[Zawgyi]

 ေယာက်ာ္းေလးတုိင္းရဲ႕ ဗီရိုထဲမွာ မျဖစ္မေန ရွိသင့္တဲ့ အက်ၤ ီမ်ား

ဖက္ရွင္ဆုိတာက ေယာက်ာ္းအတြက္၊ မိန္းမအတြက္ရယ္လုိ႔ ခြဲျခားထားတာ မဟုတ္သလို မိန္းကေလးလည္း မိန္းကေလးအေလ်ာက္၊ ေယာက်ာ္းေလးကလည္း ေယာက်္ားေလးအေလ်ာက္ ဖက္ရွင္နဲ႔ ကင္းကြာလို႔ မရပါဘူး။ ေယာက်ာ္းေလးေတြအေနနဲ႔က ဖက္ရွင္က်ဖို႔ အေထြအထူးမလုိဘူးလို႔ ထင္ေကာင္းထင္ႏုိင္ပါတယ္။ အဲအေတြးက မွားပါတယ္။ အနည္းဆံုးေတာ့ မင္းသားေတြလို လန္ပ်ံထြက္ေနေအာင္ အထာမက်ေနေတာင္ သပ္သပ္ရပ္ရပ္ေလး ကိုယ့္စတိုင္လ္နဲ႔ကိုယ္ ျဖစ္ေနဖို႔လုိပါတယ္။ စတိုင္လ္က်ေအာင္ Brand ေတြ ၀တ္မွမဟုတ္ပါဘူး။ ကိုယ့္မွာ ရွိတာနဲ႔ ျပန္၀တ္ၾကည့္လုိ႔ရတယ္ေလ။ ေယာက်ာ္းေလးေတြအေနနဲ႔ ဒါေလးေတြသာ ဗီရိုထဲရွိရင္ စတိုင္မ်ိဳးစံုထုတ္လို႔ရပါၿပီ။

T-shirt

T-shirt

T-Shirt
တီရွပ္ကေတာ့ေယာက်ာ္းေလးတိုင္း အနည္းဆံုး ႏွစ္ထည္၊သံုးထည္ေတာ့ ရွိမွာပါ။ တီရွပ္တစ္ထည္သာ ရွိရင္ Skinny Jean နဲ႔ပဲ ၀တ္၀တ္၊ ေဘာင္းဘီတိုနဲ႔ပဲ ၀တ္၀တ္ ၊ Jean Pant အရွည္နဲ႔ပဲ ၀တ္၀တ္ လိုက္ဖက္ပါတယ္။ တီရွပ္ေျဗာင္ေလးေတြ၊ Graphic Sticker ပါတဲ႔  တီရွပ္ေတြက ဘယ္ေတာ့မွ ရိုးမသြားသလို ေစ်းလည္း အရမ္းမေျမာက္တာမို႔ ေယာက်္ားေလးေတြအတြက္ ရွိသင့္တဲ့အထဲမွာပါပါတယ္။ တီရွပ္ေတြက ေန႔စဥ္ဘ၀မွာ သက္ေတာင့္သက္သာျဖစ္ေစဖို႔ တကယ္ကူညီႏိုင္ပါတယ္။ ကိုယ္က တီရွပ္စုရတာ ၀ါသနာပါရင္ေတာ့ Brand ေလးေတြပါ ၀ယ္စုေပါ့ ..တီရွပ္အေရအတြက္ေတြ တိုးလာေလ ကိုယ့္မွာ စိတ္ခ်မ္းသာရေလပါပဲ။

Shirt Fashion

Shirt Fashion

Shirt လက္ရွည္
ေနာက္ထပ္မရွိမျဖစ္က Shirt အက်ၤ ီလက္ရွည္ေတြပါ။ Shirt အက်ၤ ီလက္ရွည္က  လုပ္ငန္းခြင္သြားတဲ့အခါ ၀တ္လုိ႔ရသလို ထသြားထလာျဖစ္ျဖစ္ ၊ ပြဲသြားပြဲလာလည္း ၀တ္လို႔ေကာင္းတယ္ေလ။ ေကာင္မေလးေတြ ေတာ္တာ္မ်ားမ်ားက Shirt အက်ၤ ီ၀တ္ထားတဲ့ေကာင္ေလးေတြဆို သိပ္သေဘာက်က်တယ္တဲ့။ Shirt ေတြ ၀ယ္တဲ့အခါက် လုပ္ငန္းခြင္အတြက္ ၀တ္မွာလား၊ ထသြားထလာ၀တ္မွာလားဆိုတာေတာ့ ခြဲဖို႔ လိုပါတယ္ေနာ္။ ဒါမွ Brand ၀ယ္သင့္တဲ့ေနရာအတြက္ Brand ၀ယ္၊ ေပါ့ေပါ့ပါးပါး၀တ္အတြက္ ေစ်းသင့္တာေလး၀ယ္ လုပ္လို႔ရမွာပါ။ အေရာင္ေတြကိုလည္း ေတာက္ေတာက္ႀကီးေတြ မဟုတ္ဘဲ ခဲေရာင္၊ နက္ျပာေရာင္၊ အျပာႏုေရာင္ေလးေတြ ေရြးရင္ ပိုသင့္ေတာ္ပါတယ္။ Shirt ေတြနဲ႔ ၀တ္မယ္ဆုိရင္ေတာ့ တေျဖာင့္တည္းသြားတဲ့ မပြမၾကပ္ တစ္ေျဖာင့္တည္း Jean Pant ေတြ၊ Stylepant ေတြနဲ႔ အဆင္ေျပပါလိမ့္မယ္။

Flannel

Flannel

Flannel
Flannel မႀကိဳက္တဲ့ေယာက်ာ္းေလးက ခပ္ရွားရွားရယ္ပါ။ Flannel တစ္ထည္ဆီေလာက္ေတာ့ ေယာက်ာ္းေလးေတြမွာ ရွိမွာပါ။ Flannel ဆိုရင္ တစ္ထည္တည္း ေအာက္က Jean Pant ေလးေတြနဲ႔ ၀တ္လုိ႔ရသလို Fit မဟုတ္တဲ့ Flannel ပြပြေလးေတြက် အေပၚထပ္ အေနနဲ႔ ၀တ္လုိ႔ရပါတယ္။

Flannel

Flannel

ေအာက္က တီရွပ္ေျဗာင္ရယ္၊ အေပၚက Flannel ကြက္ရယ္ နဲ႔ Skinny Pant သာ တြဲလိုက္ရင္ ခပ္ရွင္းရွင္းနဲ႔ အမိုက္စားျဖစ္သြားမွာပါ။ ေဘာင္းဘီရွည္နဲ႔ မတြဲခ်င္လုိ႔ ေဘာင္းဘီတိုနဲ႔ တြဲ၀တ္မယ္ဆိုလည္း ျဖစ္ပါတယ္။ Flannel ကို နည္းနည္းပြပြေလးျဖစ္ေနေစဖုိ႔ေတာ့ သတိထားေပးပါ။

Hoodie

Hoodie

Hoodie
Hoodie ကေတာ့ ႀကိဳက္တဲ့သူလည္း ရွိသလို မႀကိဳက္တဲ့သူလည္း ရွိပါတယ္။ တစ္ခ်ိဳ႕က ဇစ္ဆြဲပံုစံ၊ တစ္ခ်ိဳ႕က ေခါင္းစြပ္ပံုစံေတြ ႀကိဳက္ၾကတာမုိ႔ ကိုယ္ႏွစ္သက္တာကို ေရြး၀ယ္ပါ။ ေခါင္းစြပ္ Hoodie ဆိုရင္ေတာ့ ျမန္မာႏုိင္ငံလို အေနအထားနဲ႔ဆို အသားခပ္ပါးပါးေလးေတြက ပိုအဆင္ေျပပါတယ္။ ေခါင္းစြပ္Hoodieက ေဘာင္းဘီရွည္နဲ႔ ၀တ္လည္း မိုက္သလို ေဘာင္းဘီတုိနဲ႔ ၀တ္လည္း အထာက်ပါတယ္။ ဇစ္ဆြဲ Hoodie ဆိုရင္ေတာ့ ေအာက္က စြပ္က်ယ္ဆန္ဆန္ Vest ေလးေတြ၊ တီရွပ္ေလးေတြနဲ႔ တြဲ၀တ္လိုက္ပါ။ Hoodie ေတြကေတာ့ လူငယ္ဆန္ေစမွာ အေသအခ်ာပါပဲ။

Jacket

Jacket

Jackets
အေပၚထပ္ေတြကလည္း မရွိမျဖစ္ပါပဲ။ ရိုးရိုးတီရွပ္နဲ႔ ဂ်င္း၀တ္ထားတာထက္ အဲဒီအေပၚက အေပၚထပ္ Jean Jacket တစ္ထည္ ဒါမွမဟုတ္ Bomber Jacket တစ္ထည္ ထပ္၀တ္လိုက္တာက ပိုၿပီး လန္းတယ္ဆိုတာ အမ်ိဳးသားတို႔ သိၿပီးျဖစ္မွာပါ။ တစ္ခါတရံမွာ မလိုအပ္တဲ့ ပစၥည္းေတြ ၀ယ္မယ့္အစား Jacket ေကာင္းေကာင္းတစ္ထည္ ၀ယ္လုိက္ပါ။ Jean Jacket တို႔ ၊ Bomber Jacket တုိ႔ဆိုတာ ဘယ္ေတာ့မွ ၾကည့္ရမရိုးဘူးေလ။

Jean Jacket

Jean Jacket

ကိုယ့္မွာ ရွိၿပီးသား တီရွပ္တို႔ Hoodie တို႔နဲ႔ တြဲဖို႔ လြယ္တယ္ဆိုေတာ့ ရွိကို ရွိသင့္ပါတယ္။

Blazer

Blazer

Blazer Coat
ကိုယ္က ပြဲလမ္းသဘင္ေတြအၿမဲသြားရတဲ့သူ၊ လုပ္ငန္းခြင္ကိစၥေၾကာင့္ လူအမ်ားနဲ႔ အၿမဲဆက္ဆံေနရသူဆိုရင္ စမတ္က်က် ေသေသသပ္သပ္ျဖစ္ေစမယ့္ Blazer Coat ေကာင္းေကာင္းရွိဖို႔လိုပါတယ္။ ပြဲလမ္းသဘင္ သြားတဲ့အခါ ပံုမွန္အတိုင္း ၀တ္သြားတာထက္စာရင္ Blazer ေလးထပ္လိုက္တာက ပိုစမတ္က်သြားတာေပါ့။ အထူးသျဖင့္ ဒင္နာပါတီေတြ၊ လူအမ်ားနဲ႔ ေျပာဆိုဆက္ဆံရတဲ့ပြဲေတြဆိုရင္ Gentleman Style ျဖစ္ေစမွာက Blazer Coat ေတြရဲ႕ အကူအညီနဲ႔ပါ။ ပံုမွန္အ၀တ္အစားထက္ ေပးရတာ ေစ်းမ်ားေပမယ့္ တစ္ထည္ဆိုရင္ဆိုသလို ကိုယ့္ရဲ႕ စတိုင္လ္ကုိ အမ်ားႀကီးေျပာင္းလဲေပးႏိုင္တာမို႔ Blazer Coat ေတြ ၀ယ္စုဖို႔ မႏွေျမာပါနဲ႔။

Su Yi Htet (Akhayar)

[Unicode]

ယောကျာ်းလေးတိုင်းရဲ့ ဗီရိုထဲမှာ မဖြစ်မနေ ရှိသင့်တဲ့ အင်္ကျ ီများ

ဖက်ရှင်ဆိုတာက ယောကျာ်းအတွက်၊ မိန်းမအတွက်ရယ်လို့ ခွဲခြားထားတာ မဟုတ်သလို မိန်းကလေးလည်း မိန်းကလေးအလျောက်၊ ယောကျာ်းလေးကလည်း ယောကျ်ားလေးအလျောက် ဖက်ရှင်နဲ့ ကင်းကွာလို့ မရပါဘူး။ ယောကျာ်းလေးတွေအနေနဲ့က ဖက်ရှင်ကျဖို့ အထွေအထူးမလိုဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ အဲအတွေးက မှားပါတယ်။ အနည်းဆုံးတော့ မင်းသားတွေလို လန်ပျံထွက်နေအောင် အထာမကျနေတောင် သပ်သပ်ရပ်ရပ်လေး ကိုယ့်စတိုင်လ်နဲ့ကိုယ် ဖြစ်နေဖို့လိုပါတယ်။ စတိုင်လ်ကျအောင် Brand တွေ ဝတ်မှမဟုတ်ပါဘူး။ ကိုယ့်မှာ ရှိတာနဲ့ ပြန်ဝတ်ကြည့်လို့ရတယ်လေ။ ယောကျာ်းလေးတွေအနေနဲ့ ဒါလေးတွေသာ ဗီရိုထဲရှိရင် စတိုင်မျိုးစုံထုတ်လို့ရပါပြီ။

T-shirt

T-shirt

T-Shirt
တီရှပ်ကတော့ယောကျာ်းလေးတိုင်း အနည်းဆုံး နှစ်ထည်၊သုံးထည်တော့ ရှိမှာပါ။ တီရှပ်တစ်ထည်သာ ရှိရင် Skinny Jean နဲ့ပဲ ဝတ်ဝတ်၊ ဘောင်းဘီတိုနဲ့ပဲ ဝတ်ဝတ် ၊ Jean Pant အရှည်နဲ့ပဲ ဝတ်ဝတ် လိုက်ဖက်ပါတယ်။ တီရှပ်ဗြောင်လေးတွေ၊ Graphic Sticker ပါတဲ့ တီရှပ်တွေက ဘယ်တော့မှ ရိုးမသွားသလို ဈေးလည်း အရမ်းမမြောက်တာမို့ ယောကျ်ားလေးတွေအတွက် ရှိသင့်တဲ့အထဲမှာပါပါတယ်။ တီရှပ်တွေက နေ့စဉ်ဘဝမှာ သက်တောင့်သက်သာဖြစ်စေဖို့ တကယ်ကူညီနိုင်ပါတယ်။ ကိုယ်က တီရှပ်စုရတာ ဝါသနာပါရင်တော့ Brand လေးတွေပါ ဝယ်စုပေါ့ ..တီရှပ်အရေအတွက်တွေ တိုးလာလေ ကိုယ့်မှာ စိတ်ချမ်းသာရလေပါပဲ။

Shirt Fashion

Shirt Fashion

Shirt လက်ရှည်
နောက်ထပ်မရှိမဖြစ်က Shirt အင်္ကျ ီလက်ရှည်တွေပါ။ Shirt အင်္ကျ ီလက်ရှည်က လုပ်ငန်းခွင်သွားတဲ့အခါ ဝတ်လို့ရသလို ထသွားထလာဖြစ်ဖြစ် ၊ ပွဲသွားပွဲလာလည်း ဝတ်လို့ကောင်းတယ်လေ။ ကောင်မလေးတွေ တော်တာ်များများက Shirt အင်္ကျ ီဝတ်ထားတဲ့ကောင်လေးတွေဆို သိပ်သဘောကျကျတယ်တဲ့။ Shirt တွေ ဝယ်တဲ့အခါကျ လုပ်ငန်းခွင်အတွက် ဝတ်မှာလား၊ ထသွားထလာဝတ်မှာလားဆိုတာတော့ ခွဲဖို့ လိုပါတယ်နော်။ ဒါမှ Brand ဝယ်သင့်တဲ့နေရာအတွက် Brand ဝယ်၊ ပေါ့ပေါ့ပါးပါးဝတ်အတွက် ဈေးသင့်တာလေးဝယ် လုပ်လို့ရမှာပါ။ အရောင်တွေကိုလည်း တောက်တောက်ကြီးတွေ မဟုတ်ဘဲ ခဲရောင်၊ နက်ပြာရောင်၊ အပြာနုရောင်လေးတွေ ရွေးရင် ပိုသင့်တော်ပါတယ်။ Shirt တွေနဲ့ ဝတ်မယ်ဆိုရင်တော့ တဖြောင့်တည်းသွားတဲ့ မပွမကြပ် တစ်ဖြောင့်တည်း Jean Pant တွေ၊ Stylepant တွေနဲ့ အဆင်ပြေပါလိမ့်မယ်။

Flannel

Flannel

Flannel
Flannel မကြိုက်တဲ့ယောကျာ်းလေးက ခပ်ရှားရှားရယ်ပါ။ Flannel တစ်ထည်ဆီလောက်တော့ ယောကျာ်းလေးတွေမှာ ရှိမှာပါ။ Flannel ဆိုရင် တစ်ထည်တည်း အောက်က Jean Pant လေးတွေနဲ့ ဝတ်လို့ရသလို Fit မဟုတ်တဲ့ Flannel ပွပွလေးတွေကျ အပေါ်ထပ် အနေနဲ့ ဝတ်လို့ရပါတယ်။

Flannel

Flannel

အောက်က တီရှပ်ဗြောင်ရယ်၊ အပေါ်က Flannel ကွက်ရယ် နဲ့ Skinny Pant သာ တွဲလိုက်ရင် ခပ်ရှင်းရှင်းနဲ့ အမိုက်စားဖြစ်သွားမှာပါ။ ဘောင်းဘီရှည်နဲ့ မတွဲချင်လို့ ဘောင်းဘီတိုနဲ့ တွဲဝတ်မယ်ဆိုလည်း ဖြစ်ပါတယ်။ Flannel ကို နည်းနည်းပွပွလေးဖြစ်နေစေဖို့တော့ သတိထားပေးပါ။

Hoodie

Hoodie

Hoodie
Hoodie ကတော့ ကြိုက်တဲ့သူလည်း ရှိသလို မကြိုက်တဲ့သူလည်း ရှိပါတယ်။ တစ်ချို့က ဇစ်ဆွဲပုံစံ၊ တစ်ချို့က ခေါင်းစွပ်ပုံစံတွေ ကြိုက်ကြတာမို့ ကိုယ်နှစ်သက်တာကို ရွေးဝယ်ပါ။ ခေါင်းစွပ် Hoodie ဆိုရင်တော့ မြန်မာနိုင်ငံလို အနေအထားနဲ့ဆို အသားခပ်ပါးပါးလေးတွေက ပိုအဆင်ပြေပါတယ်။ ခေါင်းစွပ်Hoodieက ဘောင်းဘီရှည်နဲ့ ဝတ်လည်း မိုက်သလို ဘောင်းဘီတိုနဲ့ ဝတ်လည်း အထာကျပါတယ်။ ဇစ်ဆွဲ Hoodie ဆိုရင်တော့ အောက်က စွပ်ကျယ်ဆန်ဆန် Vest လေးတွေ၊ တီရှပ်လေးတွေနဲ့ တွဲဝတ်လိုက်ပါ။ Hoodie တွေကတော့ လူငယ်ဆန်စေမှာ အသေအချာပါပဲ။

Jacket

Jacket

Jackets
အပေါ်ထပ်တွေကလည်း မရှိမဖြစ်ပါပဲ။ ရိုးရိုးတီရှပ်နဲ့ ဂျင်းဝတ်ထားတာထက် အဲဒီအပေါ်က အပေါ်ထပ် Jean Jacket တစ်ထည် ဒါမှမဟုတ် Bomber Jacket တစ်ထည် ထပ်ဝတ်လိုက်တာက ပိုပြီး လန်းတယ်ဆိုတာ အမျိုးသားတို့ သိပြီးဖြစ်မှာပါ။ တစ်ခါတရံမှာ မလိုအပ်တဲ့ ပစ္စည်းတွေ ဝယ်မယ့်အစား Jacket ကောင်းကောင်းတစ်ထည် ဝယ်လိုက်ပါ။ Jean Jacket တို့ ၊ Bomber Jacket တို့ဆိုတာ ဘယ်တော့မှ ကြည့်ရမရိုးဘူးလေ။

Jean Jacket

Jean Jacket

ကိုယ့်မှာ ရှိပြီးသား တီရှပ်တို့ Hoodie တို့နဲ့ တွဲဖို့ လွယ်တယ်ဆိုတော့ ရှိကို ရှိသင့်ပါတယ်။

Blazer

Blazer

Blazer Coat
ကိုယ်က ပွဲလမ်းသဘင်တွေအမြဲသွားရတဲ့သူ၊ လုပ်ငန်းခွင်ကိစ္စကြောင့် လူအများနဲ့ အမြဲဆက်ဆံနေရသူဆိုရင် စမတ်ကျကျ သေသေသပ်သပ်ဖြစ်စေမယ့် Blazer Coat ကောင်းကောင်းရှိဖို့လိုပါတယ်။ ပွဲလမ်းသဘင် သွားတဲ့အခါ ပုံမှန်အတိုင်း ဝတ်သွားတာထက်စာရင် Blazer လေးထပ်လိုက်တာက ပိုစမတ်ကျသွားတာပေါ့။ အထူးသဖြင့် ဒင်နာပါတီတွေ၊ လူအများနဲ့ ပြောဆိုဆက်ဆံရတဲ့ပွဲတွေဆိုရင် Gentleman Style ဖြစ်စေမှာက Blazer Coat တွေရဲ့ အကူအညီနဲ့ပါ။ ပုံမှန်အဝတ်အစားထက် ပေးရတာ ဈေးများပေမယ့် တစ်ထည်ဆိုရင်ဆိုသလို ကိုယ့်ရဲ့ စတိုင်လ်ကို အများကြီးပြောင်းလဲပေးနိုင်တာမို့ Blazer Coat တွေ ဝယ်စုဖို့ မနှမြောပါနဲ့။

Su Yi Htet (Akhayar)