[Zawgyi]

မၾကည့္မျဖစ္ ၾကည့္ရမယ့္ လႈိဏ္ဂူတြင္းစြန္႔စားခန္း ဇာတ္ကား (၅) ကား

ထုိင္းက ကေလးေတြ ဂူထဲ ဝင္ရင္း ေပ်ာက္ဆံုးသြားေတာ့ ျပန္ရွာေတြ႔ဖို႔ကုိ ေစာင့္ၾကည့္ဆုေတာင္းရတာ ရင္တထိတ္ထိတ္ပါပဲ။ လႈိဏ္ဂူေတြဆိုတာ အျပင္ပန္းမွာကို ေမွာင္မုိက္၊ က်ဥ္းက်ပ္ျပီး စိတ္ဝင္စားဖြယ္အျပည့္ပါ။ ဒါေၾကာင့္ ထုိင္းေက်ာင္းသားေလးေတြ ကယ္ဆယ္ဖို႔ ျပင္ပက တကယ့္စြန္႔စားခန္းလိုပဲ ရုပ္ရွင္ထဲမွာလည္း အဲဒီလိုေကာင္းတဲ့ ဇာတ္လမ္းေလးေတြ ရွိပါတယ္။ ဒါေတြကေတာ့

The Pyramid (2014)

The Pyramid

The Pyramid

၂၀၁၄ ခုႏွစ္အတြင္း ထိတ္လန္႔တုန္လႈပ္ဖြယ္ဇာတ္ကားေတြ အမ်ားၾကီးရွိတဲ့အထဲမွာ ‘The Pyramid’ လည္း အပါအဝင္ပါပဲ။ ဒါရိုက္တာ Gregory Levasseur ကေတာ့ အီဂ်စ္ပိရမစ္ေတြနဲ႔ ရုပ္ရွင္ရုိက္ကူးဖို႔ အၾကံအစည္ရွိခဲ့ပါတယ္။ ဒီဇာတ္ကားဟာ ပိရမစ္ၾကီးတစ္ခုရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို ေဖာ္ထုတ္ဖို႔ ၾကိဳးစားတဲ့ ေရွးေဟာင္းသုေတသနပညာရွင္ေတြအေနနဲ႔ ဂူအတြင္း ၾကံဳေတြ႔ရမယ့္ ေၾကာက္မက္ဖြယ္အႏၱရာယ္ကို ရိုက္ကူးတင္ဆက္ထားတာပါ။ ဒီဇာတ္ကားဟာ ဝင္ေငြအရ မေအာင္ျမင္ေပမယ့္  ရုပ္ရွင္ျပသေနတဲ့ ေတာက္ေလွ်ာက္ ရွည္လ်ားတဲ့ ဂူေလွ်ာက္လမ္းရိုက္ခ်က္ေတြဟာ စိတ္မသက္မသာခံစားမႈကို ေပးစြမ္းမွာပါ။

The Cave (2005)

The Cave

The Cave

The Cave ဟာလည္း သဲထိတ္ရင္ဖို ဇာတ္ကားေကာင္းတစ္ခုပါပဲ။ သိပၸံနည္းက်ရွာေဖြတတ္တဲ့ လူတစ္စုဟာ ရိုေမးနီးယားႏုိင္ငံမွာ ရွိတဲ့ ေရေအာက္ထဲက ဂူတစ္ခုကို စူးစမ္းေလ့လာတဲ့အခါ အႏၱရာယ္ေတြ ၾကံဳေတြ႔ရပံုကို ရိုက္ကူးထားပါတယ္။ ဒီဇာတ္ကားဟာ ခ်ီးက်ဴးမႈေတြေရာ၊ ေဝဖန္မႈေတြေရာ ၾကံဳခဲ့ျပီး ေရေအာက္ထဲက ဇာတ္ဝင္ခန္းေတြရဲ႕ သဘာဝက်ပီျပင္မႈကိုေတာ့ လူအေတာ္မ်ားမ်ားက သေဘာက်ခဲ့ၾကပါတယ္။

The Descent Part 2 (2009)

The Descent Part 2

The Descent Part 2

The Descent Part 2 ဟာ ၂၀၀၅ ခုႏွစ္က ထြက္ရွိခဲ့တဲ့ The Descent ရဲ႕ ေနာက္ဆက္တြဲဇာတ္ကားျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ ပထမဇာတ္ကားေလာက္ ဝင္ေငြမေကာင္းေပမယ့္ သူ႔ဟာနဲ႔ သူ ေအာင္ျမင္မႈရရွိတဲ့ ဇာတ္ကားျဖစ္ပါတယ္။ ပထမဇာတ္ကားမွာ Sarah လြတ္ေျမာက္လာျပီးေနာက္မွာ သူတို႔သူငယ္ခ်င္းေတြကို ဘယ္လိုအရာေတြက သတ္ျဖတ္လိုက္လဲဆုိတာကို ဆင္းရွာၾကပါတယ္။ ဘာေတြ ဆက္ျဖစ္လာၾကမလဲကို ေစာင့္ၾကည့္ရမွာပါ။

Sanctum (2011)

Sanctum

Sanctum

ဒီဇာတ္ကားကေတာ့ James Cameron က Producer အျဖစ္ထုတ္လုပ္ျပီး ဒါရုိက္တာ Alister Grierson က ရုိက္ကူးတင္ဆက္ထားတဲ့ Disaster Survival အမ်ိဳးအစားျဖစ္ပါတယ္။ လႈိဏ္ဂူတြင္းစြန္႔စားခန္းဇာတ္ကားအမ်ိဳးအစားထဲမွာေတာ့ ‘Sanctum’ ဟာ ၾကည့္ကို ၾကည့္ရႈရမယ့္ ဇာတ္ကားပါ။ ပါပူဝါနယူးဂီနီကမ္းရုိးတန္းတဝုိက္က လႈိဏ္ဂူေတြကို စူးစမ္းရွာေဖြေနတုန္း အပူပိုင္းမုန္တုိင္းတစ္ခုနဲ႔ တိိုးလို႔ ဂူထဲမွာ ပိတ္မိေနတဲ့အခါ ဘယ္လို လြတ္ေျမာက္ေအာင္ လုပ္မလဲ၊ ဘယ္လို အခက္အခဲေတြကို ရင္ဆုိင္ျဖတ္ေက်ာ္ရမလဲဆုိတာ ၾကည့္ရႈရမွာပါ။ ဒီဇာတ္ကားဟာ ေဒၚလာ သန္း ၃၀ အကုန္အက်ခံရိုက္ကူးထားျပီး ေဒၚလာ၁၀၈ သန္းေက်ာ္ ဝင္ေငြရခဲ့ပါတယ္။

The Descent (2005)

The Descent

The Descent

ဒီဇာတ္ကားကေတာ့ မူရင္း The Descent ပါပဲ။ ဒါရိုက္တာ Neil Marshall ရုိက္ကူးျပီး လႈိဏ္ဂူတစ္ခုထဲကို ဝင္သြားတဲ့ အမ်ိဳးသမီး (၆) ေယာက္ ဒုကၡေတြနဲ႔ ေတြ႔ၾကံဳရပံုကို အေကာင္းဆံုးရုိက္ကူးတင္ဆက္ထားခဲ့ပါတယ္။ ဇာတ္ကားရဲ႕ အျပင္ဇာတ္ဝင္ခန္းေတြကို အဂၤလန္ႏုိင္ငံ Hertfordshire မွာ ရို္က္ကူးထားျပီး လႈိဏ္ဂူတြင္းဇာတ္ဝင္ခန္းေတြကိုေတာ့ ဆက္တင္ေတြ ေဆာက္ျပီး Pinewood Studio မွာ ရိုက္ကူးထားတာပါ။ ဒီဇာတ္ကားဟာ ဘတ္ဂ်တ္နည္းနည္း ၃.၅ သန္းနဲ႔ ရိုက္ကူးထားေပမယ့္ ဝင္ေငြအရေတာ့ ၅၇.၁ သန္းနဲ႔ ဝင္ေငြေကာင္းခဲ့ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

[Unicode]

မကြည့်မဖြစ် ကြည့်ရမယ့် လှိုဏ်ဂူတွင်းစွန့်စားခန်း ဇာတ်ကား (၅) ကား

ထိုင်းက ကလေးတွေ ဂူထဲ ဝင်ရင်း ပျောက်ဆုံးသွားတော့ ပြန်ရှာတွေ့ဖို့ကို စောင့်ကြည့်ဆုတောင်းရတာ ရင်တထိတ်ထိတ်ပါပဲ။ လှိုဏ်ဂူတွေဆိုတာ အပြင်ပန်းမှာကို မှောင်မိုက်၊ ကျဉ်းကျပ်ပြီး စိတ်ဝင်စားဖွယ်အပြည့်ပါ။ ဒါကြောင့် ထိုင်းကျောင်းသားလေးတွေ ကယ်ဆယ်ဖို့ ပြင်ပက တကယ့်စွန့်စားခန်းလိုပဲ ရုပ်ရှင်ထဲမှာလည်း အဲဒီလိုကောင်းတဲ့ ဇာတ်လမ်းလေးတွေ ရှိပါတယ်။ ဒါတွေကတော့

The Pyramid (2014)

The Pyramid

The Pyramid

၂၀၁၄ ခုနှစ်အတွင်း ထိတ်လန့်တုန်လှုပ်ဖွယ်ဇာတ်ကားတွေ အများကြီးရှိတဲ့အထဲမှာ ‘The Pyramid’ လည်း အပါအဝင်ပါပဲ။ ဒါရိုက်တာ Gregory Levasseur ကတော့ အီဂျစ်ပိရမစ်တွေနဲ့ ရုပ်ရှင်ရိုက်ကူးဖို့ အကြံအစည်ရှိခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ပိရမစ်ကြီးတစ်ခုရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့ ရှေးဟောင်းသုတေသနပညာရှင်တွေအနေနဲ့ ဂူအတွင်း ကြုံတွေ့ရမယ့် ကြောက်မက်ဖွယ်အန္တရာယ်ကို ရိုက်ကူးတင်ဆက်ထားတာပါ။ ဒီဇာတ်ကားဟာ ဝင်ငွေအရ မအောင်မြင်ပေမယ့်  ရုပ်ရှင်ပြသနေတဲ့ တောက်လျှောက် ရှည်လျားတဲ့ ဂူလျှောက်လမ်းရိုက်ချက်တွေဟာ စိတ်မသက်မသာခံစားမှုကို ပေးစွမ်းမှာပါ။

The Cave (2005)

The Cave

The Cave

The Cave ဟာလည်း သဲထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ခုပါပဲ။ သိပ္ပံနည်းကျရှာဖွေတတ်တဲ့ လူတစ်စုဟာ ရိုမေးနီးယားနိုင်ငံမှာ ရှိတဲ့ ရေအောက်ထဲက ဂူတစ်ခုကို စူးစမ်းလေ့လာတဲ့အခါ အန္တရာယ်တွေ ကြုံတွေ့ရပုံကို ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားဟာ ချီးကျူးမှုတွေရော၊ ဝေဖန်မှုတွေရော ကြုံခဲ့ပြီး ရေအောက်ထဲက ဇာတ်ဝင်ခန်းတွေရဲ့ သဘာဝကျပီပြင်မှုကိုတော့ လူအတော်များများက သဘောကျခဲ့ကြပါတယ်။

The Descent Part 2 (2009)

The Descent Part 2

The Descent Part 2

The Descent Part 2 ဟာ ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Descent ရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ပထမဇာတ်ကားလောက် ဝင်ငွေမကောင်းပေမယ့် သူ့ဟာနဲ့ သူ အောင်မြင်မှုရရှိတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ပထမဇာတ်ကားမှာ Sarah လွတ်မြောက်လာပြီးနောက်မှာ သူတို့သူငယ်ချင်းတွေကို ဘယ်လိုအရာတွေက သတ်ဖြတ်လိုက်လဲဆိုတာကို ဆင်းရှာကြပါတယ်။ ဘာတွေ ဆက်ဖြစ်လာကြမလဲကို စောင့်ကြည့်ရမှာပါ။

Sanctum (2011)

Sanctum

Sanctum

ဒီဇာတ်ကားကတော့ James Cameron က Producer အဖြစ်ထုတ်လုပ်ပြီး ဒါရိုက်တာ Alister Grierson က ရိုက်ကူးတင်ဆက်ထားတဲ့ Disaster Survival အမျိုးအစားဖြစ်ပါတယ်။ လှိုဏ်ဂူတွင်းစွန့်စားခန်းဇာတ်ကားအမျိုးအစားထဲမှာတော့ ‘Sanctum’ ဟာ ကြည့်ကို ကြည့်ရှုရမယ့် ဇာတ်ကားပါ။ ပါပူဝါနယူးဂီနီကမ်းရိုးတန်းတဝိုက်က လှိုဏ်ဂူတွေကို စူးစမ်းရှာဖွေနေတုန်း အပူပိုင်းမုန်တိုင်းတစ်ခုနဲ့ တိုးလို့ ဂူထဲမှာ ပိတ်မိနေတဲ့အခါ ဘယ်လို လွတ်မြောက်အောင် လုပ်မလဲ၊ ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ဖြတ်ကျော်ရမလဲဆိုတာ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားဟာ ဒေါ်လာ သန်း ၃၀ အကုန်အကျခံရိုက်ကူးထားပြီး ဒေါ်လာ၁၀၈ သန်းကျော် ဝင်ငွေရခဲ့ပါတယ်။

The Descent (2005)

The Descent

The Descent

ဒီဇာတ်ကားကတော့ မူရင်း The Descent ပါပဲ။ ဒါရိုက်တာ Neil Marshall ရိုက်ကူးပြီး လှိုဏ်ဂူတစ်ခုထဲကို ဝင်သွားတဲ့ အမျိုးသမီး (၆) ယောက် ဒုက္ခတွေနဲ့ တွေ့ကြုံရပုံကို အကောင်းဆုံးရိုက်ကူးတင်ဆက်ထားခဲ့ပါတယ်။ ဇာတ်ကားရဲ့ အပြင်ဇာတ်ဝင်ခန်းတွေကို အင်္ဂလန်နိုင်ငံ Hertfordshire မှာ ရိုက်ကူးထားပြီး လှိုဏ်ဂူတွင်းဇာတ်ဝင်ခန်းတွေကိုတော့ ဆက်တင်တွေ ဆောက်ပြီး Pinewood Studio မှာ ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားဟာ ဘတ်ဂျတ်နည်းနည်း ၃.၅ သန်းနဲ့ ရိုက်ကူးထားပေမယ့် ဝင်ငွေအရတော့ ၅၇.၁ သန်းနဲ့ ဝင်ငွေကောင်းခဲ့ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com