[Zawgyi]

LGBT ေတြအတြက္ ရည္စူးတဲ့ ေက်ာက္ေျမာင္းထဲက ေရာင္စံုသက္တံ့ဆိုင္ေလးတဲ့

သိပ္မၾကာခင္က ေက်ာက္ေျမာင္းထဲမွာ ေပၚလာတဲ့ သက္တန္႔ကမ႓ာေလးတစ္ခုရွိပါသတဲ့။ ဖိုမ သဘာဝ ခ်စ္ႀကိဳက္ၾကတဲ့ကာလမွာ လိင္တူခ်စ္သူေတြကိုပါ ကိုယ္စားျပဳတဲ့ ရန္ကုန္ဆိုင္ေတြထဲ ပထမဆံုးေပၚလာတဲ့ ထူးထူးျခားျခားဒီဆိုင္ေလးအေၾကာင္း စိတ္ဝင္စားမိသြားၿပီဆိုရင္…..

ဒီဆိုင္ေလးေပၚလာတာ သိပ္မၾကာေသးဘူးရယ္။ ႐ုပ္ရွင္မင္းသမီး ခိုင္ႏွင္းေဝ ဦးစီးၿပီး ဒီဆိုင္ေလးကို ဖြင့္ထားတာဆိုေတာ့ စိတ္ေတာ့ဝင္စားသြားမိတာနဲ႔ အိမ္နဲ႔သိပ္မေဝးတဲ့ ေက်ာက္ေျမာင္းထဲ တစ္ကိုယ္တည္း သြားၾကည့္မိလိုက္ပါေလရဲ႕။

ဆိုင္ေလးက ေျမညီထပ္အခန္းက်ဥ္းက်ဥ္းေလးကို စားပြဲေလးေတြရယ္၊ ႏွပ္ေကာ္ဖီဘားေလးနဲ႔၊ လက္မႈပစၥည္းေလးေတြနဲ႔ အလွဆင္ထားတာ။ LGBT ေတြအတြက္ အဓိကရည္ရြယ္ေပမယ့္ ဘယ္သူမဆို လာလို႔ရတယ္ေပါ့ေနာ္။

တစ္ဆိုင္လံုးကို LGBT ကိုယ္စားျပဳတဲ့ သက္တန္႔ေလးေတြျခယ္မႈန္းထားတယ္။ ကိုယ္တိုင္လုပ္ ေရာင္စံု Handmade ပစၥည္းေလးေတြ၊ LGBT ကိုယ္စားျပဳ အထိမ္းအမွတ္လက္ေဆာင္ေလးေတြ ေရာင္းေပးတယ္။နံရံမွာလည္း အလံႀကီးကပ္လို႔။

တစ္ခုမေျပတာက က်ဥ္းၿပီး၊ နည္းနည္းစိတ္က်ဥ္းၾကပ္သလိုခံစားရတယ္။

အစားအေသာက္နဲ႔ပတ္သက္ရင္ေတာ့ မ႐ိုးမဆန္းလို႔ေျပာရမယ္။ သေဘာၤသီးေထာင္း၊ ဝက္ဂုတ္သားကင္၊ မာမားေထာင္း။ ေျပာင္းဖူးေထာင္၊ တုန္ယမ္းဟင္းခ်ိဳ ဒီလို ႐ိုး႐ိုး ဆိုင္တိုင္းမွာရတဲ့ ထိုင္း႐ိုးရာအစားအစာေတြခ်ည္းရတယ္။

ေမၿမိဳ႕ႏွပ္ေကာ္ဖီေလးေတြရတယ္။ ၿပီးေတာ့ ၾကက္သားအီစန္၊ ဆိုက္ေကာ္ေတြ၊ Mooping လို႔ေခၚတဲ့ ဝက္ဂုတ္သားကင္ေတြ ၾကက္ဆာေတးေလးေတြ၊ ခ်ိစ္ၾကက္အူေခ်ာင္း၊ ေကာက္ညႇင္းၾကက္အူေခ်ာင္း အကင္ေတြအစားစားရတယ္။ တစ္ေခ်ာင္း ၇၀၀ နဲ႔ ၁၀၀၀ တန္အစားစားရွိတယ္။ ဒါေလးေတြေတာ့ ဆိုင္ေရွ႕က လွည္းေလးမွာ သက္သက္မွာလို႔ရတယ္။

သေဘာၤသီးေထာင္းကို ငါးပိနဲ႔အဆန္းမွာလိုက္တာ ခ်ိဳခ်ိဳေပါ့စပ္နဲ႔ သိပ္စားမေကာင္းပါ။ ပင္လယ္စာ မာမားသုပ္ကေတာ့ ခပ္႐ိုး႐ိုးပဲ။ အရသာေတြက ထင္ထားသေလာက္ မဟုတ္ေတာ့ အားမရ။

အကင္ေလးေတြကေတာ့ ေစ်းတန္တယ္။ အရသာရွိတယ္။ ေတာ္ရံုဆိုင္ေတြမွာ မရတဲ့အရသာေလးေတြရတယ္။ အခ်ဥ္ႀကီးက ခ်ိဳခ်ိဳႀကီးျဖစ္ေနတာပဲ အဆင္မေျပတာ။

ေျပာရရင္ ေစ်းေတာ့ပံုမွန္ပဲ။ ဝန္ထမ္းေလးေတြကေတာ့ ဝန္ေဆာင္မႈအလြန္အၾကဴးေကာင္းတယ္။ ဘာလိုခ်င္ခ်င္ အကုန္ေသခ်ာလုပ္ေပးတယ္။ ရင္းႏွီးေႏြးေထြးတယ္။

ေစ်းႏႈန္းက ၁၅၀၀,၂၀၀၀ ကစတယ္။ အရသာအရမ္းႀကီးေကာင္းေကာင္းမလိုခ်င္ဘဲ ေအးေဆးထိုင္ရံုနဲ႔ရၿပီဆို ဒီဆိုင္ေလးလာလို႔ရပါတယ္။ ဆိုင္နာမည္ေလးက My Place တဲ့။

သူငယ္ခ်င္းေတြ၊ Tomboysစံုတြဲေလးေတြ၊ Lesbian ေလးေတြ အဲ့လိုလူေတြအတြက္ေတာ့ တကယ့္ကို စုေဝးရာပြဲေတြလုပ္ၾကတဲ့ ေနရာေကာင္းေလးပဲ။ ဒီလို သီးသန္႔ LGBT Support လုပ္တဲ့ဆိုင္ေလးေတြ ေပၚလာတာလည္း စားေသာက္ဆိုင္ေလာကမွာ ႀကိဳဆိုစရာပါပဲ။

လိပ္စာေလးက အမွတ္ ၂၈၊ ဒဂုဏ္သီရိလမ္း၊ ေက်ာက္ေျမာင္းထဲမွာေနာ္။ မနက္ ၁၀ နာရီကေန ည ၁၀ နာရီထိ ဖြင့္ပါတယ္။

Rating ေလးေတြေပးရရင္-
အစားအေသာက္-3/5 stars
ေနရာထိုင္ခင္း-2/5 stars
ဝန္ေဆာင္မႈ-4/5 stars
သန္႔ရွင္းမႈ-3/5 stars
ေစ်းႏႈန္း-3/5 stars ပါ။

အခရာက ကိုယ္တိုင္သြားစားခဲ့သမွ် ဆိုင္ေလးေတြရဲ႕ အေျခအေနကို ကိုယ့္စရိတ္နဲ႔ကိုယ္စားၿပီး အရွိအရွိအတိုင္း အေကာင္း၊ အဆိုး လိုအပ္တာမွန္သမွ် အျပဳသေဘာေဆာင္တဲ့မွတ္ခ်က္ေလးေတြနဲ႔ အရွိကိုအရွိအတိုင္း တင္ျပေပးသြားမွာမို႔ ပိုေကာင္းတဲ့ အစားအေသာက္အသိုက္အဝန္းေလးျဖစ္ဖို႔ Page ေလးကို Like ၿပီး ႀကိဳက္တဲ့ဆိုင္ေလးေတြ မွ်ေဝသြားလို႔ရပါတယ္ေနာ္။

[Unicode]

LGBT တွေအတွက် ရည်စူးတဲ့ ကျောက်မြောင်းထဲက ရောင်စုံသက်တံ့ဆိုင်လေးတဲ့

သိပ်မကြာခင်က ကျောက်မြောင်းထဲမှာ ပေါ်လာတဲ့ သက်တန့်ကမ္ဘာလေးတစ်ခုရှိပါသတဲ့။ ဖိုမ သဘာဝ ချစ်ကြိုက်ကြတဲ့ကာလမှာ လိင်တူချစ်သူတွေကိုပါ ကိုယ်စားပြုတဲ့ ရန်ကုန်ဆိုင်တွေထဲ ပထမဆုံးပေါ်လာတဲ့ ထူးထူးခြားခြားဒီဆိုင်လေးအကြောင်း စိတ်ဝင်စားမိသွားပြီဆိုရင်…..

ဒီဆိုင်လေးပေါ်လာတာ သိပ်မကြာသေးဘူးရယ်။ ရုပ်ရှင်မင်းသမီး ခိုင်နှင်းဝေ ဦးစီးပြီး ဒီဆိုင်လေးကို ဖွင့်ထားတာဆိုတော့ စိတ်တော့ဝင်စားသွားမိတာနဲ့ အိမ်နဲ့သိပ်မဝေးတဲ့ ကျောက်မြောင်းထဲ တစ်ကိုယ်တည်း သွားကြည့်မိလိုက်ပါလေရဲ့။

ဆိုင်လေးက မြေညီထပ်အခန်းကျဉ်းကျဉ်းလေးကို စားပွဲလေးတွေရယ်၊ နှပ်ကော်ဖီဘားလေးနဲ့၊ လက်မှုပစ္စည်းလေးတွေနဲ့ အလှဆင်ထားတာ။ LGBT တွေအတွက် အဓိကရည်ရွယ်ပေမယ့် ဘယ်သူမဆို လာလို့ရတယ်ပေါ့နော်။

တစ်ဆိုင်လုံးကို LGBT ကိုယ်စားပြုတဲ့ သက်တန့်လေးတွေခြယ်မှုန်းထားတယ်။ ကိုယ်တိုင်လုပ် ရောင်စုံ Handmade ပစ္စည်းလေးတွေ၊ LGBT ကိုယ်စားပြု အထိမ်းအမှတ်လက်ဆောင်လေးတွေ ရောင်းပေးတယ်။နံရံမှာလည်း အလံကြီးကပ်လို့။

တစ်ခုမပြေတာက ကျဉ်းပြီး၊ နည်းနည်းစိတ်ကျဉ်းကြပ်သလိုခံစားရတယ်။

အစားအသောက်နဲ့ပတ်သက်ရင်တော့ မရိုးမဆန်းလို့ပြောရမယ်။ သဘောၤသီးထောင်း၊ ဝက်ဂုတ်သားကင်၊ မာမားထောင်း။ ပြောင်းဖူးထောင်၊ တုန်ယမ်းဟင်းချို ဒီလို ရိုးရိုး ဆိုင်တိုင်းမှာရတဲ့ ထိုင်းရိုးရာအစားအစာတွေချည်းရတယ်။

မေမြို့နှပ်ကော်ဖီလေးတွေရတယ်။ ပြီးတော့ ကြက်သားအီစန်၊ ဆိုက်ကော်တွေ၊ Mooping လို့ခေါ်တဲ့ ဝက်ဂုတ်သားကင်တွေ ကြက်ဆာတေးလေးတွေ၊ ချိစ်ကြက်အူချောင်း၊ ကောက်ညှင်းကြက်အူချောင်း အကင်တွေအစားစားရတယ်။ တစ်ချောင်း ၇၀၀ နဲ့ ၁၀၀၀ တန်အစားစားရှိတယ်။ ဒါလေးတွေတော့ ဆိုင်ရှေ့က လှည်းလေးမှာ သက်သက်မှာလို့ရတယ်။

သဘောၤသီးထောင်းကို ငါးပိနဲ့အဆန်းမှာလိုက်တာ ချိုချိုပေါ့စပ်နဲ့ သိပ်စားမကောင်းပါ။ ပင်လယ်စာ မာမားသုပ်ကတော့ ခပ်ရိုးရိုးပဲ။ အရသာတွေက ထင်ထားသလောက် မဟုတ်တော့ အားမရ။

အကင်လေးတွေကတော့ ဈေးတန်တယ်။ အရသာရှိတယ်။ တော်ရုံဆိုင်တွေမှာ မရတဲ့အရသာလေးတွေရတယ်။ အချဉ်ကြီးက ချိုချိုကြီးဖြစ်နေတာပဲ အဆင်မပြေတာ။

ပြောရရင် ဈေးတော့ပုံမှန်ပဲ။ ဝန်ထမ်းလေးတွေကတော့ ဝန်ဆောင်မှုအလွန်အကြူးကောင်းတယ်။ ဘာလိုချင်ချင် အကုန်သေချာလုပ်ပေးတယ်။ ရင်းနှီးနွေးထွေးတယ်။

ဈေးနှုန်းက ၁၅၀၀,၂၀၀၀ ကစတယ်။ အရသာအရမ်းကြီးကောင်းကောင်းမလိုချင်ဘဲ အေးဆေးထိုင်ရုံနဲ့ရပြီဆို ဒီဆိုင်လေးလာလို့ရပါတယ်။ ဆိုင်နာမည်လေးက My Place တဲ့။

သူငယ်ချင်းတွေ၊ Tomboysစုံတွဲလေးတွေ၊ Lesbian လေးတွေ အဲ့လိုလူတွေအတွက်တော့ တကယ့်ကို စုဝေးရာပွဲတွေလုပ်ကြတဲ့ နေရာကောင်းလေးပဲ။ ဒီလို သီးသန့် LGBT Support လုပ်တဲ့ဆိုင်လေးတွေ ပေါ်လာတာလည်း စားသောက်ဆိုင်လောကမှာ ကြိုဆိုစရာပါပဲ။

လိပ်စာလေးက အမှတ် ၂၈၊ ဒဂုဏ်သီရိလမ်း၊ ကျောက်မြောင်းထဲမှာနော်။ မနက် ၁၀ နာရီကနေ ည ၁၀ နာရီထိ ဖွင့်ပါတယ်။

Rating လေးတွေပေးရရင်-
အစားအသောက်-3/5 stars
နေရာထိုင်ခင်း-2/5 stars
ဝန်ဆောင်မှု-4/5 stars
သန့်ရှင်းမှု-3/5 stars
ဈေးနှုန်း-3/5 stars ပါ။

အခရာက ကိုယ်တိုင်သွားစားခဲ့သမျှ ဆိုင်လေးတွေရဲ့ အခြေအနေကို ကိုယ့်စရိတ်နဲ့ကိုယ်စားပြီး အရှိအရှိအတိုင်း အကောင်း၊ အဆိုး လိုအပ်တာမှန်သမျှ အပြုသဘောဆောင်တဲ့မှတ်ချက်လေးတွေနဲ့ အရှိကိုအရှိအတိုင်း တင်ပြပေးသွားမှာမို့ ပိုကောင်းတဲ့ အစားအသောက်အသိုက်အဝန်းလေးဖြစ်ဖို့ Page လေးကို Like ပြီး ကြိုက်တဲ့ဆိုင်လေးတွေ မျှဝေသွားလို့ရပါတယ်နော်။