[Zawgyi]

ဘ၀မွာ ဒီလုိဇာတ္ကားၾကီးတစ္ကားေလာက္ ရုိက္ဖူးခ်င္တယ္ဆုိတဲ့ အူ၀ဲ

အူ၀ဲ လုိ႕ ခ်စ္စႏုိးေခၚၾကတဲ့ ပရိသတ္အခ်စ္ေတ္ာထိပ္တန္းမင္းသမီး အကယ္ဒမီ အိျႏၵာေက်ာ္ဇင္ကေတာ့ သူမကုိယ္တုိင္မင္းသမီးျဖစ္တာေၾကာင့္လည္း အႏုပညာနဲ႕ပတ္သက္ရင္ ခံစားတတ္သူျဖစ္ပါတယ္။ အူ၀ဲဟာ ျပည္တြင္းကရုပ္ရွင္ဇာတ္ကားေတြကုိ ၾကဳိက္ရုံသာမက ျပည္ပက ရုပ္ရွင္ဇာတ္ကားေတြကုိလည္း အျမဲမျပတ္အားေပးၾကည့္ရႈေလ့ရွိတာကုိလည္း ေတြ႕ရပါတယ္။ လတ္တေလာမွာလည္း အူ၀ဲ တစ္ေယာက္ သူမၾကည့္ခ်င္ေနတဲ့ “MAMMA MIA” ရုပ္ရွင္ကားကုိ ရုံတင္တုန္းမွာ အမိအရသြားၾကည့္လုိက္ရလုိ႕ ေက်နပ္ေနပုံရပါတယ္။


“Musical ကားေတြဆို အရမ္းႀကိဳက္တတ္တဲ့ကြ်န္မ…..
အဆိုေတြ အကေတြနဲ႔ သ႐ုပ္ေဆာင္ရတာ အရမ္းႀကိဳက္တဲ့ ကြ်န္မ……
“MAMMA MIA” ကိုpart 1 ထဲကအရမ္းႀကိဳက္ခဲ့တာ…
Part2 လာၿပီလဲဆိုေရာ ဘယ္ေနလိမ့္မလဲ,ခုပဲျကည့္ၿပီးျပန္လာတာ……
ႀကိဳက္လိုက္တာဆြာေျပာမေနပါနဲ႔ေတာ့…..
မင္းသမီးေတြေရာ, မင္းသားေတြေရာ ပါသမွ်လူအကုန္လံုးေရာ,သီခ်င္းေတြေရာအကုန္ႀကိဳက္တာ…
ၾကည့္ရင္းနဲ႔လဲႀကိဳက္…..


ၾကည့္ၿပီးေတာ့လဲ စိတ္ထဲမွာဘယ္လိုႀကီးျဖစ္မွန္းမသိႀကိဳက္…
ေတာ္ေတာ္ႀကီးကိုႀကိဳက္တာပါကြယ္…..
ဘဝမွာ ဒါမ်ိဳးကားႀကီး တစ္ကားေလာက္ေတာ့ ႐ိုက္ဖူးသြားခ်င္တယ္ကြယ္
သ႐ုပ္ေဆာင္အေနနဲ႔ မဟုတ္လဲ ပ႐ိုဂ်ဳဆာအေနနဲ႔ ေပါ့ကြယ္
(ဒီလို qualityျဖစ္ဖို႔ ဘယ္ေတာ့မ်ားမွ………………)
(မသိရင္ Mamma Mia ကို promoteလုပ္ေပးေနသလိုပဲေညႇာ္” ဆုိျပီး အူ၀ဲက ဒီလုိ ဇာတ္ကားေကာင္းမ်ိဳးကုိ ဘ၀မွာ ရုိက္ခ်င္တဲ့အေၾကာင္းကုိလည္း လူမႈကြန္ရက္မွာ ေရးသားထားပါတယ္။ အူ၀ဲကေတာ့ ဒီဇာတ္ကားကုိ အရမ္းခ်ီးမြမ္းခန္းဖြင့္ထားတာမို႕ အူ၀ဲနဲ႕ အၾကဳိက္တူတဲ့သူေတြရွိရင္ ေျပာခဲ့ပါဦးေနာ္။

Photos Credit –  Eaindra Kyaw Zin

Stella(Akhayar)

www.akhayar.com

[Unicode]

ဘဝမှာ ဒီလိုဇာတ်ကားကြီးတစ်ကားလောက် ရိုက်ဖူးချင်တယ်ဆိုတဲ့ အူဝဲ

အူဝဲ လို့ ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အချစ်တေ်ာထိပ်တန်းမင်းသမီး အကယ်ဒမီ အိန္ဒြာကျော်ဇင်ကတော့ သူမကိုယ်တိုင်မင်းသမီးဖြစ်တာကြောင့်လည်း အနုပညာနဲ့ပတ်သက်ရင် ခံစားတတ်သူဖြစ်ပါတယ်။ အူဝဲဟာ ပြည်တွင်းကရုပ်ရှင်ဇာတ်ကားတွေကို ကြိုက်ရုံသာမက ပြည်ပက ရုပ်ရှင်ဇာတ်ကားတွေကိုလည်း အမြဲမပြတ်အားပေးကြည့်ရှုလေ့ရှိတာကိုလည်း တွေ့ရပါတယ်။ လတ်တလောမှာလည်း အူဝဲ တစ်ယောက် သူမကြည့်ချင်နေတဲ့ “MAMMA MIA” ရုပ်ရှင်ကားကို ရုံတင်တုန်းမှာ အမိအရသွားကြည့်လိုက်ရလို့ ကျေနပ်နေပုံရပါတယ်။


“Musical ကားတွေဆို အရမ်းကြိုက်တတ်တဲ့ကျွန်မ…..
အဆိုတွေ အကတွေနဲ့ သရုပ်ဆောင်ရတာ အရမ်းကြိုက်တဲ့ ကျွန်မ……
“MAMMA MIA” ကိုpart 1 ထဲကအရမ်းကြိုက်ခဲ့တာ…
Part2 လာပြီလဲဆိုရော ဘယ်နေလိမ့်မလဲ,ခုပဲကြည့်ပြီးပြန်လာတာ……
ကြိုက်လိုက်တာဆွာပြောမနေပါနဲ့တော့…..
မင်းသမီးတွေရော, မင်းသားတွေရော ပါသမျှလူအကုန်လုံးရော,သီချင်းတွေရောအကုန်ကြိုက်တာ…
ကြည့်ရင်းနဲ့လဲကြိုက်…..


ကြည့်ပြီးတော့လဲ စိတ်ထဲမှာဘယ်လိုကြီးဖြစ်မှန်းမသိကြိုက်…
တော်တော်ကြီးကိုကြိုက်တာပါကွယ်…..
ဘဝမှာ ဒါမျိုးကားကြီး တစ်ကားလောက်တော့ ရိုက်ဖူးသွားချင်တယ်ကွယ်
သရုပ်ဆောင်အနေနဲ့ မဟုတ်လဲ ပရိုဂျုဆာအနေနဲ့ ပေါ့ကွယ်
(ဒီလို qualityဖြစ်ဖို့ ဘယ်တော့များမှ………………)
(မသိရင် Mamma Mia ကို promoteလုပ်ပေးနေသလိုပဲညှော်” ဆိုပြီး အူဝဲက ဒီလို ဇာတ်ကားကောင်းမျိုးကို ဘဝမှာ ရိုက်ချင်တဲ့အကြောင်းကိုလည်း လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ အူဝဲကတော့ ဒီဇာတ်ကားကို အရမ်းချီးမွမ်းခန်းဖွင့်ထားတာမို့ အူဝဲနဲ့ အကြိုက်တူတဲ့သူတွေရှိရင် ပြောခဲ့ပါဦးနော်။

Photos Credit –  Eaindra Kyaw Zin

Stella(Akhayar)

www.akhayar.com