[Zawgyi]

ပရိသတ္ေတြစိတ္ဝင္စားမႈမ်ားျပားေနတဲ့ “မုျဒာရဲ႕ေခၚသံ” ရုပ္ရွင္ဇာတ္ကားျပသေတာ့မယ္

လူငယ္ဒါရိုက္တာခရစ္စတီးနာခီရဲ႕ ဇာတ္ကားတစ္ကားျဖစ္တဲ့ “မုျဒာရဲ႕ေခၚသံ” ရုပ္ရွင္ဇာတ္ကားႀကီးကို လာမယ့္မတ္လ ၁၆ ရက္ေန႔မွစတင္ကာ ျမန္မာတစ္ႏုိင္ငံလံုးမွာရွိ JCGV ရုပ္ရွင္ရံုမ်ားမွာ ျပသသြား မွာျဖစ္တယ္လုိ႔ သိရပါတယ္။ “မုျဒာရဲ႕ေခၚသံ” ရုပ္ဇာတ္ကားႀကီးဟာဆိုရင္ ဒါရုိက္တခရစ္တီးနားခီရဲ႕ ပထမဦးဆံုးပြဲဦးထြက္ရုပ္ရွင္ဇာတ္ကားျဖစ္ၿပီး၊ လတ္တေလာမွာ သူမရိုက္ကူးထားတဲ့ “ဥပါယ္တံမ်ဥ္” ရုပ္ရွင္ဇာတ္ကားႀကီးကလည္း အခုခ်ိန္ထိကို ေအာင္ျမင္မႈရရွိေနတာျဖစ္ပါတယ္။

ဒီဇာတ္ကားထဲမွာဆိုရင္ေတာ့ မ်က္ႏွာသစ္သရုပ္ေဆာင္ေတြျဖစ္ၾကတဲ့ ဇဏ္ခီ၊ လွယဥ္ေက်းတို႔ကအဓိကပါဝင္သရုပ္ေဆာင္ထားၿပီး၊ ျမန္မာ့ယဥ္ေက်းမႈ၊ ျမန္မာဓေလ့ထံုးတမ္းစဥ္လာ၊ ျမန္မာ့ရႈခင္း၊ ျမန္မာမိသားစုအစရွိတဲ့ ျမန္မာႏိုင္ငံရဲ႕အေၾကာင္းအရာအားလံုးကို တစ္စုတစ္စည္းတည္းေတြ႔ျမင္ႏိုင္ေအာင္ ပံုေဖာ္ရိုက္ကူးထားတဲ့ ဇာတ္ကားေကာင္း တစ္ကားလည္းျဖစ္ပါတယ္။

Mudras Calling

ဒီဇာတ္ကားထဲမွာဆိုရင္ေတာ့ အေမရိကန္ႏုိင္ငံကို အသက္ႏွစ္ႏွစ္အရြယ္မွာပဲ ေမြးစားမိဘေတြနဲ႔အတူလုိက္သြားခဲ့ရတဲ့ ကေလးငယ္ေလးတစ္ဦး၊ အရြယ္ေရာက္လို႔ ကိုယ္ေမြးဖြားရာဇာတိေျမျဖစ္တဲ့ ျမန္မာႏိုင္ငံကို မိဘအရင္းေတြျပန္ရွာဖို႔ ေရာက္လာတဲ့အခ်ိန္မွာ ခရီးသြားလုပ္ငန္းတစ္ခုကိုတည္ေထာင္ထားတဲ့ ယဥ္ေက်းမႈတကၠသိုလ္မွ ေက်ာင္းဆင္းတစ္ဦးျဖစ္တဲ့ ျမန္မာမေလးတစ္ဦးနဲ႔ေတြ႔ဆံုတဲ့ ဇာတ္လမ္းကို ရိုက္ကူးပံုေဖာ္ထားတာျဖစ္ပါတယ္။ ဒီရုပ္ရွင္ဇာတ္ကားႀကီးဟာဆိုရင္ ႏိုင္ငံေပါင္း(၈)ႏိုင္ငံရဲ႕ရုပ္ရွင္ပြဲေတာ္ေတြမွာ ျပသဖို႔ေရြးခ်ယ္ခံခဲ့ရၿပီး ဆုေတြလည္းရရွိခဲ့ကာ၊ ျမန္မာႏိုင္ငံမွာေတာ့ ရံုတင္ျပသတဲ့စနစ္အေျပာင္းအလဲေၾကာင့္ ျပသဖို႔ အခ်ိန္ၾကာျမင့္ခဲ့တာျဖစ္ပါတယ္။ “မုျဒာရဲ႕ေခၚသံ” ရုပ္ရွင္ဇာတ္ကားကို အားေပးၾကဖို႔ ပရိသတ္ႀကီးကေတာ့ အသင့္ျဖစ္ေနၿပီလို႔ထင္ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ပရိသတ်တွေစိတ်ဝင်စားမှုများပြားနေတဲ့ “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားပြသတော့မယ်

လူငယ်ဒါရိုက်တာခရစ်စတီးနာခီရဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့ “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့်မတ်လ ၁၆ ရက်နေ့မှစတင်ကာ မြန်မာတစ်နိုင်ငံလုံးမှာရှိ JCGV ရုပ်ရှင်ရုံများမှာ ပြသသွား မှာဖြစ်တယ်လို့ သိရပါတယ်။ “မုဒြာရဲ့ခေါ်သံ” ရုပ်ဇာတ်ကားကြီးဟာဆိုရင် ဒါရိုက်တခရစ်တီးနားခီရဲ့ ပထမဦးဆုံးပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး၊ လတ်တလောမှာ သူမရိုက်ကူးထားတဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးကလည်း အခုချိန်ထိကို အောင်မြင်မှုရရှိနေတာဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာဆိုရင်တော့ မျက်နှာသစ်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ဇဏ်ခီ၊ လှယဉ်ကျေးတို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာဓလေ့ထုံးတမ်းစဉ်လာ၊ မြန်မာ့ရှုခင်း၊ မြန်မာမိသားစုအစရှိတဲ့ မြန်မာနိုင်ငံရဲ့အကြောင်းအရာအားလုံးကို တစ်စုတစ်စည်းတည်းတွေ့မြင်နိုင်အောင် ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်။

Mudras Calling

ဒီဇာတ်ကားထဲမှာဆိုရင်တော့ အမေရိကန်နိုင်ငံကို အသက်နှစ်နှစ်အရွယ်မှာပဲ မွေးစားမိဘတွေနဲ့အတူလိုက်သွားခဲ့ရတဲ့ ကလေးငယ်လေးတစ်ဦး၊ အရွယ်ရောက်လို့ ကိုယ်မွေးဖွားရာဇာတိမြေဖြစ်တဲ့ မြန်မာနိုင်ငံကို မိဘအရင်းတွေပြန်ရှာဖို့ ရောက်လာတဲ့အချိန်မှာ ခရီးသွားလုပ်ငန်းတစ်ခုကိုတည်ထောင်ထားတဲ့ ယဉ်ကျေးမှုတက္ကသိုလ်မှ ကျောင်းဆင်းတစ်ဦးဖြစ်တဲ့ မြန်မာမလေးတစ်ဦးနဲ့တွေ့ဆုံတဲ့ ဇာတ်လမ်းကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် နိုင်ငံပေါင်း(၈)နိုင်ငံရဲ့ရုပ်ရှင်ပွဲတော်တွေမှာ ပြသဖို့ရွေးချယ်ခံခဲ့ရပြီး ဆုတွေလည်းရရှိခဲ့ကာ၊ မြန်မာနိုင်ငံမှာတော့ ရုံတင်ပြသတဲ့စနစ်အပြောင်းအလဲကြောင့် ပြသဖို့ အချိန်ကြာမြင့်ခဲ့တာဖြစ်ပါတယ်။ “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကို အားပေးကြဖို့ ပရိသတ်ကြီးကတော့ အသင့်ဖြစ်နေပြီလို့ထင်ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။