မံမီရုပ်တစ်ရုပ်ကို ဖန်တီးခြင်း




ဘာသာရေးအစဉ်အလာ တစ်ခုအနေနဲ့ ရင်ဘတ်ပေါ်မှာ သားရေအိတ်လေးတစ်အိတ်ပါထည့်ပတ်ပေးလိုက်ပြီး Ibis မံမီရုပ်တွေမှာဆိုရင် ခွေခေါက်ထည့်ထားတဲ့ ငှက်ကို ဝမ်းဗိုက်ပေါ်မှာ တင်ပြီးပတ်ပေးလေ့ ရှိပါတယ်။

နောက်ဆုံးအနေနဲ့ ပတ်တီးတွေကို ကန့်လန့်ပုံစံ ခပ်ကြဲကြဲပတ်ပြီး မျက်နှာနေရာမှာ ပုံတူပန်ချီးကား ထည့်သွင်းပေးလိုက်ပါတယ်။ ပြီးတော့မှ မံမီရုပ်တစ်ရုပ်လုံးကို အဝတ်စနဲ့ပတ်တာ ဖြစ်ပါတယ်။ တစ်ရုပ်လုံးကို အနီရောင်နဲ့ ဆေးခြယ်ထားတာမျိုးရှိပေမယ့် အနီရောင်မံမီရုပ်တွေကို တွေ့ရခဲပါတယ်။

အီဂျစ်ဘာသာရေးရဲ့ အမှတ်သင်္ကေတတွေဖြစ်တဲ့ ကာကွယ်ခြင်း၊ ပြန်လည်မွေးဖွားခြင်းစတဲ့ အမှတ်သင်္ကေတတွေကို မံမီရုပ်အပေါ်မှာ ရေးဆွဲကြပါတယ်။ Herakleides ရဲ့မံမီရုပ်မှာဆိုရင် အခုလိုမျိုးပုံစံအကုန်လုံးတွေ့ရပြီး အရုပ်ရဲ့အောက်ခြေမှာ ဂရိဘာသာနဲ့ နာမည်ရေးထိုးထားပါတယ်။ အတိအကျလေ့လာချင်တယ်ဆိုရင်တော့ Herakleides ရဲ့ မံမီရုပ်ကို Getty Museum မှာ သွားလေ့လာလို့ ရပါတယ်။

မင်းသုခ (အခရာ)
www.akhayar.com

[Unicode]

မာမီရုပ်တစ်ရုပ်ကို ဖန်တီးခြင်း

မံမီရုပ်တွေလုပ်တာကို အီဂျစ်တွေက စခဲ့ပါတယ်။ သေဆုံးပြီးတဲ့နောက်ပိုင်းမှာ ကိုယ်ခန္ဓာကို ကြာရှည်ထားနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ပုံမှန်ဆိုရင် မံမီရုပ်မလုပ်ခင် နှလုံးကလွဲပြီး ကိုယ်ခန္ဓာထဲက အစိတ်အပိုင်းတွေအကုန်လုံးကို ထုတ်ပစ်ရပါတယ်။

ဒါပေမယ့် တစ်ခါတစ်လေ နှလုံးကိုထုတ်ပြီး အဆုတ်ကို ချန်ထားတာမျိုးလည်း ရှိပါတယ်။ အဲ့ဒီလိုထုတ်ပြီးရင် ခန္ဓာကိုယ်တစ်ခုလုံးက အရည်ဓါတ်တွေကုန်သွားအောင်လို့ ရက် (၄၀) လောက်ကြာတဲ့အထိ ဆားနဲ့သိပ်ထား ပေးရပါတယ်။

ပြီးတဲ့အချိန်ကျရင် ဆားတွေကို ဖယ်လိုက်ပြီး အမွှေးနံသာဆီတွေနဲ့ တစ်ကိုယ်လုံးကို လိမ်းကျံရပါတယ်။ ပြီးရင် အပေါ်ကနေ ကော်ပါးပါးသုတ်ပြီး တစ်ကိုယ်လုံးကို ပတ်တီးနဲ့လိုက်ပတ်ပါတယ်။ နောက်ဆုံးရလာတဲ့ မံမီရုပ်ကို သစ်သားပြားပေါ်မှာတင်ပြီး ကော်သုတ်တာ၊ ပတ်တီးနဲ့ထပ်ပတ် တာတွေလုပ်ပါတယ်။




မင်းသုခ (အခရာ)
www.akhayar.com