မြန်မာလက်ရွေးစင်အသင်း နည်းပြချုပ် မီရိုဒရပ်ရာဂျူလိုဗစ် ဟာ လာမယ့် သြဂုတ်လ(၃၀)ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် တရုတ်လက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲ ၊ စက်တင်ဘာလ(၅)ရက်နေ့မှာ မွန်ဂိုလီးယားလက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဝေးကွင်းပွဲစဉ်အတွက် မြန်မာလက်ရွေးစင်အသင်းရဲ့ပဏာမ (၃၅)ဦး လူစာရင်းကို ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။ ဒီလူစာရင်းမှာတော့ ပြည်ပထွက်ကစားနေတဲ့ မြန်မာကစားသမားတွေ ၊ လက်ရှိမြန်မာနေရှင်နယ်လိဂ်မှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေပါဝင်လာခဲ့ပြီး လက်ရွေးစင်အသင်းနဲ့ ကာလအတန်ကြာဝေးကွာနေတဲ့ ကစားသမားတွေလည်း ပြန်လည်ပါဝင်လာခဲ့တာကြောင့် အသင်းရဲ့ လူစာရင်းက တောင့်တင်းမှုရှိနေပါတယ်။

ပဏာမ မြန်မာလက်ရွေးစင်အသင်းဟာ ဒီနေ့ (သြဂုတ်လ ၁၉ ရက်နေ့)မှ စတင်ပြီး စခန်းသွင်း လေ့ကျင့်မှာဖြစ်သလို တရုတ် လက်ရွေးစင်အသင်းနဲ့ ခြေစမ်းဖို့အတွက် သြဂုတ်လ(၂၆ )ရက်နေ့မှာ တရုတ်နိုင်ငံကို ထက်ခွာမှာဖြစ်ပါတယ်။ သြဂုတ်လ(၃၀)ရက်နေ့ တရုတ်အသင်းနဲ့ ခြေစမ်းအပြီးမှာတော့ မြန်မာလက်ရွေးစင်အသင်းဟာ ၂၀၂၂ ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားဖို့အတွက် မွန်ဂိုလီးယားနိုင်ငံကို ဆက်လက်ထွက်ခွာမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာလက်ရွေးစင်အသင်း ရဲ့ပဏာမလူစာရင်း

ဂိုး – ကျော်ဇင်ထက် (ရန်ကုန်) ၊ ကျော်ဇင်ဖြိုး (ဧရာဝတီ) ၊ ပြည့်လျှံအောင် (ရတနာပုံ) ၊ ဆန်းဆက်နိုင် (ရန်ကုန်) ၊ ပြည့်ဖြိုးအောင် (ဆောက်သမ်းမြန်မာ)

နောက်တန်း – ဇော်မင်းထွန်း (ချောင်ဘူရီ) ၊ စိုးမိုးကျော် (ဧရာဝတီ) ၊ ဇော်လင်း (ဧရာဝတီ) ၊ ဇော်ရဲထွန်း (ရတနာပုံ) ၊ ပြည့်ဖြိုးဇော် (ရန်ကုန်) ၊ ဒေးဗစ်ဒန်း (ရှမ်း) ၊ ကျော်ဇင်လွင် (ဧရာဝတီ) ၊ ရွှေလှိုင်ဝင်း (ဟံသာဝတီ) ၊ အောင်ဝဏ္ဏစိုး (ဇွဲကပင်) ၊ နန္ဒကျော် (ရှမ်း) ၊ သိန်းသန်းဝင်း (ရတနာပုံ) ၊ ဟိန်းသီဟဇော် (ရှမ်း)

အလယ်တန်း – ရန်အောင်ကျော် (ရန်ကုန်) ၊ လွင်မိုးအောင် (ဧရာဝတီ) ၊ ရန်နိုင်အောင် (ဟံသာဝတီ) ၊ တင်ဝင်းအောင် (ဧရာဝတီ) ၊ ဇွန်မိုးအောင် (ဇွဲကပင်) ၊ လှိုင်းဘိုဘို (ရတနာပုံ) ၊ မောင်မောင်လွင် (ရန်ကုန်) ၊ သန်းထက်အောင် (ဆာမက်ဆာခွန်) ၊ ကြည်လင်း (ဇွဲကပင်) ၊ စည်သူအောင် (ရတနာပုံ) ၊ ဆောင်လမန် (ရှမ်း)

ရှေ့တန်း – ကျော်ကိုကို (ဆာမက်ပရာကန်) ၊ အောင်သူ (မြောင်တောင်) ၊ ၀င်းနိုင်စိုး (ရတနာပုံ) ၊ သန်းပိုင် (ရန်ကုန်) ၊ အောင်ကောင်းမန် (ဧရာဝတီ) ၊ ပြည်မိုး (မကွေး) ၊ ကောင်းစည်သူ(ဆောက်သမ်းမြန်မာ)

Ref: Myanmar Football Federation
Photo:FOX Sports Asia , AFF Suzuki Cup Twitter , UFADB88.COM
Ko Kyue(Akhayar)
www.akhayar.com