[Zawgyi]

ေတြ႕ဆံုပြဲမွာ ပရိသတ္က ထင္မထားေအာင္မ်ားျပားလုိ႔ ဝမ္းသာေနၾကတဲ့ “မုျဒာရဲ႕ေခၚသံ”အဖြဲ႔သားမ်ား

“မုျဒာရဲ႕ေခၚသံ”အဖြဲ႕သားေတြက သူရဲ႕ပရိသတ္ေတြနဲ႔ ေတြ႔ဆံုတဲ့ပြဲကို ဧၿပီ ၅ ရက္ေန႔ညေနက ျပည္လမ္းေပၚမွာရွိတဲ့ City Mall (St John) မွာ ညေန ၆ နာရီခြဲအခ်ိန္က စတင္ကာ က်င္းပျပဳလုပ္ခဲ့ပါတယ္။ “မုျဒာရဲ႕ေခၚသံ” အဖြဲ႔သားေတြအားလံုးက တကယ္ကို ေအာင္ျမင္မႈေတြရရိွေနၿပီး သူတို႔ကိုခ်စ္ခင္အားေပးၾကတဲ့ ပရိသတ္ေတြကလည္း အဲဒီေတြ႔ဆံုပြဲကုိ ညေနေလာက္ကတည္းက လာေရာက္ေစာင့္ဆိုင္းေနခဲ့ၾကတာ ျဖစ္ပါတယ္။

Christina KyiChristina Kyi

ပရိသတ္ေတြနဲ႔ေတြ႕ဆံုတဲ့ပြဲမွာ “မုျဒာရဲ႕ေခၚသံ”အဖြြဲ႔သားမ်ားက သူတို႔ရဲ႕ပရိသတ္ေတြနဲ႔အတူတူ ဇာတ္ကားထဲမွ ဇာတ္ဝင္ခန္းတခ်ိဳ႕ကိုေမးၿပီး အေျဖမွန္သူတစ္ခ်ိဳ႕ကို လက္ေဆာင္ပစၥည္းမ်ားေပးအပ္ကာ အမွတ္တရဓါတ္ပံုမ်ား ရိုက္ကူးခဲ့ၾကပါေသးတယ္။ မထင္မွတ္ထားေလာက္ေအာင္ကို လာအားေပးတဲ့ ပရိသတ္ေတြအေပၚကို ဒါရိုက္တာခရစ္တီးနားခီက “အခုလို ပရိသတ္ေတြအမ်ားႀကီးလာမယ္လို႔ သိပ္မထင္ဘူး။ ၾကားရက္လည္းျဖစ္တယ္ ပရိသတ္ေတြလာပ့ါမလားလို႔ တကယ္ကို စိုးရိမ္ခဲ့ပါတယ္။ အခုလုိ႔ ပရိသတ္ေတြအမ်ားႀကီးကိုေတြ႔ရေတာ့ အရမ္းကိုဝမ္းသာပါတယ္”လို႔ ေျပာပါတယ္။

Zenn Kyi   Zenn Kyi

“မုျဒာရဲ႕ေခၚသံ” ဇာတ္ကားကို ဒါရိုက္တာခရစ္စတီးနားခီက ပံုေဖာ္ရိုက္ကူးထားကာ သရုပ္ေဆာင္မ်ားျဖစ္ၾကတဲ့ ဇဏ္ခီ၊ လွယဥ္ေက်းနဲ႔ နန္းေဝေဝထြန္းတို႔အပါအဝင္ တျခားသရုပ္ေဆာင္မ်ားစြာက ပါဝင္ရိုက္ကူးထားၿပီး လက္ရွိမွာလည္း ရံုတင္ျပသလွ်က္ရွိတာျဖစ္ပါတယ္။

www.akhayar.com

[Unicode]

တွေ့ဆုံပွဲမှာ ပရိသတ်က ထင်မထားအောင်များပြားလို့ ဝမ်းသာနေကြတဲ့ “မုဒြာရဲ့ခေါ်သံ”အဖွဲ့သားများ

“မုဒြာရဲ့ခေါ်သံ”အဖွဲ့သားတွေက သူရဲ့ပရိသတ်တွေနဲ့ တွေ့ဆုံတဲ့ပွဲကို ဧပြီ ၅ ရက်နေ့ညနေက ပြည်လမ်းပေါ်မှာရှိတဲ့ City Mall (St John) မှာ ညနေ ၆ နာရီခွဲအချိန်က စတင်ကာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ “မုဒြာရဲ့ခေါ်သံ” အဖွဲ့သားတွေအားလုံးက တကယ်ကို အောင်မြင်မှုတွေရရှိနေပြီး သူတို့ကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း အဲဒီတွေ့ဆုံပွဲကို ညနေလောက်ကတည်းက လာရောက်စောင့်ဆိုင်းနေခဲ့ကြတာ ဖြစ်ပါတယ်။

Christina KyiChristina Kyi

ပရိသတ်တွေနဲ့တွေ့ဆုံတဲ့ပွဲမှာ “မုဒြာရဲ့ခေါ်သံ”အဖွဲ့သားများက သူတို့ရဲ့ပရိသတ်တွေနဲ့အတူတူ ဇာတ်ကားထဲမှ ဇာတ်ဝင်ခန်းတချို့ကိုမေးပြီး အဖြေမှန်သူတစ်ချို့ကို လက်ဆောင်ပစ္စည်းများပေးအပ်ကာ အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသေးတယ်။ မထင်မှတ်ထားလောက်အောင်ကို လာအားပေးတဲ့ ပရိသတ်တွေအပေါ်ကို ဒါရိုက်တာခရစ်တီးနားခီက “အခုလို ပရိသတ်တွေအများကြီးလာမယ်လို့ သိပ်မထင်ဘူး။ ကြားရက်လည်းဖြစ်တယ် ပရိသတ်တွေလာပ့ါမလားလို့ တကယ်ကို စိုးရိမ်ခဲ့ပါတယ်။ အခုလို့ ပရိသတ်တွေအများကြီးကိုတွေ့ရတော့ အရမ်းကိုဝမ်းသာပါတယ်”လို့ ပြောပါတယ်။

Zenn KyiZenn Kyi

“မုဒြာရဲ့ခေါ်သံ” ဇာတ်ကားကို ဒါရိုက်တာခရစ်စတီးနားခီက ပုံဖော်ရိုက်ကူးထားကာ သရုပ်ဆောင်များဖြစ်ကြတဲ့ ဇဏ်ခီ၊ လှယဉ်ကျေးနဲ့ နန်းဝေဝေထွန်းတို့အပါအဝင် တခြားသရုပ်ဆောင်များစွာက ပါဝင်ရိုက်ကူးထားပြီး လက်ရှိမှာလည်း ရုံတင်ပြသလျှက်ရှိတာဖြစ်ပါတယ်။

www.akhayar.com