[Zawgyi]

မိန္းကေလးတိုင္းအတြက္ ေန႔စဥ္ဖက္ရွင္မွာ အသံုး၀င္မယ့္ လက္ကုိင္အိတ္ပံုစံအမ်ိဳးမ်ိဳး

လက္ကိုင္အိတ္ေတြနဲ႔ ပတ္သက္လို႔ ဟာသတစ္ခုရွိပါတယ္။ အဲဒါကဘာလဲဆုိေတာ့ မိန္းကေလးေတြရဲ႕ ေဘာင္းဘီမွာ ပါတဲ့အိတ္ကပ္ေတြဟာ တစ္ခါတစ္ေလမွာ ေသးငယ္လြန္းၿပီး တစ္ခါတေလ အိတ္ကပ္လံုး၀မပါတာမိ်ဳးဟာ ဒီဇိုင္နာေတြက အမ်ိဳးသမီးေတြကို လက္ကုိင္အိတ္ေရာင္းခ်င္တဲ့အတြက္ ဥာဏ္ဆင္ၿပီး ဖန္တီးထားလို႔ပါတဲ့။ တကယ္တမ္း ဒီဟာသက အမွန္ဆုိရင္ေတာင္ ကၽြန္မတို႔အေနနဲ႔ ေစာဒကတက္စရာမရွိပါဘူး…မိန္းကေလးအမ်ားစုုက ဖိနပ္တို႔၊ လက္၀တ္ရတနာတို႔ကို ႏွစ္သက္ၾကသလုိပဲ အိတ္ေတြကိုလည္း သေဘာက်ၾကတယ္မဟုတ္လား။ အိတ္ေတြက အမ်ိဳးသမီးေတြအတြက္ ဖက္ရွင္ အသံုးအေဆာင္ပစၥည္း
တစ္ခုအေနနဲ႔သာမကပဲ  မရွိမျဖစ္ကို စုေဆာင္းထားသင့္တဲ့ Accessories ေတြထဲက တစ္ခုအပါအ၀င္လည္း ျဖစ္တာမို႔ မိန္းကေလးတုိင္း အိတ္ေကာင္းေကာင္းေလးေတြ ပိုင္ဆုိင္ထားသင့္တာအမွန္ပါ။ ဒါ့ျဖင့္ရင္ အိတ္ေကာင္းေကာင္းေလး ပိုင္ဆုိင္သင့္တာကေတာ့ ဟုတ္ပါၿပီ။ ကိုယ့္အတြက္လည္း အသံုး၀င္၊ကိုယ္နဲ႔လည္း အၿမဲလုိက္ဖက္မယ့္ အိတ္ပံုစံကုိ ဘယ္လိုေရြးခ်ယ္မွာလဲ။ ကိုယ့္အတြက္ ေန႔စဥ္ေန႔တိုင္းမွာ အသံုး၀င္မယ့္ အိတ္ေလးေတြကို ၾကည့္လိုက္ရေအာင္။

Hobo Bag
ယူပံုစံ ရွိၿပီး အသားေပ်ာ့ေပ်ာ့ပံုပံုအိတ္မ်ိဳးကိုမွ ပခံုးလြယ္ရတဲ့ အိတ္မ်ိဳးကိုေတာ့ Hobo Bag လုိ႔ လူသိမ်ားပါတယ္။ မ်ားေသာအားျဖင့္ Hobo Bag ေတြက အရြယ္အစား ႀကီးမားသလို Tote Bag နဲ႔ Shoulder Bag ၾကားဆိုဒ္ေလာက္ အရြယ္ရွိတာမ်ားပါတယ္။ ခရီးသြားတဲ့အခါ၊ ရံုးတက္တဲ့အခါ၊ Shopping သြားတဲ့အခါ ရွိသမွ် ပစၥည္းအကုန္စုၿပံဳထည့္သြားလုို႔ရတဲ့အတြက္ ေတာ္ေတာ္ေလး အဆင္ေျပတဲ့ အိတ္ပါ။ အထူးသျဖင့္ လူငယ္ေတြထက္ စာရင္ လူလတ္ပိုင္းေတြ၊ လူႀကီးေတြနဲ႔ ပိုသင့္ေတာ္တဲ့ အိတ္မ်ိဳးေပါ့။

Hobo Bag

Hobo Bag

 Tote Bag
တစ္ခါတေလမွာ Shopper လို႔လည္း ေခၚၾကတဲ့ Tote Bag ေတြဟာ အရြယ္အလတ္စားကေန ခပ္ႀကီးႀကီးဆိုဒ္အထိ ရွိၿပီး စတုဂံပံုမ်ိဳးကိုမွ ႀကိဳးႏွစ္ေခ်ာင္းပါတဲ့ အိတ္ေတြ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ အရြယ္အစားႀကီးမားတဲ့ Tote Bag မ်ိဳးက လူငယ္ေတြၾကားမွာ ဖက္ရွင္တစ္ခုလို ေရပန္းစားလာသလုိ Canvas လို အသားမ်ိဳး၊ပိတ္သားလိုမ်ိဳးနဲ႔ ဖန္တီးထားတဲ့ Tote Bag ေတြက ပိုေနရာယူလာတာ ေတြ႔ရမွာပါ။ ေန႔စဥ္ေက်ာင္းတက္၊ ရံုးတက္ ဖက္ရွင္အတြက္ သံုးလို႔ရရံုတင္မကပဲ ပစၥည္းအစံုကို ထည့္လို႔အဆင္ေျပတာမို႔ Tote Bag ကေတာ့ရွိကုိရွိသင့္ပါတယ္။

Tote Bag

Tote Bag

ရံုးအတြက္ပိုၿပီး စမတ္က်က်ျဖစ္ေစမယ့္ Tote Bag မ်ဳိးဆိုရင္ေတာ့ Leather နဲ႔ လုပ္ထားတဲ့ Tote Bag မိ်ဳးကို အႀကံေပးပါရေစ။ ေနာက္ထပ္သတိထားရမွာက Tote Bag ေတြက ကပ္ခြာအဖြင့္အပိတ္၊ ၾကယ္သီးအဖြင့္အပိတ္၊
ဇစ္အဖြင့္အပိတ္အိတ္ စသျဖင့္ အမ်ဳိးမ်ိဳးရွိလို႔ ကိုယ္၀ယ္မယ့္အိတ္မွာ လံုၿခံဳမႈက ဘယ္ေလာက္ရွိလဲဆိုတာကိုပါ ဆန္းစစ္ဖို႔ မေမ့ပါနဲ႔။

Tote Bag

Tote Bag

Shoulder Bag
လက္ကုိင္အိတ္လုိ ပံုစံမ်ိဳးကိုမွ ပခံုးမွာ လြယ္ဖို႔ ႀကိဳးရွည္ပါတဲ့ အိတ္မ်ိဳးကိုေတာ့ Shoulder Bag လို႔ အလြယ္ေခၚၾကပါတယ္။ ဒီအိတ္စတိုင္လ္ကေတာ့ မိန္းကေလးေတြ ၾကားထဲမွာ ေရပန္းစားၿပီးသားျဖစ္သလို ေပါ့ေပါ့ပါးပါးလည္း ရွိတဲ့ အိတ္ေလးေတြ ျဖစ္ပါတယ္။ Leather ,Suede စတာေတြနဲ႔ ဖန္တီးထားတဲ့ အိတ္ေတြရွိသလို Canvas စလုိ ပိတ္သားနဲ႔ လုပ္ထားတဲ့ အိတ္ေလးေတြလည္း ရွိပါတယ္။  အထူးသျဖင့္ ပိတ္ရက္လိုမ်ိဳးမွာ သူငယ္ခ်င္းနဲ႔ Hangout လုပ္မယ့္ေကာင္မေလးေတြ ေရြးသင့္တဲ့ အိတ္ေလးေတြပါ။ လူငယ္လည္းဆန္၊ သယ္ရတာလည္း မေလးလို႔ သက္ေတာင့္သက္သာရွိေစမွာျဖစ္ပါတယ္။

Shoulder Bag

Shoulder Bag

Satchel Bag
သင့္အေနနဲ႔ ေန႔တုိင္းေန႔တုိင္း လက္ကုိင္အိတ္က တစ္ဖက္၊ Laptop အိတ္ကတစ္ဖက္ ကုိင္ရတာကို ၿငီးေငြ႔စိတ္ကုန္လာၿပီဆိုရင္ေတာ့ Satchel အိတ္ကို သတိရလုိက္ပါ။ Satchel အိတ္ဆိုတာ လက္ကုိင္ဖုိ႔လည္း ပါသလို လြယ္ဖုိ႔ ႀကိဳးအရွည္လည္း ပါတဲ့အျပင္  အိတ္ရဲ႕ ေအာက္ေျခမွာ က်ယ္ၿပီး ျပားေအာင္ ပံုစံထုတ္ထားတဲ့ အိတ္ေတြျဖစ္ပါတယ္။ အရြယ္အစားအမ်ိဳးမ်ိဳးနဲ႔လာၿပီး လုပ္ငန္းခြင္အတြက္ဆုိရင္ေတာ့  အေတာ္အသင့္ႀကီးတဲ့
Satchel မ်ိဳးကို ေရြးရမွာပါ။ ဒါမွသာပဲ လက္ကုိင္အိတ္ေရာ၊ Laptop အိတ္ေရာတစ္ျပိဳင္နက္ သယ္ရတဲ့ ဒုကၡက ေ၀းေစမွာျဖစ္ပါတယ္။

Satchel Bag

Satchel Bag

Fanny Pack
ဒါကေတာ့ ၂၀၁၇ ႏွစ္ကုန္နဲ႔ ၂၀၁၈ မွာမွ ျပန္လည္ေရပန္းစားလာတဲ့ အိတ္ေတြျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ Tourist ေတြ အလြယ္မ်ားေလ့ရွိတဲ့ ဒီအိတ္ေတြဟာ Runway ကမွတစ္ဆင့္ လူငယ္ေတြၾကားထဲ ျပန္႔လာတာပါ။ Fanny Pack ေတြကို Belt Bag လို႔လည္းေခၚၿပီး ခါးနားမွာ ပတ္လုိ႔ရသလုိ ကိုယ္မွာစလြယ္သိုင္းၿပီး  စတိုင္လ္ထုတ္လို႔ရပါတယ္။ Fashion Influencer ေတြနဲ႔အတူ လူငယ္ေတြရဲ႕ Streetstyle မွာပါ မၾကာခဏဆိုသလို ေတြ႔ရတဲ့အိတ္ေတြေပါ့။

Fanny Packs

Fanny Packs

Crossbody Bag
Sling Bag လို႔လည္း ေခၚၾကတဲ့ ဒီ Crossbody Bag ေတြမွာ ၀တ္ရမယ့္သူ႔နည္းလမ္းရွိၿပီးသားပါ။
ပခံုးတစ္ဖက္ကေန ကိုယ္လံုးကို စလြယ္သိုင္းၿပီး လြယ္လုိက္ရံုပါပဲ။ ဒါေၾကာင့္လည္း Crossbody Bag ရယ္လုိ႔ ေခၚၾကတာျဖစ္ပါတယ္။ Crossbody Bag ေတြမွာ အ၀ိုင္း၊ေလးေထာင့္၊ေရပံုးပံု စသည္ျဖင့္ ပံုစံအမ်ိဳးမ်ိဳးရိွသလို ေသးေသးေလးကေန အိုဗာဆုိဒ္အထိ အရြယ္အစားလည္း အမ်ိဳးမ်ိဳးရွိပါတယ္။ ဒီလို Crossbody Bag ေတြဟာ Shopping ထြက္ရင္လည္း အဆင္ေျပသလို ကိုယ္လုိသေလာက္ေလးပဲ ပစၥည္းေတြထည့္သြားလုိ႔လည္း ရတဲ့အတြက္ ညဘက္ေတြ Nightout ထြက္တဲ့အခါမွာလည္း မပါမျဖစ္ ယူသြားသင့္တဲ့ အိတ္ေလးေတြေပါ့။

 Crossbody Bag

Crossbody Bag

Backpack
Backpack လို႔ေခၚတဲ့ ေက်ာပိုးအိတ္ေတြကေတာ့ အေထြအထူး မိတ္ဆက္ေပးဖို႔ လိုမယ္မထင္ပါဘူးေနာ္။ ႀကိဳးႏွစ္ဖက္နဲ႔ ေနာက္ေက်ာမွာ လြယ္ပိုးရတဲ့ ဒီေက်ာပိုးအိတ္ေတြဟာ ေက်ာင္းသြားတဲ့အခါပဲ သံုးေတာ့တာ
မဟုတ္ပါဘူး။ Runway ေပၚက ျပန္လည္ျပင္ဆင္မႈေတြကေန ဖက္ရွင္ေရစီးေၾကာင္းမွာပါ ျပန္ေနရာယူထားပါၿပီ။

 Backpack

Backpack

ခရီးေတြသြားတဲ့အခါ၊ Shopping သြားတဲ့အခါမွာ ေက်ာပိုးအိတ္ေတြက သင့္ကို ၀န္ထုပ္၀န္ပိုးလံုး၀ ျဖစ္ေစမွာမဟုတ္တဲ့အျပင္ အခုေနာက္ပိုင္းဆို Mini Backpack ေလးေတြလည္း ထြက္လာေတာ့ ပိုလုိ႔ေတာင္ ေရြးခ်ယ္လုိ႔ အဆင္ေျပပါေသးတယ္။

 Backpack

Backpack

Top handle bag
Top handle bag ဆိုတဲ့ နာမည္အတိုင္းပါပဲ..ဒီအိတ္ေတြက ထိပ္နားမွာ လက္ကိုင္ႏွစ္ဖက္ပါၿပီးေတာ့ တစ္ခါတေလမွာ ႀကိဳးအရွည္လည္း ပါတတ္ပါတယ္။

Top handle bag

လူလတ္ပိုင္းအမ်ိဳးသမီးေတြနဲ႔ အထူးလိုက္ဖက္ၿပီးေတာ့ အမိ်ဳးသမီးတစ္ေယာက္ရဲ႕အသြင္အျပင္နဲ႔ ခမ္းနားမႈကို ေပးစြမ္းႏိုင္မယ့္ အိတ္ေတြပါ။

Top handle bag

Top handle bag

Girlboss Vibe လိုမ်ိဳးေပးစြမ္းႏိုင္ၿပီး Office Lady ေတြ၊ Busiess Women ေတြနဲ႔ လိုက္ဖက္တာမို႔ Casual Dress ေတြနဲ႔ပါ တြဲဖက္၀တ္ဆင္ႏိုင္ပါတယ္။

Top handle bag

Top handle bag

Bowling bag
ေထာင့္ခပ္ေကြးေကြးကိုမွ ေဖာင္းေဖာင္းခံုးခံုးပံုစံရွိတဲ့ Bowling Bag ေတြကို အစပိုင္းမွာေတာ့ Bowling Ball ေတြကို ထည့္သယ္သြားဖို႔ ပံုစံထုတ္ ဖန္တီးထားတာပါ။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ ဖက္ရွင္နဲ႔ဆက္ႏြယ္ၿပီး Bowling Bag ပံုစံကို လက္ကိုင္အိတ္ေတြလိုပါ သံုးလာၾကတာျဖစ္ပါတယ္။ ဒီ Bowling bag ေတြက အရြယ္အစားလည္း နည္းနည္းႀကီးသလို ခန္႔ခန္႔ထည္ထည္လည္း ရွိတဲ့အတြက္ လူငယ္ေတြတင္မကပဲ လူလတ္ပိုင္းေတြ၊လူႀကီးေတြမွာပါ ရွိသင့္တဲ့အိတ္ေတြပါ။ Classic ျဖစ္တဲ့အသြင္ကို ေဆာင္ၿပီး အိတ္ကလည္း ၀င္ဆံ့လုိ႔ ပစၥည္းမ်ားမ်ား ထည့္ႏုိင္မွာျဖစ္ပါတယ္။

Bowling bag

Bowling bag

Baguette bag
ခပ္ရွည္ရွည္၊အနံက်ဥ္းက်ဥ္းနဲ႔ ျပင္သစ္ေပါင္မုန္႔ေခ်ာင္းလို ဆင္တူတဲ့ Baguette bag ေတြကို ၁၉၉၇ မွာ Fendi ကေန စတင္ဖန္တီးခဲ့တာျဖစ္ၿပီးေတာ့ တီဗီြရုပ္သံေတြကတဆင့္  လူေတြၾကားထဲ တဟုန္ထိုး ေပါက္ေရာက္ခဲ့တဲ့ အိတ္ဒီဇိုင္းပါ။ Baguette bag ေတြဟာမ်ားေသာအားျဖင့္ လြယ္တဲ့ႀကိဳးက တိုတာေတြ႔ရၿပီး လြယ္လုိက္ရင္ အိတ္ရဲ႕ အရွည္က ဂ်ိဳင္းေအာက္နားနဲ႔ နံၾကားရိုးနား တစ္၀ိုက္ေလာက္ပဲ ရွိပါတယ္။

Baguette bag

Baguette bag

ဒီအိတ္ေတြရဲ႕ စတုိင္လ္က မိန္းမဆန္ၿပီး ေသသပ္မႈရွိသလို ခန္႔ျငားမႈလည္း ရွိပါတယ္။ အိတ္ရဲ႕ အနံက က်ဥ္းေတာ့ ပစၥည္းမ်ားမ်ားမဆံ့ေပမယ့္ ဒင္နာေတြ၊ ပါတီေတြနဲ႔ အထူးအခမ္းအနားေတြသြားတဲ့အခါ ယူေဆာင္သြားလို႔
ရတဲ့အိတ္ေတြပါ။ လြယ္ရင္ ႀကိဳးတိုတာမႀကိဳက္တဲ့သူေတြအေနနဲ႔ကေတာ့ လက္ကေန ကိုင္ေဆာင္သြားလုိ႔ရပါတယ္။

Baguette bag

Baguette bag

Clutch Bag
ႀကိဳးမပါတဲ့ လက္ေပြ႔အိတ္ Clutch Bag ေလးေတြကလည္း မိန္းကေလးတိုင္း ရွိသင့္တဲ့အိတ္ေတြထဲက တစ္ခုျဖစ္ပါတယ္။ အရင္တုန္းကေတာ့ Clutch Bag ေတြကို အရြယ္အစားခပ္ေသးေသးနဲ႔ ညေနခင္း
ပြဲတက္ေတြအတြက္ ရည္ရြယ္ၿပီး ဖန္တီးခဲ့ၾကေပမယ့္ အခုခ်ိန္မွာေတာ့ ေန႔တုိင္းယူေဆာင္သြားႏိုင္ေလာက္ေအာင္ထိ အရြယ္အစားႀကီးမားၿပီး ပံုစံအမ်ိဳးမ်ိဳးဖန္တီးထားတဲ့ Clutch Bag ေတြကို ေတြ႔ရမွာပါ။ ရိုးရိုးရွင္းရွင္း Clutch Bag ေတြကေတာ့ အခ်ိန္မခါမေရြး ကိုင္ဖုိ႔အဆင္ေျပေပမယ့္ ေက်ာက္စီထားတာမ်ိဳး၊ ကတၱီပါ၊လည္သာစတာေတြနဲ႔ ဖန္တီးထားတာမ်ိဳးဆို ညေနခင္းပြဲေတြ၊ ဒင္နာပါတီေတြအတြက္ ပိုမိုသင့္ေတာ္ပါတယ္။

Clutch Bag

Clutch Bag

အခုအေပၚမွာ ေျပာျပေပးထားတဲ့ အိတ္ေလးေတြကေတာ့ ေန႔စဥ္ေန႔တိုင္း အသံုးျပဳလို႔ရသလို မိန္းကေလးတိုင္းမွာလည္း ရွိသင့္တဲ့အိတ္ေလးေတြ ျဖစ္တာမို႔ ကိုယ့္မွာ မရွိေသးရင္လည္း ၀ယ္ယူစုေဆာင္းဖို႔
မေမ့ပါနဲ႔ဦးေနာ္။

Su Yi Htet (Akhayar)

[Unicode]

မိန်းကလေးတိုင်းအတွက် နေ့စဉ်ဖက်ရှင်မှာ အသုံးဝင်မယ့် လက်ကိုင်အိတ်ပုံစံအမျိုးမျိုး

လက်ကိုင်အိတ်တွေနဲ့ ပတ်သက်လို့ ဟာသတစ်ခုရှိပါတယ်။ အဲဒါကဘာလဲဆိုတော့ မိန်းကလေးတွေရဲ့ ဘောင်းဘီမှာ ပါတဲ့အိတ်ကပ်တွေဟာ တစ်ခါတစ်လေမှာ သေးငယ်လွန်းပြီး တစ်ခါတလေ အိတ်ကပ်လုံးဝမပါတာမျိုးဟာ ဒီဇိုင်နာတွေက အမျိုးသမီးတွေကို လက်ကိုင်အိတ်ရောင်းချင်တဲ့အတွက် ဉာဏ်ဆင်ပြီး ဖန်တီးထားလို့ပါတဲ့။ တကယ်တမ်း ဒီဟာသက အမှန်ဆိုရင်တောင် ကျွန်မတို့အနေနဲ့ စောဒကတက်စရာမရှိပါဘူး…မိန်းကလေးအများစုက ဖိနပ်တို့၊ လက်ဝတ်ရတနာတို့ကို နှစ်သက်ကြသလိုပဲ အိတ်တွေကိုလည်း သဘောကျကြတယ်မဟုတ်လား။ အိတ်တွေက အမျိုးသမီးတွေအတွက် ဖက်ရှင် အသုံးအဆောင်ပစ္စည်း
တစ်ခုအနေနဲ့သာမကပဲ မရှိမဖြစ်ကို စုဆောင်းထားသင့်တဲ့ Accessories တွေထဲက တစ်ခုအပါအဝင်လည်း ဖြစ်တာမို့ မိန်းကလေးတိုင်း အိတ်ကောင်းကောင်းလေးတွေ ပိုင်ဆိုင်ထားသင့်တာအမှန်ပါ။ ဒါ့ဖြင့်ရင် အိတ်ကောင်းကောင်းလေး ပိုင်ဆိုင်သင့်တာကတော့ ဟုတ်ပါပြီ။ ကိုယ့်အတွက်လည်း အသုံးဝင်၊ကိုယ်နဲ့လည်း အမြဲလိုက်ဖက်မယ့် အိတ်ပုံစံကို ဘယ်လိုရွေးချယ်မှာလဲ။ ကိုယ့်အတွက် နေ့စဉ်နေ့တိုင်းမှာ အသုံးဝင်မယ့် အိတ်လေးတွေကို ကြည့်လိုက်ရအောင်။

Hobo Bag
ယူပုံစံ ရှိပြီး အသားပျော့ပျော့ပုံပုံအိတ်မျိုးကိုမှ ပခုံးလွယ်ရတဲ့ အိတ်မျိုးကိုတော့ Hobo Bag လို့ လူသိများပါတယ်။ များသောအားဖြင့် Hobo Bag တွေက အရွယ်အစား ကြီးမားသလို Tote Bag နဲ့ Shoulder Bag ကြားဆိုဒ်လောက် အရွယ်ရှိတာများပါတယ်။ ခရီးသွားတဲ့အခါ၊ ရုံးတက်တဲ့အခါ၊ Shopping သွားတဲ့အခါ ရှိသမျှ ပစ္စည်းအကုန်စုပြုံထည့်သွားလို့ရတဲ့အတွက် တော်တော်လေး အဆင်ပြေတဲ့ အိတ်ပါ။ အထူးသဖြင့် လူငယ်တွေထက် စာရင် လူလတ်ပိုင်းတွေ၊ လူကြီးတွေနဲ့ ပိုသင့်တော်တဲ့ အိတ်မျိုးပေါ့။

Hobo Bag

Hobo Bag

Tote Bag
တစ်ခါတလေမှာ Shopper လို့လည်း ခေါ်ကြတဲ့ Tote Bag တွေဟာ အရွယ်အလတ်စားကနေ ခပ်ကြီးကြီးဆိုဒ်အထိ ရှိပြီး စတုဂံပုံမျိုးကိုမှ ကြိုးနှစ်ချောင်းပါတဲ့ အိတ်တွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အရွယ်အစားကြီးမားတဲ့ Tote Bag မျိုးက လူငယ်တွေကြားမှာ ဖက်ရှင်တစ်ခုလို ရေပန်းစားလာသလို Canvas လို အသားမျိုး၊ပိတ်သားလိုမျိုးနဲ့ ဖန်တီးထားတဲ့ Tote Bag တွေက ပိုနေရာယူလာတာ တွေ့ရမှာပါ။ နေ့စဉ်ကျောင်းတက်၊ ရုံးတက် ဖက်ရှင်အတွက် သုံးလို့ရရုံတင်မကပဲ ပစ္စည်းအစုံကို ထည့်လို့အဆင်ပြေတာမို့ Tote Bag ကတော့ရှိကိုရှိသင့်ပါတယ်။

Tote Bag

Tote Bag

ရုံးအတွက်ပိုပြီး စမတ်ကျကျဖြစ်စေမယ့် Tote Bag မျိုးဆိုရင်တော့ Leather နဲ့ လုပ်ထားတဲ့ Tote Bag မျိုးကို အကြံပေးပါရစေ။ နောက်ထပ်သတိထားရမှာက Tote Bag တွေက ကပ်ခွာအဖွင့်အပိတ်၊ ကြယ်သီးအဖွင့်အပိတ်၊
ဇစ်အဖွင့်အပိတ်အိတ် စသဖြင့် အမျိုးမျိုးရှိလို့ ကိုယ်ဝယ်မယ့်အိတ်မှာ လုံခြုံမှုက ဘယ်လောက်ရှိလဲဆိုတာကိုပါ ဆန်းစစ်ဖို့ မမေ့ပါနဲ့။

Tote Bag

Tote Bag

Shoulder Bag
လက်ကိုင်အိတ်လို ပုံစံမျိုးကိုမှ ပခုံးမှာ လွယ်ဖို့ ကြိုးရှည်ပါတဲ့ အိတ်မျိုးကိုတော့ Shoulder Bag လို့ အလွယ်ခေါ်ကြပါတယ်။ ဒီအိတ်စတိုင်လ်ကတော့ မိန်းကလေးတွေ ကြားထဲမှာ ရေပန်းစားပြီးသားဖြစ်သလို ပေါ့ပေါ့ပါးပါးလည်း ရှိတဲ့ အိတ်လေးတွေ ဖြစ်ပါတယ်။ Leather ,Suede စတာတွေနဲ့ ဖန်တီးထားတဲ့ အိတ်တွေရှိသလို Canvas စလို ပိတ်သားနဲ့ လုပ်ထားတဲ့ အိတ်လေးတွေလည်း ရှိပါတယ်။ အထူးသဖြင့် ပိတ်ရက်လိုမျိုးမှာ သူငယ်ချင်းနဲ့ Hangout လုပ်မယ့်ကောင်မလေးတွေ ရွေးသင့်တဲ့ အိတ်လေးတွေပါ။ လူငယ်လည်းဆန်၊ သယ်ရတာလည်း မလေးလို့ သက်တောင့်သက်သာရှိစေမှာဖြစ်ပါတယ်။

Shoulder Bag

Shoulder Bag

Satchel Bag
သင့်အနေနဲ့ နေ့တိုင်းနေ့တိုင်း လက်ကိုင်အိတ်က တစ်ဖက်၊ Laptop အိတ်ကတစ်ဖက် ကိုင်ရတာကို ငြီးငွေ့စိတ်ကုန်လာပြီဆိုရင်တော့ Satchel အိတ်ကို သတိရလိုက်ပါ။ Satchel အိတ်ဆိုတာ လက်ကိုင်ဖို့လည်း ပါသလို လွယ်ဖို့ ကြိုးအရှည်လည်း ပါတဲ့အပြင် အိတ်ရဲ့ အောက်ခြေမှာ ကျယ်ပြီး ပြားအောင် ပုံစံထုတ်ထားတဲ့ အိတ်တွေဖြစ်ပါတယ်။ အရွယ်အစားအမျိုးမျိုးနဲ့လာပြီး လုပ်ငန်းခွင်အတွက်ဆိုရင်တော့ အတော်အသင့်ကြီးတဲ့
Satchel မျိုးကို ရွေးရမှာပါ။ ဒါမှသာပဲ လက်ကိုင်အိတ်ရော၊ Laptop အိတ်ရောတစ်ပြိုင်နက် သယ်ရတဲ့ ဒုက္ခက ဝေးစေမှာဖြစ်ပါတယ်။

Satchel Bag

Satchel Bag

Fanny Pack
ဒါကတော့ ၂၀၁၇ နှစ်ကုန်နဲ့ ၂၀၁၈ မှာမှ ပြန်လည်ရေပန်းစားလာတဲ့ အိတ်တွေဖြစ်ပါတယ်။ များသောအားဖြင့် Tourist တွေ အလွယ်များလေ့ရှိတဲ့ ဒီအိတ်တွေဟာ Runway ကမှတစ်ဆင့် လူငယ်တွေကြားထဲ ပြန့်လာတာပါ။ Fanny Pack တွေကို Belt Bag လို့လည်းခေါ်ပြီး ခါးနားမှာ ပတ်လို့ရသလို ကိုယ်မှာစလွယ်သိုင်းပြီး စတိုင်လ်ထုတ်လို့ရပါတယ်။ Fashion Influencer တွေနဲ့အတူ လူငယ်တွေရဲ့ Streetstyle မှာပါ မကြာခဏဆိုသလို တွေ့ရတဲ့အိတ်တွေပေါ့။

Fanny Packs

Fanny Packs

Crossbody Bag
Sling Bag လို့လည်း ခေါ်ကြတဲ့ ဒီ Crossbody Bag တွေမှာ ဝတ်ရမယ့်သူ့နည်းလမ်းရှိပြီးသားပါ။
ပခုံးတစ်ဖက်ကနေ ကိုယ်လုံးကို စလွယ်သိုင်းပြီး လွယ်လိုက်ရုံပါပဲ။ ဒါကြောင့်လည်း Crossbody Bag ရယ်လို့ ခေါ်ကြတာဖြစ်ပါတယ်။ Crossbody Bag တွေမှာ အဝိုင်း၊လေးထောင့်၊ရေပုံးပုံ စသည်ဖြင့် ပုံစံအမျိုးမျိုးရှိသလို သေးသေးလေးကနေ အိုဗာဆိုဒ်အထိ အရွယ်အစားလည်း အမျိုးမျိုးရှိပါတယ်။ ဒီလို Crossbody Bag တွေဟာ Shopping ထွက်ရင်လည်း အဆင်ပြေသလို ကိုယ်လိုသလောက်လေးပဲ ပစ္စည်းတွေထည့်သွားလို့လည်း ရတဲ့အတွက် ညဘက်တွေ Nightout ထွက်တဲ့အခါမှာလည်း မပါမဖြစ် ယူသွားသင့်တဲ့ အိတ်လေးတွေပေါ့။

 Crossbody Bag

Crossbody Bag

Backpack
Backpack လို့ခေါ်တဲ့ ကျောပိုးအိတ်တွေကတော့ အထွေအထူး မိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူးနော်။ ကြိုးနှစ်ဖက်နဲ့ နောက်ကျောမှာ လွယ်ပိုးရတဲ့ ဒီကျောပိုးအိတ်တွေဟာ ကျောင်းသွားတဲ့အခါပဲ သုံးတော့တာ
မဟုတ်ပါဘူး။ Runway ပေါ်က ပြန်လည်ပြင်ဆင်မှုတွေကနေ ဖက်ရှင်ရေစီးကြောင်းမှာပါ ပြန်နေရာယူထားပါပြီ။

 Backpack

Backpack

ခရီးတွေသွားတဲ့အခါ၊ Shopping သွားတဲ့အခါမှာ ကျောပိုးအိတ်တွေက သင့်ကို ဝန်ထုပ်ဝန်ပိုးလုံး၀ ဖြစ်စေမှာမဟုတ်တဲ့အပြင် အခုနောက်ပိုင်းဆို Mini Backpack လေးတွေလည်း ထွက်လာတော့ ပိုလို့တောင် ရွေးချယ်လို့ အဆင်ပြေပါသေးတယ်။

 Backpack

Backpack

Top handle bag
Top handle bag ဆိုတဲ့ နာမည်အတိုင်းပါပဲ..ဒီအိတ်တွေက ထိပ်နားမှာ လက်ကိုင်နှစ်ဖက်ပါပြီးတော့ တစ်ခါတလေမှာ ကြိုးအရှည်လည်း ပါတတ်ပါတယ်။

Top handle bag

လူလတ်ပိုင်းအမျိုးသမီးတွေနဲ့ အထူးလိုက်ဖက်ပြီးတော့ အမျိုးသမီးတစ်ယောက်ရဲ့အသွင်အပြင်နဲ့ ခမ်းနားမှုကို ပေးစွမ်းနိုင်မယ့် အိတ်တွေပါ။

Top handle bag

Top handle bag

Girlboss Vibe လိုမျိုးပေးစွမ်းနိုင်ပြီး Office Lady တွေ၊ Busiess Women တွေနဲ့ လိုက်ဖက်တာမို့ Casual Dress တွေနဲ့ပါ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

Top handle bag

Top handle bag

Bowling bag
ထောင့်ခပ်ကွေးကွေးကိုမှ ဖောင်းဖောင်းခုံးခုံးပုံစံရှိတဲ့ Bowling Bag တွေကို အစပိုင်းမှာတော့ Bowling Ball တွေကို ထည့်သယ်သွားဖို့ ပုံစံထုတ် ဖန်တီးထားတာပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဖက်ရှင်နဲ့ဆက်နွယ်ပြီး Bowling Bag ပုံစံကို လက်ကိုင်အိတ်တွေလိုပါ သုံးလာကြတာဖြစ်ပါတယ်။ ဒီ Bowling bag တွေက အရွယ်အစားလည်း နည်းနည်းကြီးသလို ခန့်ခန့်ထည်ထည်လည်း ရှိတဲ့အတွက် လူငယ်တွေတင်မကပဲ လူလတ်ပိုင်းတွေ၊လူကြီးတွေမှာပါ ရှိသင့်တဲ့အိတ်တွေပါ။ Classic ဖြစ်တဲ့အသွင်ကို ဆောင်ပြီး အိတ်ကလည်း ဝင်ဆံ့လို့ ပစ္စည်းများများ ထည့်နိုင်မှာဖြစ်ပါတယ်။

Bowling bag

Bowling bag

Baguette bag
ခပ်ရှည်ရှည်၊အနံကျဉ်းကျဉ်းနဲ့ ပြင်သစ်ပေါင်မုန့်ချောင်းလို ဆင်တူတဲ့ Baguette bag တွေကို ၁၉၉၇ မှာ Fendi ကနေ စတင်ဖန်တီးခဲ့တာဖြစ်ပြီးတော့ တီဗွီရုပ်သံတွေကတဆင့် လူတွေကြားထဲ တဟုန်ထိုး ပေါက်ရောက်ခဲ့တဲ့ အိတ်ဒီဇိုင်းပါ။ Baguette bag တွေဟာများသောအားဖြင့် လွယ်တဲ့ကြိုးက တိုတာတွေ့ရပြီး လွယ်လိုက်ရင် အိတ်ရဲ့ အရှည်က ဂျိုင်းအောက်နားနဲ့ နံကြားရိုးနား တစ်ဝိုက်လောက်ပဲ ရှိပါတယ်။

Baguette bag

Baguette bag

ဒီအိတ်တွေရဲ့ စတိုင်လ်က မိန်းမဆန်ပြီး သေသပ်မှုရှိသလို ခန့်ငြားမှုလည်း ရှိပါတယ်။ အိတ်ရဲ့ အနံက ကျဉ်းတော့ ပစ္စည်းများများမဆံ့ပေမယ့် ဒင်နာတွေ၊ ပါတီတွေနဲ့ အထူးအခမ်းအနားတွေသွားတဲ့အခါ ယူဆောင်သွားလို့
ရတဲ့အိတ်တွေပါ။ လွယ်ရင် ကြိုးတိုတာမကြိုက်တဲ့သူတွေအနေနဲ့ကတော့ လက်ကနေ ကိုင်ဆောင်သွားလို့ရပါတယ်။

Baguette bag

Baguette bag

Clutch Bag
ကြိုးမပါတဲ့ လက်ပွေ့အိတ် Clutch Bag လေးတွေကလည်း မိန်းကလေးတိုင်း ရှိသင့်တဲ့အိတ်တွေထဲက တစ်ခုဖြစ်ပါတယ်။ အရင်တုန်းကတော့ Clutch Bag တွေကို အရွယ်အစားခပ်သေးသေးနဲ့ ညနေခင်း
ပွဲတက်တွေအတွက် ရည်ရွယ်ပြီး ဖန်တီးခဲ့ကြပေမယ့် အခုချိန်မှာတော့ နေ့တိုင်းယူဆောင်သွားနိုင်လောက်အောင်ထိ အရွယ်အစားကြီးမားပြီး ပုံစံအမျိုးမျိုးဖန်တီးထားတဲ့ Clutch Bag တွေကို တွေ့ရမှာပါ။ ရိုးရိုးရှင်းရှင်း Clutch Bag တွေကတော့ အချိန်မခါမရွေး ကိုင်ဖို့အဆင်ပြေပေမယ့် ကျောက်စီထားတာမျိုး၊ ကတ္တီပါ၊လည်သာစတာတွေနဲ့ ဖန်တီးထားတာမျိုးဆို ညနေခင်းပွဲတွေ၊ ဒင်နာပါတီတွေအတွက် ပိုမိုသင့်တော်ပါတယ်။

Clutch Bag

Clutch Bag

အခုအပေါ်မှာ ပြောပြပေးထားတဲ့ အိတ်လေးတွေကတော့ နေ့စဉ်နေ့တိုင်း အသုံးပြုလို့ရသလို မိန်းကလေးတိုင်းမှာလည်း ရှိသင့်တဲ့အိတ်လေးတွေ ဖြစ်တာမို့ ကိုယ့်မှာ မရှိသေးရင်လည်း ဝယ်ယူစုဆောင်းဖို့
မမေ့ပါနဲ့ဦးနော်။

Su Yi Htet (Akhayar)