[Zawgyi]

သံစဥ္ ေတြက သႀကၤန္ကို ဘယ္ေလာက္အထိအသက္ဝင္ေစသလဲ ဆိုတာ

သီခ်င္းသံစဥ္ေတြ နဲ႕ သႀကၤန္ဟာ အင္မတန္မွကို ဆက္စပ္ ေနတယ္ ဆိုတာကေတာ့ေသခ်ာပါတယ္။သႀကၤန္ဆိုရင္ ျမန္မာသံစဥ္ခ်ိဳခ်ိဳေလးျဖစ္တဲ့  ဟိုယခင္က ျမနႏၵာ ဟာ မပါမျဖစ္ပါဒီေန႕ဒီခ်ိန္အထိ ကို ျမနႏၵာသီခ်င္းေလး က သႀကၤန္ရဲ႕ အေငြ႕အသက္ျဖစ္လို႕ေနပါတယ္။ေျပာင္းလဲ လာတဲ့ ေခတ္အလိုက္ သႀကၤန္မွာဖြင့္တဲ့ သီခ်င္းေတြ ကလည္း ေျပာင္းလဲ လို႕လာပါတယ္။

တူးပို႕တူးပို႕ ကေန ဝါတာပါတီ ေရပါတီ ေခတ္ကို ေရာက္ရွိလို႕ လာပါၿပီ။ ဒီေတာ့ သႀကၤန္ဆိုရင္ ဘယ္လိုသံစဥ္ေတြကို သင္ နွစ္သက္တာလဲ၊ သံစဥ္ေတြ ကေရာသႀကၤန္ႀကီးကို ဘယ္လိုအသက္ဝင္ေစသလဲ ဆိုတာ ကေတာ့ နားေထာင္တဲ့ သင့္ရဲ႕စိတ္ခံစားမႈေတြေပၚကိုပဲ မူတည္ပါတယ္။

ဒါေၾကာင့္ သံစဥ္ေတြအတြက္ ေဝခြဲရခက္မေနဘဲ ေခတ္အလိုက္သႀကၤန္သီခ်င္းေလးေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

အဆိုေတာ္ႀကီးေဇာ္ဝမ္းကေတာ့ သႀကၤန္မင္းသားႀကီးေပါ့ သူသီဆိုခဲ့ဖူးတဲ့ သီခ်င္းေတြထဲ ကမွ သႀကၤန္မိုးသီခ်င္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္။ မင္းသားႀကီးေဇာ္ဝမ္း ကေတာ့ ကြယ္လြန္သြားလို႕မရွိေတာ့ေပမယ့္သူ႕ရဲ႕ သႀကၤန္သီခ်င္းေတြကတိုင္း သႀကၤန္အခါသမယတိုင္းမွာ ရွင္သန္ေနလ်က္ပါပဲ ။

မန္းေတာင္ရိပ္ခို ဆိုတဲ့ သႀကၤန္ေတးသီခ်င္းဟာလည္း အဆိုေတာ္သာ တစ္ေယာက္ၿပီးတစ္ေယာက္ေျပာင္းဆိုရင္ဆိုၾကပါလိမ့္မယ္။ ဒါေပမယ့္ လည္း သႀကၤန္ေရာက္လို႕လာရင္ အျမဲမေျပာင္းဘဲ နားေထာင္လို႕ေကာင္းေနတဲ့ သီခ်င္းျဖစ္လို႕ေဖာ္ျပလိုက္ပါတယ္။

အဆိုေတာ္မိုးမင္းရဲ႕ က်ီစားတာလားဆိုတဲ့ သီခ်င္းဟာလည္း သႀကၤန္ရဲ႕ အမွတ္တရ နဲ႕ ရသ ကို ေပ်ာ္လြင္စြာပံုေဖာ္နို္င္လြန္းတဲ့ သီခ်င္းတစ္ပုဒ္ျဖစ္လို႕ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

သရုပ္ေဆာင္ ခ်စ္စနိုးဦး သီဆိုခဲ့တဲ့ လက္ေလးဆြဲထားဆိုတဲ့ သီခ်င္းဟာလည္းစထြက္တဲ့ အခ်ိန္ကစလို႕ သႀကၤန္အတြက္ ဖြင့္ျမဲဖြင့္ေနၾကသီခ်င္းေတြ ထဲမွာ ပါဝင္လို႕လာတာအမွန္ပါပဲ ။ ဒီသီခ်င္းေလး ကိုလည္း ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

ဒီသီခ်င္း ကေတာ့ သႀကၤန္အတြက္ ျမဴးၾကြစြာကခုန္နိုင္မယ့္ သီခ်င္းေတြထဲ က တစ္ပုဒ္ျဖစ္လို႕ ေဖာ္ျပေပးလိုက္ပါတယ္။

သႀကၤန္နွစ္သစ္ခါသမယမွာ အခရာခ်စ္ပရိသတ္ေတြ ေပ်ာ္ရႊင္စြာနဲ႕ နွစ္သစ္ကို ႀကိဳဆိုနိုင္ၾကပါေစလို႕ လည္း ဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္။

Credit:youtube

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

သံစဉ် တွေက သင်္ကြန်ကို ဘယ်လောက်အထိအသက်ဝင်စေသလဲ ဆိုတာ

သီချင်းသံစဉ်တွေ နဲ့ သင်္ကြန်ဟာ အင်မတန်မှကို ဆက်စပ် နေတယ် ဆိုတာကတော့သေချာပါတယ်။သင်္ကြန်ဆိုရင် မြန်မာသံစဉ်ချိုချိုလေးဖြစ်တဲ့ ဟိုယခင်က မြနန္ဒာ ဟာ မပါမဖြစ်ပါဒီနေ့ဒီချိန်အထိ ကို မြနန္ဒာသီချင်းလေး က သင်္ကြန်ရဲ့ အငွေ့အသက်ဖြစ်လို့နေပါတယ်။ပြောင်းလဲ လာတဲ့ ခေတ်အလိုက် သင်္ကြန်မှာဖွင့်တဲ့ သီချင်းတွေ ကလည်း ပြောင်းလဲ လို့လာပါတယ်။

တူးပို့တူးပို့ ကနေ ဝါတာပါတီ ရေပါတီ ခေတ်ကို ရောက်ရှိလို့ လာပါပြီ။ ဒီတော့ သင်္ကြန်ဆိုရင် ဘယ်လိုသံစဉ်တွေကို သင် နှစ်သက်တာလဲ၊ သံစဉ်တွေ ကရောသင်္ကြန်ကြီးကို ဘယ်လိုအသက်ဝင်စေသလဲ ဆိုတာ ကတော့ နားထောင်တဲ့ သင့်ရဲ့စိတ်ခံစားမှုတွေပေါ်ကိုပဲ မူတည်ပါတယ်။

ဒါကြောင့် သံစဉ်တွေအတွက် ဝေခွဲရခက်မနေဘဲ ခေတ်အလိုက်သင်္ကြန်သီချင်းလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

အဆိုတော်ကြီးဇော်ဝမ်းကတော့ သင်္ကြန်မင်းသားကြီးပေါ့ သူသီဆိုခဲ့ဖူးတဲ့ သီချင်းတွေထဲ ကမှ သင်္ကြန်မိုးသီချင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ မင်းသားကြီးဇော်ဝမ်း ကတော့ ကွယ်လွန်သွားလို့မရှိတော့ပေမယ့်သူ့ရဲ့ သင်္ကြန်သီချင်းတွေကတိုင်း သင်္ကြန်အခါသမယတိုင်းမှာ ရှင်သန်နေလျက်ပါပဲ ။

မန်းတောင်ရိပ်ခို ဆိုတဲ့ သင်္ကြန်တေးသီချင်းဟာလည်း အဆိုတော်သာ တစ်ယောက်ပြီးတစ်ယောက်ပြောင်းဆိုရင်ဆိုကြပါလိမ့်မယ်။ ဒါပေမယ့် လည်း သင်္ကြန်ရောက်လို့လာရင် အမြဲမပြောင်းဘဲ နားထောင်လို့ကောင်းနေတဲ့ သီချင်းဖြစ်လို့ဖော်ပြလိုက်ပါတယ်။

အဆိုတော်မိုးမင်းရဲ့ ကျီစားတာလားဆိုတဲ့ သီချင်းဟာလည်း သင်္ကြန်ရဲ့ အမှတ်တရ နဲ့ ရသ ကို ပျော်လွင်စွာပုံဖော်နိုင်လွန်းတဲ့ သီချင်းတစ်ပုဒ်ဖြစ်လို့ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သရုပ်ဆောင် ချစ်စနိုးဦး သီဆိုခဲ့တဲ့ လက်လေးဆွဲထားဆိုတဲ့ သီချင်းဟာလည်းစထွက်တဲ့ အချိန်ကစလို့ သင်္ကြန်အတွက် ဖွင့်မြဲဖွင့်နေကြသီချင်းတွေ ထဲမှာ ပါဝင်လို့လာတာအမှန်ပါပဲ ။ ဒီသီချင်းလေး ကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ဒီသီချင်း ကတော့ သင်္ကြန်အတွက် မြူးကြွစွာကခုန်နိုင်မယ့် သီချင်းတွေထဲ က တစ်ပုဒ်ဖြစ်လို့ ဖော်ပြပေးလိုက်ပါတယ်။

သင်္ကြန်နှစ်သစ်ခါသမယမှာ အခရာချစ်ပရိသတ်တွေ ပျော်ရွှင်စွာနဲ့ နှစ်သစ်ကို ကြိုဆိုနိုင်ကြပါစေလို့ လည်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Credit:youtube

ကြည်သာ (Akhayar)

www.akhayar.com