[Zawgyi]

ပရိသတ္စိတ္ေက်နပ္ေအာင္ စြမ္းေဆာင္ျပခဲ႔တဲ႔ ျမန္မာအသင္း

အာရွအားကစားျပိဳင္ပြဲ အမ်ိဳးသားေဘာလံုး အုပ္စုေနာက္ဆံုးပဲြစဥ္အျဖစ္ ဒီေန႔ ညေန(၃း၃၀ နာရီ) ျမန္မာအသင္းနဲ႔ အီရန္အသင္းတို႔ယွဥ္ျပိဳင္ကစားခဲ႔ၾကပါတယ္။ ျမန္မာအသင္းဟာ အေကာင္းဆံုးစြမ္းေဆာင္ရည္ေတြျပသႏိုင္ခဲ႔ျပီး ( ၂ – ၀ )နဲ႔ အႏိုင္ရရိွခဲ႔ပါတယ္။ တစ္ဖက္က ပြဲစဥ္တစ္ပြဲျဖစ္တဲ႔ ေဆာ္ဒီနဲ႔ေျမာက္ကိုရီးယားပြဲစဥ္မွာ ေျမာက္ကိုရီးယားအသင္းဟာ (၃ – ၀ )နဲ႔အႏိုင္ရရိွခဲ႔တာေၾကာင္႔ ျမန္မာအသင္းဟာ ကံဆိုးစြာနဲ႔ပဲ အုပ္စုအဆင္႔ကေနထြက္ခဲ႔ရပါတယ္။ အုပ္စုတြင္း(၄)သင္းလံုးဟာ ကိုယ္စီရမွတ္(၄)မွတ္စီရရိွခဲ႔ၾကျပီး ဂိုးကြာျခားခ်က္ေၾကာင္႔သာ ျမန္မာအသင္းဟာ အုပ္စုအဆင္႔ကေနထြက္ခြာခဲ႔ရတာျဖစ္ပါတယ္။ ျမန္မာအသင္းဟာ ေဆာ္ဒီအသင္းကို(၃)ဂိုးျပတ္နဲ႔ရံႈးနိမ္႔ခဲ႔တဲ႔ပြဲမွာ ေပးခဲ႔ရတဲ႔ေပးဂိုးေတြက ျမန္မာအသင္းကို ထိုးႏွက္သြားခဲ႔တာပဲျဖစ္ပါတယ္။

2018-Asian-Games-Group-F-Standing

2018-Asian-Games-Group-F-Standing

ျမန္မာအသင္းဟာ အီရန္အသင္းကို တစ္ခ်ိန္လံုးအသာစီးကေန ကစားသြားခဲ႔ျပီး ပထမပိုင္းမွာအဆံုးသတ္ပိုင္းအားနည္းခဲ႔လို႔သာ ဂိုးမရခဲ႔တာပါ။ ဒုတိယပိုင္းမွာေတာ႔ ျမန္မာအသင္းဟာတိုက္စစ္ကိုပိုတင္ကစားႏိုင္ခဲ႔ျပီး ပြဲခ်ိန္(၅၅)မိနစ္မွာ အီရန္ေနာက္ခံလူရွင္းထုတ္တာ မေသသပ္မႈကေန လြင္မိုးေအာင္က ျမန္မာအသင္းအတြက္ ဦးေဆာင္ဂိုးကိုသြင္းယူေပးခဲ႔ပါတယ္။ ပြဲခ်ိန္(၆၇)မိနစ္မွာေတာ႔ ျမန္မာအသင္းက ဒုတိယဂိုးရရိွခဲ႔ျပီး ရရိွလာတဲ႔အခြင္႔အေရးကို ထက္ျဖိဳးေဝ ဟာအျပင္းကန္သြင္းအဆံုးသတ္ခဲ႔တာပါ။

ျမန္မာအသင္းဟာ ျပိဳင္ပြဲကေနထြက္ခြာခဲ႔ရေပမယ္႔ ျပိဳင္ပြဲတစ္ေလွ်ာက္လံုး ပရိသတ္စိတ္ေက်နပ္ေစမယ္႔ ေျခစြမ္းမ်ိဳးျပသႏိုင္ခဲ႔ျပီး နည္းျပအန္တိုနီေဟး လက္ထက္မွာအသင္းဟာတိုးတက္မႈေတြရိွလာတာကိုလည္း ျမင္ေတြ႕ခဲ႔ရပါတယ္။ ျမန္မာအသင္းဟာ အာရွအားကစားျပိဳင္ပြဲမွာ ေျခစြမ္းျပသႏိုင္ခဲ႔သလို ေကာင္းမြန္တဲ႔အေတြ႕အၾကံဳေကာင္းေတြလည္းရရိွခဲ႔တာေၾကာင္႔ ေနာက္လာမယ္႔ျပိဳင္ပြဲေတြမွာ ျမန္မာအသင္းကို အရင္ကထက္ပို ေမွ်ာ္လင္႔လို႔ရလာမွာကေတာ႔ အေသအခ်ာပဲျဖစ္ပါတယ္။

Photo: Wikipedia
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပရိသတ်စိတ်ကျေနပ်အောင် စွမ်းဆောင်ပြခဲ့တဲ့ မြန်မာအသင်း

အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံး အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဒီနေ့ ညနေ(၃း၃၀ နာရီ) မြန်မာအသင်းနဲ့ အီရန်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ မြန်မာအသင်းဟာ အကောင်းဆုံးစွမ်းဆောင်ရည်တွေပြသနိုင်ခဲ့ပြီး ( ၂ – ၀ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။ တစ်ဖက်က ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆော်ဒီနဲ့မြောက်ကိုရီးယားပွဲစဉ်မှာ မြောက်ကိုရီးယားအသင်းဟာ (၃ – ၀ )နဲ့အနိုင်ရရှိခဲ့တာကြောင့် မြန်မာအသင်းဟာ ကံဆိုးစွာနဲ့ပဲ အုပ်စုအဆင့်ကနေထွက်ခဲ့ရပါတယ်။ အုပ်စုတွင်း(၄)သင်းလုံးဟာ ကိုယ်စီရမှတ်(၄)မှတ်စီရရှိခဲ့ကြပြီး ဂိုးကွာခြားချက်ကြောင့်သာ မြန်မာအသင်းဟာ အုပ်စုအဆင့်ကနေထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ မြန်မာအသင်းဟာ ဆော်ဒီအသင်းကို(၃)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပေးခဲ့ရတဲ့ပေးဂိုးတွေက မြန်မာအသင်းကို ထိုးနှက်သွားခဲ့တာပဲဖြစ်ပါတယ်။

2018-Asian-Games-Group-F-Standing

2018-Asian-Games-Group-F-Standing

မြန်မာအသင်းဟာ အီရန်အသင်းကို တစ်ချိန်လုံးအသာစီးကနေ ကစားသွားခဲ့ပြီး ပထမပိုင်းမှာအဆုံးသတ်ပိုင်းအားနည်းခဲ့လို့သာ ဂိုးမရခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ မြန်မာအသင်းဟာတိုက်စစ်ကိုပိုတင်ကစားနိုင်ခဲ့ပြီး ပွဲချိန်(၅၅)မိနစ်မှာ အီရန်နောက်ခံလူရှင်းထုတ်တာ မသေသပ်မှုကနေ လွင်မိုးအောင်က မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ ပွဲချိန်(၆၇)မိနစ်မှာတော့ မြန်မာအသင်းက ဒုတိယဂိုးရရှိခဲ့ပြီး ရရှိလာတဲ့အခွင့်အရေးကို ထက်ဖြိုးဝေ ဟာအပြင်းကန်သွင်းအဆုံးသတ်ခဲ့တာပါ။

မြန်မာအသင်းဟာ ပြိုင်ပွဲကနေထွက်ခွာခဲ့ရပေမယ့် ပြိုင်ပွဲတစ်လျှောက်လုံး ပရိသတ်စိတ်ကျေနပ်စေမယ့် ခြေစွမ်းမျိုးပြသနိုင်ခဲ့ပြီး နည်းပြအန်တိုနီဟေး လက်ထက်မှာအသင်းဟာတိုးတက်မှုတွေရှိလာတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ မြန်မာအသင်းဟာ အာရှအားကစားပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့သလို ကောင်းမွန်တဲ့အတွေ့အကြုံကောင်းတွေလည်းရရှိခဲ့တာကြောင့် နောက်လာမယ့်ပြိုင်ပွဲတွေမှာ မြန်မာအသင်းကို အရင်ကထက်ပို မျှော်လင့်လို့ရလာမှာကတော့ အသေအချာပဲဖြစ်ပါတယ်။

Photo: Wikipedia
Ko Kyue(Akhayar)
www.akhayar.com