[Zawgyi]






Stella(Akhayar)

www.akhayar.com

[Unicode]

ပန်းစည်းနဲ့အရုပ်တွေအများကြီး ရလိုက်တဲ့ မင်းသားဇေရဲထက်

နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ သရုပ်ဆောင် ဇေရဲထက် ကတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေအများကြီးရိုက်ကူးထားပြီး အနုပညာလောကမှာ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတာပါ။ အနယ်နယ်ရပ်ရပ်က ပရိသတ်များစွာပိုင်ဆိုင်ထားတဲ့ ဇေရဲထက် တစ်ယောက် လတ်တလောမှာလည်း သူ့ရဲ့ ချစ်ပရိသတ်တွေဆီက ပေးပို့လိုက်တဲ့ နှင်းဆီပန်းစည်းတွေကြီးနဲ့ အရုပ်တွေအများကြီး လက်ဆောင်ရခဲ့လို့ပျော်နေတဲ့ပုံပါပဲ။


“ဒီနေ့ရသော လက်ဆောင်လေးတွေအတွက် ကျေးဇူးပါ” လို့ကျေးဇူးတင်စကားဆိုထားပြီး သူ့ရဲ့ ဓာတ်ပုံတွေကို ပရိသတ်တွေအတွက် မျှဝေထားပါတယ်။ ဇေရဲထက်ဟာ အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်နေရပြီး လူမှုကွန်ရက်မှာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာပုံလေးတွေ၊ စိတ်ခံစားချက်လေးတွေကို မကြာခဏဆိုသလို ရင်ဖွင့်လေ့ရှိသူဖြစ်ပါတယ်။

သရုပ်ဆောင်ဇင်ဇင်ဇော်မြင့်၊ ခင်ဇာခြည်ကျော်တို့နဲ့အတူ သရုပ်ဆောင်ထားတဲ့ “ရာဇဝင် ရိုင်းခဲ့သည်” ရုပ်ရှင်ကားကြီးကတော့ သူ့ကို ပရိသတ်အင်အားပိုတိုးစေခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။

Photos Credit – Zay Ye Htet

Stella(Akhayar)

www.akhayar.com