[Zawgyi]
၁။ Retro Glasses
vintage
၂။ Tassel Earring
tassel
၃။ Jogger Pants
jogger
၎။ Print Tops
prints1
၅။ Belt Bag
beltbag
Redrose (အခရာ)
www.akhayar.com
[Zawgyi]
လူငယ်တစ်ယောက်ဆီမှာ ရှိသင့်တဲ့ Fashion Accessories ၄ခု
၂၀၁၈ မှာ လူငယ်ဖက်ရှင် ရေစီးကြောင်းက အရာရာထက် ပိုပြီး ခေတ်ရှေ့ပြေးလို့နေပါတယ်။ တစ်ခေတ်နဲ့ တစ်ခေတ် ဖက်ရှင်စတိုင်တွေက မတူကြပါဘူး။ ဒါ့အပြင် အရင်တစ်ခါက ခေတ်စားခဲ့တဲ့ စတိုင်တွေကလည်း တစ်ဖန်ပြန်လို့ ခေတ်စားတတ်ပါသေးတယ်။ ပိုပြီး ကောင်းမွန်တဲ့ပုံစံတွေနဲ့ ခေတ်ပြန်စားတတ်တဲ့အတွက် တစ်ခေတ်မှာ ခေတ်စားတဲ့ ဖက်ရှင်စတိုင်လေးတွေ၊ အကျီၤလေးတွေကို လူငယ်တစ်ယောက်အနေနဲ့ ရှိကိုရှိထားသင့်ပါတယ်။
၁။ Retro Glasses
vintage
Retro Glasses ကတော့ တစ်ခေတ်တစ်ခေါက်က အရမ်းကို ခေတ်စားခဲ့တဲ့ ဖက်ရှင်စတိုင်တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် အရောင်တွေကတော့ ဒီဘက် ၂၀ရာစုမှာ ခေတ်စားတဲ့ ကာလာတွေနဲ့ ပြန်ပြီး ပေါင်းဖက်ပြီးထုတ်လုပ်ထားပါတယ်။ Retro Glasses ဆိုတာ သာမန်နဲ့ မတူတဲ့ ဒီဇိုင်းနဲ့ ထုတ်ထားတဲ့ မျက်မှန်ပုံစံမျိုးဖြစ်ပါတယ်။ အဲဒီအတွက် Daily Life မှာ ဝတ်ဆင်ဖို့တော့ ခက်ခဲပါလိမ့်မယ်။ အပြင်သွားတဲ့အခါ၊ ဓာတ်ပုံရိုက်တဲ့အခါမျိုးမှာ မဖြစ်မနေ ဝတ်ဆင်သင့်တဲ့ Fashion Accessories တစ်ခုပဲဖြစ်ပါတယ်။
၂။ Tassel Earring
tassel
Tassel Earring တွေဆိုတာ ပန်းပွားနားကပ်တွေကို ပြောချင်တာဖြစ်ပါတယ်။ ဒါဟာလည်းတစ်ခေတ်တစ်ခါက ခေတ်စားခဲ့တဲ့ Fashion Accessories ထဲက တစ်ခုပဲဖြစ်ပါတယ်။ ဒီဘက်ခေတ်ဒီဇိုင်းနဲ့ ပြန်ပေါင်းစပ်ပြီး ထုတ်လုပ်တဲ့အတွက် Diamond လေးတွေနဲ့ပိုပြီး မိုက်ပြီးလှသွားပါတယ်။ ဆိုဒ်စုံ ဒီဇိုင်းစုံရှိတဲ့အတွက် သူ့ကို Daily Life ဝတ်ဆင်လို့ရပါတယ်။
၃။ Jogger Pants
jogger
Jogger Pant ဆိုတာ နားလည်လွယ်အောင်ပြောရရင်တော့ 90’s တုန်းက ခေတ်စားခဲ့တဲ့ Rapper ဘောင်းဘီပုံစံမျိုးပါ။ ဒီဘက်ခေတ်ရောက်လာတဲ့အခါကျတော့ ယောကျာ်းလေးတွေပါမက မိန်းကလေးတွေပါ ဝတ်ဆင်လာကြပါတယ်။ Stripe ပုံစံမျိုးလည်းရှိသလို Army ဒီဇိုင်းပုံစံမျိုး ရောင်းချတာလည်း တွေ့ရပါတယ်။
၄။ Print Tops
prints1
Print Top ဆိုတာကတော့ ပန်းဒီဇိုင်းနဲ့ ပိတ်စပေါ်မှာ ရိုက်နှိပ်ပြီး ရောင်းချနေတဲ့ T-shirt လေးတွေ၊ Blouse လေးတွေကိုဖြစ်ပါတယ်။ Print Tops လေးတွေကို မိန်းကလေးတွေပါမက ယောကျာ်းလေးတွေပါ ဝတ်ဆင်လာကြပါတယ်။ Print Tops တွေကို များသောအားဖြင့် ချည်သားတွေနဲ့ ရောင်းချတာကို တွေ့ရပါတယ်။
၅။ Belt Bag
beltbag
Belt Bag ဆိုတာ ခါးပတ်နဲ့ ပိုက်ဆံအိတ်တွဲပြီး Fashion Accessories ထုတ်ထားတာဖြစ်ပါတယ်။ ကိုယ်ဘောင်းဘီဝတ်တဲ့အခါ ခါးပတ်နဲ့ ပိုက်ဆံအိတ်က တွဲရက်ဖြစ်နေတော့ ပိုက်ဆံအိတ်ပျောက်မှာလည်း မဆိုးရတော့ဘူး။ လက်လည်း မရှုပ်တော့ဘူးလေ။ အရင်ခေတ်ကတော့ ယောကျာ်းလေးတွေသာ အသုံးများခဲ့ပေမယ့် ဒီဘက်ခေတ်မှာတော့ မိန်းကလေးတွေပါ ဝတ်ဆင်လို့လာခဲ့ပါပြီ။
အားလုံးပဲ စတိုင်ကျပြီး လန်းနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Redrose (အခရာ)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။