[Unicode]

Gfatt သဝန်တိုလောက်အောင် လှရက်နိုင်လွန်းတဲ့ နန်းဆုရတီစိုး

“ရူးအောင်ချစ်ရသူ” ဆိုတဲ့ သီချင်းလေးနဲ့အတူ ပရိသတ်အင်အားပိုများလာခဲ့တဲ့ မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ အဆိုတော် Gfatt ရဲ့ မမ သီချင်းလေးထဲကလို ကြွေဆင်းအောင်လုပ်လိုက်ပြန်ပါတယ်။ နန်ဆုဟာ ဖက်ရှင်ပိုင်းမှာလည်း မိန်းကလေးတိုင်းအတုယူလောက်တဲ့အထိ ဖက်ရှင်ကျကျနဲ့ ကျော့ကျော့ရှင်းရှင်း နေတတ်သူတစ်ယောက်ဖြစ်တယ်ဆိုတာ သူမရဲ့ ဝတ်စားဆင်ယင်မှုကိုကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။


လူမှုကွန်ရက်အကောင့်မှာ Follower (၉)သိန်းကျော်ရှိတဲ့ နန်းဆုတစ်ယောက် မနေ့က ခရီးသွားရင်းရိုက်ကူးထားတဲ့ သူမရဲ့ နောက်ဆုံးပေါ်အလှပုံရိပ်တွေကို ထပ်မံမျှဝေထားတာတွေ့ရပါတယ်။ ဖြူဝင်းတဲ့အသားအရေနဲ့ ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်အလှကိုပိုင်ဆိုင်ထားတာမို့ သူမရဲ့ ဖက်ရှင်တွေက တစ်မျိုးနဲ့တစ်မျိုး မထပ်အောင် လှရက်နိုင်လွန်းတာဖြစ်ပါတယ်။


မြန်မာဝတ်စုံလေးတွေဆိုရင် တည်ငြိမ်ရင့်ကျက်တဲ့အမျိုးသမီးတစ်ယောက်လို့ထင်ရသလို ခေတ်ပေါ်ဝတ်စုံလေးတွေဝတ်လိုက်တဲ့အခါမှာလည်း လူငယ်ဆန်တဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်လို့ ထင်ရလောက်ပါတယ်။ ချစ်စရာကောင်းတဲ့ နန်းဆုကို ချစ်သူတော်ထားရတဲ့ အဆိုတော် Gfatt တစ်ယောက်လည်း သဝန်တိုလည်းတိုလောက်စရာပါပဲ။ ပရိသတ်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်နန်းဆုရတီစိုး ရဲ့ အလှပုံရိပ်တွေကိုမြင်ရင်း ပရိသတ်တွေလည်း ကြွေသွားလောက်ပြီထင်ပါတယ်။

Photos Credit – Nan Su Yati Soe Facebook

Stella(Akhayar)

www.Akhayar.com