ဖုန်းဝယ်ပြီးသွားရင် ဘယ်သူမဆို သီချင်းနားထောင်မယ်၊ ရုပ်ရှင်ကြည့်မယ် စသဖြင့် ကိုယ့်အကြိုက်၊ သူ့အကြိုက်သုံးတတ်စမြဲပါ။ လိုအပ်တဲ့ Application တွေ ဆိုင်က တခါထဲသွင်းပေးလိုက်တယ်ဆိုမယ့် တခါတလေ အဆင်မပြေတာမျိုးဖြစ်နေရင် ဘယ်လိုဖြေရှင်းရမလဲ အကျပ်ရိုက်တတ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အကောင်းဆုံး Music Player တွေကို စုစည်းဖော်ပြသွားမှာဖြစ်ပြီး စိတ်ကြိုက်စမ်းသုံးကြည့်နိုင်ပါတယ်။

10. AIMP (Free)

AIMP ရဲ့ ထူးခြားချက်ကတော့ ရိုးရှင်းတဲ့ Material Design နဲ့ အလွယ်တကူ Customize လုပ်နိုင်တဲ့ Feature တွေပါပဲ။ နောက်ပြီး သီချင်းနားထောင်ရင် Rock ၊ Pop စသဖြင့် နှစ်သက်သလို နားထောင်နိုင်ပေမယ့် Pro တွေအတွက် Equalizer ပါဝင်သေးလို့ Sound Quality ကတော့ အပြစ်ပြောစရာမရှိပါဘူး။

Download Link: AIMP

9. BlackPlayer (Free/$3.29)

BlackPlayer မှာလည်း ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ Tap Features တွေပါဝင်တယ်ဆိုမယ့် Free Version ထက် လိုင်စင်ဝယ်သုံးတာ ပိုကောင်းပါတယ်။ အထူးသဖြင့် ကြော်ငြာပါလာတာမျိုးက အနှောက်ယှက်ဖြစ်စေတဲ့အတွက်ကြောင့် BlackPlayer ကို Full Power သုံးချင်တယ်ဆိုရင် ၃ ဒေါ်လာ လောက်ရင်းရမှာပါ။ အဲ့ဒီအတွက် Tap တစ်ခုထဲနဲ့ သီချင်းနားထောင်မယ်၊ Select ရွေးမယ်၊ Widgets ၊ Scrobbig နဲ့ Equalizer လည်းပါဝင်လာမှာဆိုတော့ User Experience ပိုင်းနဲ့ Sound Quality ပိုင်း ပိုပြည့်စုံလာမှာဖြစ်ပါတယ်။

Download Link: BlackPlayer

8. JetAudio HD (Free/$3.99)

အရင်ကတည်းက လူသိများနေတဲ့ JetAudio Player ကတော့ Android လောကမှာ လူကြိုက်အများဆုံး Music Player အဖြစ်ရပ်တည်နေပါတယ်။ အထူးသဖြင့် Sound Quality ကို ကြိုက်သလို Tweak လုပ်နိုင်ပြီး Preset Setting ပေါင်း ၃၂ မျိုးပါဝင်ပါတယ်။ အဲ့ဒါကြောင့် ကိုယ်နှစ်သက်သလို အသံ Quality ပြောင်းနားထောင်နိုင်သလို Free Version နဲ့ License ၂ ခုကွာခြားချက်က ကြော်ငြာနဲ့ Theme တချို့ ဖယ်ရှား၊ ပေါင်းထည့်လိုက်တာပဲဖြစ်ပါတယ်။

Download Link : JetAudio

7. MediaMonkey (Free/$2.49)

MediaMonkey ကိုတော့ Core Music Player လို့ပြောရင် ပိုကောင်းမယ်ထင်ပါတယ်။ ဘာလို့လဲဆိုရင် Audiobooks ၊ Podcasts နဲ့ သီချင်းတွေကို Composer ၊ Artist အလိုက် ပြန်ရွေးနိုင်ပါတယ်။ Equalizer ကိုလည်း Basic Feature အနေနသုံးနိုင်မှာဖြစ်ပေမယ့် UI ဒီဇီုင်း ရှုပ်သလိုခံစားရပါတယ်။ တခြား Player တွေထက် ပိုကောင်းတာက Music Library ကို တခြားဖုန်း၊ ကွန်ပျူတာတွေနဲ့ Sync လုပ်နိုင်မှာဖြစ်ပြီး License Version မှာတော့ ကြော်ငြာတွေ ရှိမှာမဟုတ်ပါဘူး။

Download Link : MediaMonkey

6. Musicolet Music Player (Free)

Musicolet ကတော့ Free Music Player တွေထဲမှာ သုံးလို့အကောင်းဆုံးလို့ ပြောနိုင်ပါတယ်။ Lightweight ဖြစ်တဲ့ UI နဲ့ Offline နားထောင်နိုင်တယ်။ နောက်ပြီး Equalizer ပါဝင်သလို Tag Editor နဲ့ Embedded Lyrics အတွက်လည်း ထောက်ပံ့ထားပါသေးတယ်။ အဲ့ဒါကြောင့် Music Player ကို ပေါ့ပေါ့ပါးပါးသုံးမယ့်လူတွေအတွက် အသုံးတည့်ပါတယ်။ Online မဟုတ်တဲ့အတွက် ကြော်ငြာတက်မှာကိုလည်း စိတ်ညစ်စရာမရှိပါဘူး။

Download Link: Musicolet

5. Neutron Player (Free Trail/$5.99)

Neutron Player ကတော့ တခြားဟာတွေနဲ့မတူဘဲ 32/64bit ဆိုပြီး Version ၂ မျိုးခွဲထုတ်ထားပါတယ်။ နောက်ပြီး Android OS ပေါ်မမှီခိုဘဲ Standalone အနေနဲ့ Sound Quality ကို Boost လုပ်နိုင်မှာဖြစ်ပါတယ်။ အသုံးဝင်တဲ့ Features တွေနဲ့ Equalizer ပါဝင်ပေမယ့် လိုင်စင်သုံးမယ်ဆိုရင် ဈေးပိုကြီးနေပါတယ်။

Download Link : Neutron

4. Phonograph (Free)

Phonograph ကတော့ စမ်းသုံးကြည့်သင့်တဲ့ Player ထဲမှာပါဝင်ပါတယ်။ Lightweight ဖြစ်တဲ့ UI ဒီဇီုင်းနဲ့အတူ Classic Theme သုံးနိုင်တယ်။ Theme Editor ပါတယ်ဆိုမယ့် ထင်သလောက် Powerful မဖြစ်ပါဘူး။ ဒါပေမယ့် Tag Editor ၊ Playlist Features နဲ့ Home Screen Widget စတဲ့ Feature လေးတွေ ပါဝင်နေတာက Music Player ပေါ့ပေါ့ပါးပါးသုံးချင်သူတွေအတွက် အကိုက်ပါပဲ။

Download Link: Phonograph

3.PlayerPro Music Player (Free Trail/$4.99)

PlayerPro ဆိုတဲ့အတိုင်း 10 Band Equalizer ပါလာတာက သီချင်းကို နှစ်နှစ်ခြိုက်ခြိုက်နားဆင်လိုသူတွေ အကြိုက်ဖြစ်မှာပါ။ သီချင်းနဲ့ Music Video ကိုပါ ဖွင့်နားထောင်နိုင်ပြီး Android Auto နဲ့ Chromecast Support လုပ်တယ်။ နောက်ပြီး Audio Effect မျိုးစုံနဲ့ Widgets အပြင် Hi-Fi Music ကိုမှ 32Bit, 384KHz အထိ ထောက်ပံ့တာကြောင့် Pro ဆန်တဲ့ Music Player လို့ပြောရမှာပါ။ အားနည်းချက်က Trail Version ပဲသုံးနိုင်တာဖြစ်ပြီး Upgrade လုပ်မယ်ဆိုရင်လည်း ၅ ဒေါ်လာ လောက်ဖြုန်းရပါလိမ့်မယ်။

Download Link: PlayerPro

2. Poweramp Music Player (Free/$3.99)

Poweramp ကတော့ Top Music Player စာရင်းထဲမှာ အမြဲတမ်းပါဝင်ပါတယ်။ အထူးသဖြင့် လှပတဲ့ Theme တွေ အသုံးပြုနိုင်တဲ့အပြင် သီချင်းနားထောင်တဲ့အခါ Playback Features တွေပါဝင်ပြီး အထူးသဖြင့် Gapless Playback ၊ Crossfade တို့က လူကြိုက်များပါတယ်။ တခြား Player တွေလို အသုံးဝင်တဲ့ Feature တွေပါဝင်ပြီး Android Auto Support လုပ်တဲ့အတွက် စမ်းသုံးကြည့်သင့်တဲ့ Player လို့ပဲ ပြောရမှာပါ။

Download Link :

1. Pulsar Music Player (Free/$1.99)

Pulsar ကတော့ လက်ရှိအကောင်းဆုံး Player အဖြစ် ရပ်တည်နေပါတယ်။ လှပတဲ့ Material ဒီဇိုင်း၊ Tag Editing ၊ Gapless Playback နဲ့ Smart Playslist တို့က အားသာချက်တွေဖြစ်ပြီး Sleep Timer ၊ FM Scrobbing ပါဝင်တာက နှစ်သက်စရာပါ။ Chromecast ကိုလည်း Support လုပ်ပြီး လိုင်စင်သုံးမယ်ဆိုရင်လည် ၂ ဒေါ်လာ လောက်ပဲရှိတဲ့အတွက် သုံးပျော်ပါတယ်။

Download Link: Pulsar

Source: Android Authority
2B (Akhayar)
www.akhayar.com