[Zawgyi]













ကြည်သာ (Akhayar)

www.akhayar.com

[Unicode]

အောင်မြင်ကျော်ကြား ဆယ်လီမေမေများ

မြန်မာပြည်ရဲ့အောင်မြင်ကျော်ကြားတဲ့ နာမည်ကြီး အနုပညာရှင်တွေထဲကမှ ကလေးနှစ်ယောက်စီကို ပိုင်ဆိုင်ထားကြပြီ ဖြစ်ပြီး လက်ရှိ အချိန်အထိလည်း အောင်မြင်တွေကိုယ်စီရှိနေတဲ့ သူတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကလေးမွေးပြီးပြီး ဆိုရင် အနုပညာလုပ်ငန်းကို လုပ်ကိုင်တဲ့ သူတွေအနေနဲ့ ခန္ဓာကိုယ်ထိန်းသိမ်းရတာတွေ ရှိသလို ကလေးမွေးနေစဉ်စပ်ကြားမှာ အနားယူခဲ့တဲ့ အချိန်တွေ အတွင်း ပရိသတ်နဲ့ ဝေးကွာခဲ့ကြတာတွေလည်း ရှိမှာ မလွဲပါဘူး။ ဒါပေမယ့် လည်း သူတို့ အနေနဲ့ ဒီလိုအခက်အခဲ တွေကို ရင်ဆိုင်နိုင်ခဲ့သလို အောင်မြင်ကြော်ကြားတဲ့ အနုပညာရှင် ကြယ်ပွင့်တွေ အနေနဲ့ ရပ်တည်နေသူတွေကတော့ ဆယ်လီမေမေ အိန္ဒြာကျော်ဇင် ၊ ဆယ်လီမေမေ သက်မွန်မြင့် နဲ့ ဆယ်လီမေမေ ချစ်သုဝေ တို့ပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်သက်မွန်မြင့် နှင့် သူမရဲ့ သားလေး နဲ့ သမီးလေး

သရုပ်ဆောင်သက်မွန်မြင့် နှင့် သူမရဲ့ သားလေး နဲ့ သမီးလေး

ချစ်သူ့ဝေ နှင့် သူမရဲ့ အမွှာသမီးလေးနှစ်ယောက်

ချစ်သူ့ဝေ နှင့် သူမရဲ့ အမွှာသမီးလေးနှစ်ယောက်

အိန္ဒြာကျော်ဇင်နှင့်သူမရဲ့ သားသားနဲ့မီးမီး

အိန္ဒြာကျော်ဇင်နှင့်သူမရဲ့ သားသားနဲ့မီးမီး

သူမ တို့ သုံးဦး ဟာ ဆိုရင် အနုပညာလုပ်ငန်းတွေကို လည်းလက်ရှိအချိန်အထိ လုပ်ကိုင်နေကြသူတွေဖြစ်ပြီး အိမ်ထောင်ရေးနဲ့ မိသားစု ရေး ၊ သားသမီးရေး တွေကို လည်းမပျက်မကွက်ဆောင်ရွတ်နေကြတဲ့ မိခင်တွေ ဖြစ်ကြတဲ့ အတွက် အလွန်ကို ချီးကျူးထိုက်တဲ့ ဆယ်လီမေမေတွေပါ။

မိခင်တိုင်းဟာ တော်တယ်ဆိုတာကို မည်သူတစ်ဦးတစ်ယောက်ကမှ မငြင်းနိုင်ပါဘူး အခု အခရာရဲ့ အနုပညာရှင်တွေ ကဏ္ဍမှာတော့ အနုပညာရှင် အကြောင်းတွေကို ပဲ ဖော်ပြတာဖြစ်တာကြောင့် အောင်မြင်တဲ့ ဆယ်လီမေမေတွေကိုအခုလို ဖော်ပြပေးလိုက်တာပဲဖြစ်ပါတယ်။

Photo Credit- Their Facebook Page

ကြည်သာ (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။