[Zawgyi]






Stella(Akhayar)

www.Akhayar.com 

[Unicode]

Myanmar Idol နဲ့ပတ်သက်ပြီး မှတ်ချက်တစ်ခုပေးခဲ့တဲ့ အိချောပို

စိတ်ဓာတ်ကျဆင်းစေတဲ့အထိ လူတစ်ယောက်ကို ထိခိုက်စေတဲ့ မှတ်ချက်တွေပေးတာဟာလည်း Cyber Bullying ပါပဲ။ အနုပညာရှင်တိုင်း၊ နာမည်ကျော်တိုင်း ကြုံတွေ့နေရတဲ့ ဖြစ်ရပ်ဖြစ်ပေမယ့် တကယ်ဝေဖန်တိုက်ခိုက်ခံရသူအတွက်တော့ တကယ့်ကို စိတ်ထိခိုက်စရာကောင်းပါတယ်။ စူစူလို့ ချစ်စနိုးနာမည်ပြောင်လေးရထားတဲ့ အိချောပိုကတော့ မနေ့ညက ထုတ်လွှင့်ပြသတဲ့ Myanmar Idol Grand Final အစီအစဉ်ကို စိတ်ဝင်တစားအားပေးတဲ့ အနုပညာရှင်တွေထဲက တစ်ဦးဆိုလည်းမမှားပါဘူး။

ဒီပြိုင်ပွဲကို အားပေးနေချိန်အတွင်းမှာ သူမရဲ့ လူမှုကွန်ရက်အကောင့်ကနေ Cyber Bullying အစီအစဉ်နဲ့ပတ်သက်ပြီး အခုလို ရေးသားထားတာတွေ့ရပါတယ်။ “MMID မှာဒီနေ့အကြိုက်ဆုံးတစ်ခု…stopcyberbullying ကိုယ်ချင်းစာစိတ်လေးတစ်ခု လူတိုင်းလူတိုင်းထားနိုင်ကြပါစေ” လို့ ဆိုပါတယ်။

ဒါကြောင့် အိချောပို ပြောသလိုပဲ ပရိသတ်တွေရော Cyber Bullying ကို ရပ်တန့်စေချင်တယ်ဟုတ်။

Photos Credit –Ei Chawpo Facebook

Stella(Akhayar)

www.Akhayar.com