[Zawgyi]

ေဆာင္းဦးအစအတြက္ မိန္းကေလးတုိင္းမွာရွိသင့္တဲ့ အေပၚထပ္ Coat ပံုစံမ်ား

အခုဆိုရင္ ေဆာင္းရာသီထဲကုိ တျဖည္းျဖည္း ကူးေျပာင္းလာၿပီျဖစ္တဲ့အတြက္ ရာသီဥတုေလးကလည္း မနက္ေစာေစာဆို ေအးစိမ့္စိမ့္ျဖစ္လာပါၿပီ။ အေႏြးထည္၀တ္ၿပီး ပဲမ်ားရမယ့္အခ်ိန္ေရာက္ေတာ့မယ္လို႔ဆိုရင္လည္း ဟုတ္ပါတယ္။ ေကာင္မေလးေတြအတြက္အႀကိဳက္ အေပၚထပ္အမ်ဳိးမိ်ဳး၀တ္ၿပီး    ရႈိးုထုတ္ရေတာ့မယ္ဆုိေတာ့ ဘယ္လုိအေပၚထပ္ေလးေတြ ၀တ္မလဲဆိုတာ ေရြးဖို႔ လည္း လိုလာၿပီေလ။

Jean Coat

Jean Coat ေလးေတြက အရမ္းမေအးေသးတဲ့အခ်ိန္မွာ ၀တ္လို႔အဆင္ေျပတဲ့ အေပၚထပ္ေလးေတြပါ။ ဂါ၀န္ေလးေတြနဲ႔ ၀တ္၀တ္၊ တီရွပ္ေတြ၊ ဂ်င္းေဘာင္းဘီေတြနဲ႔ပဲ ၀တ္၀တ္ အဆင္ေျပတဲ့ ဒီဂ်င္းကုတ္ေလးေတြက ေဆာင္းဦးအစမွာ ထပ္၀တ္လုိ႔ အရမ္းကို အဆင္ေျပပါတယ္။

Biker Leather Jacket

Biker Jacket ေလးေတြကလည္း ေအးေအးခ်မ္းခ်မ္းရာသီဥတုမွာ ၀တ္သင့္တဲ့ Jacket ေလးေတြပါ။ တစ္ခ်ိဳ႕ Jacket ေလးေတြဆိုရင္ အတြင္းထဲမွာ ဂြမ္းပါးလို အသားမ်ိဳးပါၿပီးသားေတြလည္း ရွိတာမုိ႔ ေအးမွာလည္း စိတ္မပူရေတာ့ဘူးေပါ့။ Biker Jacketေလးေတြ ၀တ္မယ္ဆိုရင္ ဂါ၀န္အၾကပ္ေလးေတြ၊ ပြင့္ရိုက္ဂါ၀န္ေတြ၊ Jean အတြဲအစပ္ေတြနဲ႔ ၀တ္လို႔ရပါတယ္ေနာ္။

Blazer Coat

Blazer ေတြကလည္း ဒီႏွစ္ထဲ ေနရာယူထားတုန္းမို႔ ၀တ္သင့္တဲ့အထဲမွာပါပါတယ္။ အထူးသျဖင့္ အကြက္ခပ္စိပ္စိပ္ေလး Blazer ေလးေတြ၊ အေရာင္ေတာက္ေတာက္ Blazer Coat ေလးေတြကို ေဆာင္းရာသီအတြက္ အသားေပးသင့္ၿပီးေတာ့ ရံဖန္ရံခါ အညိဳေရာင္၊ ကာကီေရာင္ Blazer ေလးေတြကို ၀တ္ၾကည့္သင့္ပါတယ္။

Sweater Cardigan

Sweater Cardigan ေလးေတြကလည္း ေဆာင္းရာသီအတြက္ မရွိမျဖစ္ပါ။ ခရီးသြားတဲ့အခါမွာပဲ ၀တ္၀တ္၊ ရာသီဥတုအရမ္းမေအးတဲ့ေန႕ေတြမွာပဲ ၀တ္၀တ္ အဆင္ေျပၿပီးေတာ့ ဘယ္လို အ၀တ္အစားပံုစံနဲ႔မဆို လုိက္ဖက္မႈရွိၿပီးသားျဖစ္ပါတယ္။ ခါးအရမ္းရွည္တဲ့ ရင္ေစ့ ဆြယ္တာ Cardigan ေတြကိုေတာ့ စကပ္အကားေတြနဲ႔ တြဲမ၀တ္မိေစဖို႔ သတိထားေပးပါ။

Hoodie

Hoodieေတြက ဒီေနာက္ပိုင္း Streetstyle Fashion ေတြ ေခတ္ထလာၿပီးတဲ့ေနာက္ပိုင္းမွာ ေကာင္မေလးေတြအ၀တ္မ်ားလာတဲ့အက်ၤ ီေတြျဖစ္ပါတယ္။ ေရွ႕က Zip နဲ႔ Hoodie လိုမ်ိဳးက ေပါ့ေပါ့ပါးပါး ၀တ္လို႔အဆင္ေျပသလို မထူမပါး Hoodie ေတြက ေဆာင္းဦးရာသီရဲ႕ ေန႔ရက္ေတြနဲ႕ အံကိုက္ပါပဲ။

Bomber Jacket

ေခတ္ေရစီးေၾကာင္းမွာ နည္းနည္းေလး ၿငိမ္သြားေပမယ့္ Bomber ေတြက လံုး၀ေမ႔ထားလို႔ေတာ့ မရေသးပါဘူး။ Bomber Jacket မထူမပါးေလးေတြက ေဆာင္း၀င္စေန႔ေတြအတြက္ သင့္ေတာ္သလို အေရာင္ေဖ်ာ႔ Bomber ေလးေတြကို ပိုဦးစားေပးေရြးခ်ယ္၀တ္ၾကည့္သင့္ပါတယ္လို႔ အႀကံေပးပါရေစ။

Su Yi Htet (Akhayar)

[Unicode]

ဆောင်းဦးအစအတွက် မိန်းကလေးတိုင်းမှာရှိသင့်တဲ့ အပေါ်ထပ် Coat ပုံစံများ

အခုဆိုရင် ဆောင်းရာသီထဲကို တဖြည်းဖြည်း ကူးပြောင်းလာပြီဖြစ်တဲ့အတွက် ရာသီဥတုလေးကလည်း မနက်စောစောဆို အေးစိမ့်စိမ့်ဖြစ်လာပါပြီ။ အနွေးထည်ဝတ်ပြီး ပဲများရမယ့်အချိန်ရောက်တော့မယ်လို့ဆိုရင်လည်း ဟုတ်ပါတယ်။ ကောင်မလေးတွေအတွက်အကြိုက် အပေါ်ထပ်အမျိုးမျိုးဝတ်ပြီး ရှိုးုထုတ်ရတော့မယ်ဆိုတော့ ဘယ်လိုအပေါ်ထပ်လေးတွေ ဝတ်မလဲဆိုတာ ရွေးဖို့ လည်း လိုလာပြီလေ။

Jean Coat

Jean Coat လေးတွေက အရမ်းမအေးသေးတဲ့အချိန်မှာ ဝတ်လို့အဆင်ပြေတဲ့ အပေါ်ထပ်လေးတွေပါ။ ဂါဝန်လေးတွေနဲ့ ဝတ်ဝတ်၊ တီရှပ်တွေ၊ ဂျင်းဘောင်းဘီတွေနဲ့ပဲ ဝတ်ဝတ် အဆင်ပြေတဲ့ ဒီဂျင်းကုတ်လေးတွေက ဆောင်းဦးအစမှာ ထပ်ဝတ်လို့ အရမ်းကို အဆင်ပြေပါတယ်။

Biker Leather Jacket

Biker Jacket လေးတွေကလည်း အေးအေးချမ်းချမ်းရာသီဥတုမှာ ဝတ်သင့်တဲ့ Jacket လေးတွေပါ။ တစ်ချို့ Jacket လေးတွေဆိုရင် အတွင်းထဲမှာ ဂွမ်းပါးလို အသားမျိုးပါပြီးသားတွေလည်း ရှိတာမို့ အေးမှာလည်း စိတ်မပူရတော့ဘူးပေါ့။ Biker Jacketလေးတွေ ဝတ်မယ်ဆိုရင် ဂါဝန်အကြပ်လေးတွေ၊ ပွင့်ရိုက်ဂါဝန်တွေ၊ Jean အတွဲအစပ်တွေနဲ့ ဝတ်လို့ရပါတယ်နော်။

Blazer Coat

Blazer တွေကလည်း ဒီနှစ်ထဲ နေရာယူထားတုန်းမို့ ဝတ်သင့်တဲ့အထဲမှာပါပါတယ်။ အထူးသဖြင့် အကွက်ခပ်စိပ်စိပ်လေး Blazer လေးတွေ၊ အရောင်တောက်တောက် Blazer Coat လေးတွေကို ဆောင်းရာသီအတွက် အသားပေးသင့်ပြီးတော့ ရံဖန်ရံခါ အညိုရောင်၊ ကာကီရောင် Blazer လေးတွေကို ဝတ်ကြည့်သင့်ပါတယ်။

Sweater Cardigan

Sweater Cardigan လေးတွေကလည်း ဆောင်းရာသီအတွက် မရှိမဖြစ်ပါ။ ခရီးသွားတဲ့အခါမှာပဲ ဝတ်ဝတ်၊ ရာသီဥတုအရမ်းမအေးတဲ့နေ့တွေမှာပဲ ဝတ်ဝတ် အဆင်ပြေပြီးတော့ ဘယ်လို အဝတ်အစားပုံစံနဲ့မဆို လိုက်ဖက်မှုရှိပြီးသားဖြစ်ပါတယ်။ ခါးအရမ်းရှည်တဲ့ ရင်စေ့ ဆွယ်တာ Cardigan တွေကိုတော့ စကပ်အကားတွေနဲ့ တွဲမဝတ်မိစေဖို့ သတိထားပေးပါ။

Hoodie

Hoodieတွေက ဒီနောက်ပိုင်း Streetstyle Fashion တွေ ခေတ်ထလာပြီးတဲ့နောက်ပိုင်းမှာ ကောင်မလေးတွေအဝတ်များလာတဲ့ အင်္ကျ ီတွေဖြစ်ပါတယ်။ ရှေ့က Zip နဲ့ Hoodie လိုမျိုးက ပေါ့ပေါ့ပါးပါး ဝတ်လို့အဆင်ပြေသလို မထူမပါး Hoodie တွေက ဆောင်းဦးရာသီရဲ့ နေ့ရက်တွေနဲ့ အံကိုက်ပါပဲ။

Bomber Jacket

ခေတ်ရေစီးကြောင်းမှာ နည်းနည်းလေး ငြိမ်သွားပေမယ့် Bomber တွေက လုံးဝမေ့ထားလို့တော့ မရသေးပါဘူး။ Bomber Jacket မထူမပါးလေးတွေက ဆောင်းဝင်စနေ့တွေအတွက် သင့်တော်သလို အရောင်ဖျော့ Bomber လေးတွေကို ပိုဦးစားပေးရွေးချယ်ဝတ်ကြည့်သင့်ပါတယ်လို့ အကြံပေးပါရစေ။

Su Yi Htet (Akhayar)