[Zawgyi]






Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အုပ်စုတက်ရေး နောက်ဆုံးမျှော်လင့်ချက်ကို မြန်မာအသင်းအကောင်အထည်ဖော်နိုင်မလား

ဒီနေ့ညနေ(၃း၃၀ နာရီ)မှာတော့ မြန်မာအသင်းဟာ အီရန်အသင်းနဲ့အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံး အုပ်စုနောက်ဆုံးပွဲစဉ် ကိုကစားသွားမှာဖြစ်ပါတယ်။ မြန်မာအသင်းရဲ့အုပ်စုအနေအထားကိုကြည့်ရင် မြန်မာအသင်းဟာ ရမှတ်(၁)မှတ်ရရှိထားပြီး အုပ်စုတတိယနေရာမှာရပ်တည်နေသလို အီရန်အသင်းက ရမှတ်(၄)မှတ်နဲ့ အုပ်စုဒုတိယနေရာမှာ ရပ်တည်နေတာပါ။ အကောင်းဆုံးအုပ်စု တတိယ(၄)သင်းဟာ ရှုံးထွက်အဆင့်ကိုတက်ရောက်မှာဖြစ်တာကြောင့် မြန်မာအသင်းမှာ နောက်တစ်ဆင့် အတွက်မျှော်လင့်ချက်တော့ရှိနေပါတယ်။

Myanmar-u-23-Group-Standing-

Myanmar-u-23-Group-Standing

မြန်မာအသင်းဟာ မြောက်ကိုရီးယား ၊ ဆော်ဒီအသင်းတွေနဲ့ပွဲစဉ်မှာ အားကုန်ရုန်းခဲ့ရတာကြောင့် ဒီပွဲမှာပွဲပန်းတဲ့ဒဏ်ကိုခံရဖို့ရှိပါတယ်။ အီရန်အသင်းဟာ နောက်တစ်ဆင့်ကိုတက်ရောက်ဖို့ သေချာသလောက် ရှိနေပြီဖြစ်တာကြောင့် ထင်သလောက်ဖိအားသိပ်မရှိဘူးလို့ ဆိုရမှာပါ။ အုပ်စုတက်ရေး နောက်ဆုံးမျှော်လင့်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ဆိုရင်တော့ မြန်မာအသင်းအနေနဲ့ အီရန်အသင်းကို အနိုင်ကစားဖို့လိုအပ်ပါတယ်။ ဘောလုံးမှာမဖြစ်နိုင်ဘူး ဆိုတာဘာမှမရှိတာကြောင့် မြန်မာအသင်းအနေနဲ့ မထင်မှတ်တာတွေလုပ်ပြသွားမလားဆိုတာ စောင့်ကြည့်သွားရမှာပါ။

Photo: VOA Burmese , Wikipedia
Ko Kyue(Akhayar)
www.akhayar.com